ၾကားသိရသမ်ွ

ဗစ်တိုးရီးယား အမှု တစ်ဖန်ပြန် အသက်ဝင်လာတော့မှာလား

Written by Aung Lay

ေနျပည္ေ တာင္တြင္ ျဖစ္ပြားခဲ့ေသာ ဗစ္တိုးရီးယား အမႈကိစၥ၌ ရဲတပ္ဖြဲ႕က ျပစ္မႈက်ဴးလြန္သူမွာ ကိုေအာင္ႀကီးျဖစ္ေၾကာင္း စြပ္စြဲခံေသာ္လည္း တရား႐ုံးမွ ျပစ္မႈမထင္ရွားသည့္ အတြက္ ျပန္လည္လြတ္ေျမာက္လာေသာ ကိုေအာင္ႀကီး နစ္နာမႈကို ကုစားသည့္အေနျဖင့္ တရားမေၾကာင္းအရ ရဲတပ္ဖြဲ႕ကို တရားစြဲဆိုသြားမည္ျဖစ္ ေၾကာင္း ကိုေအာင္ႀကီးေရွ႕ေန ဦးခင္ေမာင္ေဇာ္ကေျပာဆိုသည္။

ကြၽန္ေ တာ္တို႔က ကိုေအာင္ႀကီးကို စြဲခ်က္က လႊတ္တယ္ဆိုကတည္းက ကြၽန္ေတာ္တို႔ေျပာခဲ့ပါတယ္။ ကိုေအာင္ႀကီးနစ္နာမႈအတြက္ ကြၽန္ေတာ္တို႔အတြက္ ကြၽန္ေတာ္တို႔က တရားမေၾကာင္းအရ ကြၽန္ေတာ္တို႔က ကိုေအာင္ႀကီး နစ္နာမႈအတြက္ ကုစားမႈ ရသမွ်နည္းနဲ႔ ကုစားမႈလုပ္မယ္ဆိုတာ အဲဒီေျပာထားတဲ့စကားကို ကြၽန္ ေတာ္တို႔က အတည္အျဖစ္လုပ္တာပါပဲ” ဟု ၎ကေျပာဆိုသည္။

ထိုသို႔ တရားစြဲဆိုမႈျပဳလုပ္ရာတြင္ ဗစ္တိုးရီးယားအမႈကို စစ္ေဆးခဲ့သည့္ ေနျပည္ေတာ္ရွိ ဒကၡိဏခ႐ိုင္တရား ႐ုံးတြင္ တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။ “ ကြၽန္ေတာ္တို႔က တရားမစြဲခင္ႀကိဳၿပီးေတာ့ လုပ္ရမွာေတြရွိေသးတယ္။ ကြၽန္ေတာ္တို႔က ဇြန္လ ပထမပတ္ထဲမွာလုပ္မွာပဲ ကြၽန္ေတာ္တို႔က Notice ေပးမယ္။ ဒီအမႈမ်ိဳးက တရားမက်င့္ထုံးအရ အစိုးရဌာနတို႔ ဘာတို႔ကို တရားမေၾကာင္းစြဲရင္ ဘယ္သူ႔ဆီမွ ခြင့္ေတာင္းစရာမလိုဘူး။ သို႔ေသာ္ တစ္လႀကိဳတင္ၿပီးေတာ့ အ ေၾကာင္းၾကားရမယ္။

စြဲမယ့္ဌာနကို ကြၽန္ေတာ္တို႔က Notice ေပးၿပီးေတာ့ ဘာမွမတုံ႔ျပန္ရင္ ကြၽန္ေတာ္တို႔ သတ္မွတ္ထားတဲ့အခ်ိန္ျပည့္သြားတဲ့အခါ တရား႐ုံးမွာ တိုက္႐ိုက္တရားစြဲေတာ့မွေပါ့။ တရား႐ုံးကို တရားမ မႈ အေနနဲ႔ တရား႐ုံးကို တိုက္႐ိုက္ေလ်ာက္ၿပီး တရားစြဲတာေပါ့။ ရဲတပ္ဖြဲ႕ကိုစြဲမွာ ဘယ္သူေတြလဲဆိုတာက ေတာ့ တရားစြဲရင္သိရပါလိမ့္မယ္ ” ဟု ဦးခင္ေမာင္ေဇာ္ကေျပာဆိုသည္။

ရဲတပ္ဖြဲ႕က ကိုေအာင္ႀကီးကို ဗစ္တိုးရီးယားအမႈ က်ဴးလြန္သည္သူဟု စြပ္စြဲခံေသာ္လည္း သက္ေသ ၂ဝ ခန႔္စစ္ေဆးၿပီးခ်ိန္တြင္ က်ဴးလြန္သူျဖစ္ေၾကာင္း သက္ေသမျပႏိုင္သည့္အတြက္ ၁၃ႀကိမ္ေျမာက္႐ုံးခ်ိန္တြင္ တရားရွင္လႊတ္ေပးရန္ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္သၫ္။ အဆိုပါ ဗစ္တိုးရီးယားအမႈ ကိစၥႏွင့္ ပတ္သက္ၿပီး တရားခံအမွန္မေပၚေပါက္သည့္အတြက္

ရဲစည္းကမ္းကမ္း လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဌာနတြင္းအေရးယူမႈမ်ားျပဳလုပ္ထားေၾကာင္း ႏိုင္ငံေတာ္ သမၼတ႐ုံးေျပာေရး ဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက သမၼတ႐ုံးသတင္းစာရွင္းလင္းပြဲတြင္ေျပာဆိုထားေသာ္လည္း မည္သည့္ရာထူးအ ဆင့္ရွိသူမ်ားႏွင့္မည္သူကိုအေရးယူထားေၾကာင္းကို ေျပာဆိုျခင္းမရွိေပ။

ဒုရဲခ်ဳပ္ ေအာင္ႏိုင္သူသည္ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ အတြင္းက ျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲတြင္ ဗစ္တိုးရီးယားအမႈ က်ဴးလြန္သူမွာ ကိုေအာင္ႀကီးျဖစ္ၿပီး ကေလးငယ္တြင္ ကိုေအာင္ႀကီး၏ သုတ္ပိုးေတြ႕ရွိေၾကာင္း၊ အမႈစစ္ေဆးရာတြင္ အဓိကသက္ေသျဖစ္သည့္ ဆရာမႏွင္းႏုသည္ သက္ရွိသက္ေသျဖစ္သည့္အ တြက္ သူေျပာခ်င္မွေျပာလိမ့္မည္ျဖစ္ေၾကာင္း၊ ျပည္သူအမ်ားက ျပစ္မႈက်ဴးလြန္သူဟု ထင္ျမင္ယူဆသူမ်ားသည္ အမႈႏွင့္မသက္ဆိုင္ေၾကာင္းေစသာ လူထု ေဝဖန္မႈမ်ားေသာ အခ်က္မ်ားကိုေျပာဆိုခဲ့သူလည္းျဖစ္ သည္။

Unicode

နေပြည်ေ တာင်တွင် ဖြစ်ပွားခဲ့သော ဗစ်တိုးရီးယား အမှုကိစ္စ၌ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူမှာ ကိုအောင်ကြီးဖြစ်ကြောင်း စွပ်စွဲခံသော်လည်း တရားရုံးမှ ပြစ်မှုမထင်ရှားသည့် အတွက် ပြန်လည်လွတ်မြောက်လာသော ကိုအောင်ကြီး နစ်နာမှုကို ကုစားသည့်အနေဖြင့် တရားမကြောင်းအရ ရဲတပ်ဖွဲ့ကို တရားစွဲဆိုသွားမည်ဖြစ် ကြောင်း ကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်ကပြောဆိုသည်။

ကျွန်ေ တာ်တို့က ကိုအောင်ကြီးကို စွဲချက်က လွှတ်တယ်ဆိုကတည်းက ကျွန်တော်တို့ပြောခဲ့ပါတယ်။ ကိုအောင်ကြီးနစ်နာမှုအတွက် ကျွန်တော်တို့အတွက် ကျွန်တော်တို့က တရားမကြောင်းအရ ကျွန်တော်တို့က ကိုအောင်ကြီး နစ်နာမှုအတွက် ကုစားမှု ရသမျှနည်းနဲ့ ကုစားမှုလုပ်မယ်ဆိုတာ အဲဒီပြောထားတဲ့စကားကို ကျွန် တော်တို့က အတည်အဖြစ်လုပ်တာပါပဲ” ဟု ၎င်းကပြောဆိုသည်။

ထိုသို့ တရားစွဲဆိုမှုပြုလုပ်ရာတွင် ဗစ်တိုးရီးယားအမှုကို စစ်ဆေးခဲ့သည့် နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရား ရုံးတွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ “ ကျွန်တော်တို့က တရားမစွဲခင်ကြိုပြီးတော့ လုပ်ရမှာတွေရှိသေးတယ်။ ကျွန်တော်တို့က ဇွန်လ ပထမပတ်ထဲမှာလုပ်မှာပဲ ကျွန်တော်တို့က Notice ပေးမယ်။ ဒီအမှုမျိုးက တရားမကျင့်ထုံးအရ အစိုးရဌာနတို့ ဘာတို့ကို တရားမကြောင်းစွဲရင် ဘယ်သူ့ဆီမှ ခွင့်တောင်းစရာမလိုဘူး။ သို့သော် တစ်လကြိုတင်ပြီးတော့ အ ကြောင်းကြားရမယ်။

စွဲမယ့်ဌာနကို ကျွန်တော်တို့က Notice ပေးပြီးတော့ ဘာမှမတုံ့ပြန်ရင် ကျွန်တော်တို့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားတဲ့အခါ တရားရုံးမှာ တိုက်ရိုက်တရားစွဲတော့မှပေါ့။ တရားရုံးကို တရားမ မှု အနေနဲ့ တရားရုံးကို တိုက်ရိုက်လျောက်ပြီး တရားစွဲတာပေါ့။ ရဲတပ်ဖွဲ့ကိုစွဲမှာ ဘယ်သူတွေလဲဆိုတာက တော့ တရားစွဲရင်သိရပါလိမ့်မယ် ” ဟု ဦးခင်မောင်ဇော်ကပြောဆိုသည်။

ရဲတပ်ဖွဲ့က ကိုအောင်ကြီးကို ဗစ်တိုးရီးယားအမှု ကျူးလွန်သည်သူဟု စွပ်စွဲခံသော်လည်း သက်သေ ၂ဝ ခန့်စစ်ဆေးပြီးချိန်တွင် ကျူးလွန်သူဖြစ်ကြောင်း သက်သေမပြနိုင်သည့်အတွက် ၁၃ကြိမ်မြောက်ရုံးချိန်တွင် တရားရှင်လွှတ်ပေးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗစ်တိုးရီးယားအမှု ကိစ္စနှင့် ပတ်သက်ပြီး တရားခံအမှန်မပေါ်ပေါက်သည့်အတွက်

ရဲစည်းကမ်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဌာနတွင်းအရေးယူမှုများပြုလုပ်ထားကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုထားသော်လည်း မည်သည့်ရာထူးအ ဆင့်ရှိသူများနှင့်မည်သူကိုအရေးယူထားကြောင်းကို ပြောဆိုခြင်းမရှိပေ။

ဒုရဲချုပ် အောင်နိုင်သူသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ အတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယားအမှု ကျူးလွန်သူမှာ ကိုအောင်ကြီးဖြစ်ပြီး ကလေးငယ်တွင် ကိုအောင်ကြီး၏ သုတ်ပိုးတွေ့ရှိကြောင်း၊ အမှုစစ်ဆေးရာတွင် အဓိကသက်သေဖြစ်သည့် ဆရာမနှင်းနုသည် သက်ရှိသက်သေဖြစ်သည့်အ တွက် သူပြောချင်မှပြောလိမ့်မည်ဖြစ်ကြောင်း၊ ပြည်သူအများက ပြစ်မှုကျူးလွန်သူဟု ထင်မြင်ယူဆသူများသည် အမှုနှင့်မသက်ဆိုင်ကြောင်းစေသာ လူထု ဝေဖန်မှုများသော အချက်များကိုပြောဆိုခဲ့သူလည်းဖြစ် သည်။

About the author

Aung Lay

Leave a Comment