News

တနင်္ဂနွေနေ့က လှုပ်ခဲ့တဲ့ ၅.၄ အဆင့်ရှိတဲ့ ငလျင်က စစ်ကိုင်းပြတ်ရွေ့ကြော ငလျင်ကြီးရဲ့ အစလား?

Written by Aung Lay

တနဂၤေႏြေန႔က လႈပ္ခတ္ခဲ့တဲ့ အင္အား ၅.၄ အဆင့္ ငလ်င္ဟာ ေဇာက္နက္တဲ့အတြက္ အိႏၵိယဘက္မွ ေက်ာက္ခ်ပ္ႀကီးရဲ႕ ထိုးစိုက္ဆင္းဇုံထဲမွာ ပါဝင္ေနတာကို ေလ့လာမိပါတယ္။

၎ထိုးစိုက္ဆင္းဇုန္ရဲ႕ သက္ေရာက္မႈေၾကာင့္ ေနာက္ဆက္တြဲ ငလ်င္ငယ္မ်ား လႈပ္ခတ္လွ်က္ရွိၿပီး စစ္ကိုင္းငလ်င္ေၾကာ အခ်ိန္မေ႐ြး လႈပ္ခတ္ႏိုင္မဲ့ အေျခအေန ျဖစ္ေနပါတယ္။

နကၡတ္ေဗဒနည္းအရလည္း ငလ်င္ႀကီးလႈပ္ႏိုင္တဲ့ အေျခအေနေတြ ျဖစ္ေပၚေနပါတယ္။ မိမိတို႔ေဒသေတြမွာ ညအပူခ်ိန္ သိသိသာသာ တိုးလာတာမ်ိဳးတို႔ တိရိစာၦန္ေလးေတြရဲ႕ ထူးျခားတဲ့ လႈပ္ရွားမႈးမ်ိဳးမ်ား ေတြ႕ရွိရင္ေသာ္ လည္းေကာင္း၊ ထူးျခားေသာတိမ္တိုက္မ်ား ကိုေတြ႕လ်င္ေသာ္ လည္းေကာင္း၊ အဝီစိေရတြင္းမ်ား အခ်ိန္အခါမဟုတ္ပဲ ႐ုတ္တရက္ ေနရာေတာ္ေတာ္မ်ားမ်ား ေရျပတ္ေတာက္ျခင္း ေရခ်ဴ၍ ေရတင္ရျခင္းမ်ားရွိပါကလည္း အထူးသတိျပဳၾကပါရန္ သတိေပးအပ္ပါသည္။ (Nan Yu)

ျမန္မာႏိုင္ငံက စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာႀကီးကို စတင္ေတြ႕ရွိခဲ့သူက ေဒါက္တာဝင္းေဆြျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံ စတန္းဖို႔ဒ္တကၠသိုလ္မွ ဘူမိေဗဒဘာသာရပ္ျဖင့္ ေဒါက္တာဘြဲ႕ယူခဲ့ေသာ ဘူမိေဗဒပညာရွင္ႏွင့္ ေျမငလ်င္ပညာရွင္ ျဖစ္ပါတယ္။

တကၠသိုလ္တြင္ ဆရာလုပ္ရင္း ၁၉၆၉ ခုႏွစ္တြင္ စစ္ကိုင္းၿမိဳ႕အနီးရွိ ျပတ္ေ႐ြ႕တစ္ခုအား စတင္ သုေတသနျပဳပါတယ္။ ျပတ္ေ႐ြ႕အေသးတစ္ခုဟုသာ ထင္ခဲ့ေသာ္လည္း အခ်ိန္မ်ားစြာယူ၍ ကြင္းဆင္းသုေတသနျပဳရင္းမွ ျမန္မာႏိုင္ငံ ေျမပုံအလယ္တည့္တည့္မွ ျဖတ္သြားကာ ကီလိုမီတာ ၁၀၀၀ ခန႔္ရွည္ေသာ ဧရာမ သက္ရွိျပတ္ေ႐ြ႕တစ္ခုျဖစ္မွန္း ေတြ႕ရွိခဲ့ျခင္း ျဖစ္ပါတယ္။

ႏိုင္ငံ၏ ပထဝီအေနအထားမွာ စစ္ကိုင္းငလ်င္ေၾကာေပၚ ငုတ္တုတ္ထိုင္ေန႐ုံမွ်မက အျခား ေျမငလ်င္ေၾကာမ်ားလည္း ရွိေနေသးတယ္။ ေက်ာက္ၾကမ္းျပတ္ေ႐ြ႕ေၾကာ၊ ကေဘာ္ျပတ္ေ႐ြ႕ေၾကာ၊ ေ႐ႊႀတိဂံျပတ္ေ႐ြ႕၊ ေဒးဒရဲျပတ္ေ႐ြ႕ စသျဖင့္ ရွိေနပါေသးတယ္။ မိုးေကာင္း၊ မိုးညႇင္း၊ စစ္ကိုင္း၊ အင္းဝ၊ ေပ်ာ္ဘြယ္၊ မိတၳီလာ၊ ဝမ္းတြင္း၊ ျမစ္သား၊ ေနျပည္ေတာ္၊ ေတာင္ငူ၊ ပဲခူး၊ သုံးခြစေသာ ၿမိဳ႕မ်ားေအာက္တြင္ စစ္ကိုင္းငလ်င္ေၾကာ တည္ရွိပါတယ္။

စစ္ကိုင္းျပတ္ေ႐ြ႕ဟာ အလ်ားလိုက္ျပတ္ေ႐ြ႕ျဖစ္ၿပီး တစ္ႏွစ္ကို ၁၈.၅ မီလီမီတာခန႔္ ေ႐ြ႕ေနတယ္လို႔ ဆိုပါတယ္။ ျမစ္ႀကီးနားနယ္မွစၿပီး စစ္ကိုင္း ဂန႔္ေဂါေတာင္တန္း၏ အေနာက္ဘက္ျခမ္း ပဲခူး႐ိုမ အေရွ႕ျခမ္းကို ျဖတ္၍ မုတၱမပင္လယ္ဝထိ ရွည္ပါတယ္။

Thiri Shwe Sin

———

တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အား ၅.၄ အဆင့် ငလျင်ဟာ ဇောက်နက်တဲ့အတွက် အိန္ဒိယဘက်မှ ကျောက်ချပ်ကြီးရဲ့ ထိုးစိုက်ဆင်းဇုံထဲမှာ ပါဝင်နေတာကို လေ့လာမိပါတယ်။

၎င်းထိုးစိုက်ဆင်းဇုန်ရဲ့ သက်ရောက်မှုကြောင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်လျှက်ရှိပြီး စစ်ကိုင်းငလျင်ကြော အချိန်မရွေး လှုပ်ခတ်နိုင်မဲ့ အခြေအနေ ဖြစ်နေပါတယ်။

နက္ခတ်ဗေဒနည်းအရလည်း ငလျင်ကြီးလှုပ်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။ မိမိတို့ဒေသတွေမှာ ညအပူချိန် သိသိသာသာ တိုးလာတာမျိုးတို့ တိရိစ္ဆာန်လေးတွေရဲ့ ထူးခြားတဲ့ လှုပ်ရှားမှုးမျိုးများ တွေ့ရှိရင်သော် လည်းကောင်း၊ ထူးခြားသောတိမ်တိုက်များ ကိုတွေ့လျင်သော် လည်းကောင်း၊ အဝီစိရေတွင်းများ အချိန်အခါမဟုတ်ပဲ ရုတ်တရက် နေရာတော်တော်များများ ရေပြတ်တောက်ခြင်း ရေချူ၍ ရေတင်ရခြင်းများရှိပါကလည်း အထူးသတိပြုကြပါရန် သတိပေးအပ်ပါသည်။ (Nan Yu)

မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့ကြောကြီးကို စတင်တွေ့ရှိခဲ့သူက ဒေါက်တာဝင်းဆွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ စတန်းဖို့ဒ်တက္ကသိုလ်မှ ဘူမိဗေဒဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ယူခဲ့သော ဘူမိဗေဒပညာရှင်နှင့် မြေငလျင်ပညာရှင် ဖြစ်ပါတယ်။

တက္ကသိုလ်တွင် ဆရာလုပ်ရင်း ၁၉၆၉ ခုနှစ်တွင် စစ်ကိုင်းမြို့အနီးရှိ ပြတ်ရွေ့တစ်ခုအား စတင် သုတေသနပြုပါတယ်။ ပြတ်ရွေ့အသေးတစ်ခုဟုသာ ထင်ခဲ့သော်လည်း အချိန်များစွာယူ၍ ကွင်းဆင်းသုတေသနပြုရင်းမှ မြန်မာနိုင်ငံ မြေပုံအလယ်တည့်တည့်မှ ဖြတ်သွားကာ ကီလိုမီတာ ၁၀၀၀ ခန့်ရှည်သော ဧရာမ သက်ရှိပြတ်ရွေ့တစ်ခုဖြစ်မှန်း တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

နိုင်ငံ၏ ပထဝီအနေအထားမှာ စစ်ကိုင်းငလျင်ကြောပေါ် ငုတ်တုတ်ထိုင်နေရုံမျှမက အခြား မြေငလျင်ကြောများလည်း ရှိနေသေးတယ်။ ကျောက်ကြမ်းပြတ်ရွေ့ကြော၊ ကဘော်ပြတ်ရွေ့ကြော၊ ရွှေတြိဂံပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့ စသဖြင့် ရှိနေပါသေးတယ်။ မိုးကောင်း၊ မိုးညှင်း၊ စစ်ကိုင်း၊ အင်းဝ၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မြစ်သား၊ နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊ သုံးခွစသော မြို့များအောက်တွင် စစ်ကိုင်းငလျင်ကြော တည်ရှိပါတယ်။

စစ်ကိုင်းပြတ်ရွေ့ဟာ အလျားလိုက်ပြတ်ရွေ့ဖြစ်ပြီး တစ်နှစ်ကို ၁၈.၅ မီလီမီတာခန့် ရွေ့နေတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနားနယ်မှစပြီး စစ်ကိုင်း ဂန့်ဂေါတောင်တန်း၏ အနောက်ဘက်ခြမ်း ပဲခူးရိုမ အရှေ့ခြမ်းကို ဖြတ်၍ မုတ္တမပင်လယ်ဝထိ ရှည်ပါတယ်။

Thiri Shwe Sin

About the author

Aung Lay

Leave a Comment