မင္းသားေခ်ာ ခန႔္စည္သူကေတာ့ ေအာင္ျမင္တဲ့ အႏုပညာလမ္းမေပၚမွာ ေလွ်ာက္လွမ္းေနသလို အလႉအတန္းေတြကိုလည္း အခ်ိန္ေပးလုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ခန႔္စည္သူက လက္ရွိမွာ ရႈတင္ေတြမရွိၾကခ်ိန္မွာ ခက္ခဲၾကပ္တည္းေနၾကတဲ့ အႏုပညာသမားေတြကို သူတတ္ႏိုင္သေလာက္ ကူညီေထာက္ပံ့ လႉဒါန္းေပးေနတာပဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ခန႔္စည္သူက ကိုလူေခ်ာအဖြဲ႕ကို ေငြသားနဲ႔ စားေသာက္ရိကၡာေတြ ကူညီလႉဒါန္းခဲ့တဲ့အေၾကာင္း ေျပာျပထားပါတယ္။
“ဓါတ္ရွင္ထဲမွလူၾကမ္းမင္းသားမ်ား(ကိုလူေခ်ာမ်ား) တနည္းအားျဖင့္ ကြၽန္ေတာ္တို႔ရဲ႕ သင္ဆရာ၊ျမင္ဆရာမ်ားအား ဆန္၊ဆီ၊ဆား၊ပဲ၊င႐ုပ္၊ၾကက္သြန္၊အာလူး၊ၾကာဆံ၊ေခါက္ဆြဲေျခာက္ထုတ္၊ၾကက္ဥ၊ငါးပိေၾကာ္၊လက္သန႔္ေဆးရည္မ်ား၊Mask မ်ား ၊ရခိုင္မုန႔္တီ အေကြၽးအေမြး ႏွင့္ အလႉေငြမ်ားကို ေက်းဇူးေတာ္ရွင္အလိုေတာ္ျပည့္ဆရာေတာ္ႀကီးအားဦးထိပ္ထားလွ်က္ မိမိတို႔ႏိုင္သေလာက္ စုေပါင္း၍ လႉဒါန္းခဲ့ၾကပါတယ္။ေက်းဇူးရွင္ ကိုလူေခ်ာမ်ား အထိုက္အေလွ်ာက္ အပူၿငိမ္းေအး၊ ေသာကမ်ား ကင္းေဝးၾကပါေစခင္ဗ်ာ။” ဆိုၿပီး ခန႔္စည္သူက ဆုေတာင္းေပးထားပါတယ္။
ခန႔္စည္သူကေတာ့ ကိုဗစ္ကာလ အခက္အခဲျဖစ္ေနမယ့္ ေနရာတိုင္းကို လႉဒါန္း ကုသိုလ္ယူေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခန႔္စည္သူရဲ႕ အလႉေလးအတြက္ ဝမ္းေျမာက္စြာ သာဓုေခၚေပးၾကပါဦးေနာ္။
Source: Kyaw Soe Win’s fb , CRd – Cele Connections
Unicode
မင်းသားချော ခန့်စည်သူကတော့ အောင်မြင်တဲ့ အနုပညာလမ်းမပေါ်မှာ လျှောက်လှမ်းနေသလို အလှူအတန်းတွေကိုလည်း အချိန်ပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ခန့်စည်သူက လက်ရှိမှာ ရှုတင်တွေမရှိကြချိန်မှာ ခက်ခဲကြပ်တည်းနေကြတဲ့ အနုပညာသမားတွေကို သူတတ်နိုင်သလောက် ကူညီထောက်ပံ့ လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ခန့်စည်သူက ကိုလူချောအဖွဲ့ကို ငွေသားနဲ့ စားသောက်ရိက္ခာတွေ ကူညီလှူဒါန်းခဲ့တဲ့အကြောင်း ပြောပြထားပါတယ်။
“ဓါတ်ရှင်ထဲမှလူကြမ်းမင်းသားများ(ကိုလူချောများ) တနည်းအားဖြင့် ကျွန်တော်တို့ရဲ့ သင်ဆရာ၊မြင်ဆရာများအား ဆန်၊ဆီ၊ဆား၊ပဲ၊ငရုပ်၊ကြက်သွန်၊အာလူး၊ကြာဆံ၊ခေါက်ဆွဲခြောက်ထုတ်၊ကြက်ဥ၊ငါးပိကြော်၊လက်သန့်ဆေးရည်များ၊Mask များ ၊ရခိုင်မုန့်တီ အကျွေးအမွေး နှင့် အလှူငွေများကို ကျေးဇူးတော်ရှင်အလိုတော်ပြည့်ဆရာတော်ကြီးအားဦးထိပ်ထားလျှက် မိမိတို့နိုင်သလောက် စုပေါင်း၍ လှူဒါန်းခဲ့ကြပါတယ်။ကျေးဇူးရှင် ကိုလူချောများ အထိုက်အလျှောက် အပူငြိမ်းအေး၊ သောကများ ကင်းဝေးကြပါစေခင်ဗျာ။” ဆိုပြီး ခန့်စည်သူက ဆုတောင်းပေးထားပါတယ်။
ခန့်စည်သူကတော့ ကိုဗစ်ကာလ အခက်အခဲဖြစ်နေမယ့် နေရာတိုင်းကို လှူဒါန်း ကုသိုလ်ယူနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခန့်စည်သူရဲ့ အလှူလေးအတွက် ဝမ်းမြောက်စွာ သာဓုခေါ်ပေးကြပါဦးနော်။
Source: Kyaw Soe Win’s fb , CRd – Cele Connections