မိုးလေဝသ

မြန်မာသင်္ဘောသားတွေ သတိထားရမယ့် တောင်ပင်လယ်ထဲက မုန်တိုင်း (မိုးလေဝသပညာရှင် မစုစုစံ)

Written by Aung Lay







——–

မြန်မာသင်္ဘောသားတွေ သတိထားရမယ့် တောင်ပင်လယ်ထဲက မုန်တိုင်း (မိုးလေဝသပညာရှင်မလေး စုစုစံ)

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ TD 99W လေဝဲသည် ပိုမိုအားကောင်းလာနေပါတယ်။

နောက် ၂၄ နာရီအတွင်း TS မုန်တိုင်းအဆင့်ကို ရောက်ရှိလာပါမယ်။ အရှေ့အာရှသင်္ဘောသားများ အနေနဲ့ ဖော်ပြထားတဲ့ မုန်တိုင်းလမ်းကြောင်းတင် မဟုတ်ပဲ မုန်တိုင်းရဲ့ မြောက်ဖက် တောင်တရုတ်ပင်လယ်ပြင် အလယ်ပိုင်း အရှေ့မြောက်ပိုင်း ထိုင်ဝမ်ကျွန်းအထိနှင့် ဗိယက်နမ်အရှေ့ဖက် ပင်လယ်ပိုင်းတွေမှာပါ ရေလှိုင်းအမြင့် ၁၅ ပေ မှ ၂၀ ပေ အထိ ရှိနိုင်ပြီး တောင်တရုတ်ပင်လယ်ပြင် တစ်ခုလုံးနီးပါး တစ်နာရီ ၃၅ မိုင်မှ ၅၅ မိုင်အထိ လေထန်နိုင်ပါတယ်။

၂၃ ရက်နေ့ ဗီယက်နမ် တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေ လေထန်မိုးကြီးမှာ ဖြစ်လို့ ဗီယက်နမ် ကမ်းနီးကမ်းဝေး အန္တရာယ်ရှိပါတယ်။ ၂၄ ရက်နေ့ ထိုင်းပင်လယ်ကွေ့အတွင်း အန္တရာယ်ရှိပါတယ်။

မြန်မာ့သင်္ဘောသားတွေအတွက် တင်ပေးတာဖြစ်ပြီး ၎င်းမုန်တိုင်းသည် မြန်မာသက်ရောက်နိုင်ခြင်းမရှိပါဘူး။

20/12/2020 at 10:31am (MMT) Su Su San

About the author

Aung Lay

Leave a Comment