Uncategorized

ကျိုက်ထီးရိုးစေတီတော်ကြီးအား ခြေလျင်တက်ရောက် ဖူးမြော်ခွင့်ကို ပိတ်လိုက်ပြီ

Written by Aung Lay

က်ိဳက္ထီးရိုးေစတီေတာ္ႀကီးအား ေျခလ်င္တက္ေရာက္ ဖူးေျမာ္ခြင့္ကို ပိတ္လိုက္ၿပီ

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္ရွိ က်ိဳက္ထီးရိုးဆံေတာ္ရွင္ ေစတီေတာ္ျမတ္ႀကီးအား ကိုဗစ္ေရာဂါျဖစ္ပြားေနသည့္ကာလတြင္ ေမာ္ေတာ္ယာဥ္လိုင္းပိတ္ထားကာ ေမာ္ေတာ္ယာဥ္ျဖင့္ တက္ေရာက္ခြင့္မျပဳခဲ့ဘဲ ေတာင္တက္ေျခလ်င္ ကုန္းေၾကာင္းလမ္းမွ တက္ေရာက္ဖူးေျမာ္ခြင့္ကို ခြင့္ျပဳထားခဲ့ရာမွ ယေန႔ နံနက္မွစ၍ တက္ေရာက္ဖူးေျမႇာ္ခြင့္ကို ေခတၱ(ယာယီ)ပိတ္ထားလိုက္ေၾကာင္း က်ိဳက္ထီးရိုးေစတီေတာ္ေဂါပက႐ုံးမွ သိရပါတယ္။

“ဟိုတုန္းက ၿမိဳ႕သူၿမိဳ႕သားေတြ ဘုရားဖူးတက္ေနတာေတြ ရွိတယ္ေလ ၊ ကုန္းေၾကာင္းလမ္းက ၃ ေယာက္စ၊ ၄ လးေယာက္စ တက္ေနတာေတြရွိတယ္ ၊ ဒီေန႔ကစၿပီး ကုန္းေၾကာင္းလမ္းကိုလည္း ပိတ္လိုက္ပါၿပီ ၊ ဘယ္သူမွ ေပးမတက္ေတာ့ဘူး ၊ တာဝန္နဲ႔လာတဲ့သူေတြနဲ႔ စစ္ေဆးေရးေတြကလြဲလို႔ေပါ့ ၊

အခုရင္ျပင္ေတာ္ ျခေသၤ့ႏွစ္ေကာင္မွာ ဘာဂ်ာတံခါးေတြ လုပ္လိုက္ၿပီ ၊ ခရစၥမတ္တို႔ ၊ ႏွစ္ဆန္းရက္တို႔ ဆို ကၽြန္ေတာ္တို႔ၿမိဳ႕ေပၚကေရာ ၊ နီးစပ္တဲ့ ပတ္ဝန္က်င္ေတြကေရာ ၊လာလို႔ ရွိရင္ လူမ်ားမွာမို႔လို႔ေလ” ဟု က်ိဳက္ထီးရိုးေစတီေတာ္ ေဂါပကအဖြဲ႕ေခါင္းေဆာင္ ဦးစိုးလွိုင္ကေျပာပါတယ္။

ဆံေတာ္ရွင္က်ိဳက္ထီးရိုးေစတီေတာ္​ျမတ္ႀကီးသို႔ သီတင္းကၽြတ္လျပည့္ေန႔မွ စတင္ကာ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးမ်ား လာ​ေရာက္ဖူးေျမႇာ္ ၾကည္ညိဳၾကျခင္းျဖင့္ အလြန္စည္းကားလၽွက္ရွိၿပီး ကိုဗစ္ေၾကာင့္ က်ိဳက္ထီးရိုးဘုရားပြဲေတာ္ကို ၿပီးခဲ့သည့္ မတ္လ (၂၁)ရက္ မွစတင္ ပိတ္သိမ္းခဲ့ကာ ၊ ယခု ကုန္းေၾကာင္း ေတာင္တက္လမ္းကိုပါ ယာယီ​(ေခတၱ) ထပ္မံပိတ္ထားလိုက္ျခင္းျဖစ္ပါတယ္။

——–

ကျိုက်ထီးရိုးစေတီတော်ကြီးအား ခြေလျင်တက်ရောက် ဖူးမြော်ခွင့်ကို ပိတ်လိုက်ပြီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီးအား ကိုဗစ်ရောဂါဖြစ်ပွားနေသည့်ကာလတွင် မော်တော်ယာဉ်လိုင်းပိတ်ထားကာ မော်တော်ယာဉ်ဖြင့် တက်ရောက်ခွင့်မပြုခဲ့ဘဲ တောင်တက်ခြေလျင် ကုန်းကြောင်းလမ်းမှ တက်ရောက်ဖူးမြော်ခွင့်ကို ခွင့်ပြုထားခဲ့ရာမှ ယနေ့ နံနက်မှစ၍ တက်ရောက်ဖူးမြှော်ခွင့်ကို ခေတ္တ(ယာယီ)ပိတ်ထားလိုက်ကြောင်း ကျိုက်ထီးရိုးစေတီတော်ဂေါပကရုံးမှ သိရပါတယ်။

“ဟိုတုန်းက မြို့သူမြို့သားတွေ ဘုရားဖူးတက်နေတာတွေ ရှိတယ်လေ ၊ ကုန်းကြောင်းလမ်းက ၃ ယောက်စ၊ ၄ လးယောက်စ တက်နေတာတွေရှိတယ် ၊ ဒီနေ့ကစပြီး ကုန်းကြောင်းလမ်းကိုလည်း ပိတ်လိုက်ပါပြီ ၊ ဘယ်သူမှ ပေးမတက်တော့ဘူး ၊ တာဝန်နဲ့လာတဲ့သူတွေနဲ့ စစ်ဆေးရေးတွေကလွဲလို့ပေါ့ ၊

အခုရင်ပြင်တော် ခြင်္သေ့နှစ်ကောင်မှာ ဘာဂျာတံခါးတွေ လုပ်လိုက်ပြီ ၊ ခရစ္စမတ်တို့ ၊ နှစ်ဆန်းရက်တို့ ဆို ကျွန်တော်တို့မြို့ပေါ်ကရော ၊ နီးစပ်တဲ့ ပတ်ဝန်ကျင်တွေကရော ၊လာလို့ ရှိရင် လူများမှာမို့လို့လေ” ဟု ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှိုင်ကပြောပါတယ်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ သီတင်းကျွတ်လပြည့်နေ့မှ စတင်ကာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမြှော် ကြည်ညိုကြခြင်းဖြင့် အလွန်စည်းကားလျှက်ရှိပြီး ကိုဗစ်ကြောင့် ကျိုက်ထီးရိုးဘုရားပွဲတော်ကို ပြီးခဲ့သည့် မတ်လ (၂၁)ရက် မှစတင် ပိတ်သိမ်းခဲ့ကာ ၊ ယခု ကုန်းကြောင်း တောင်တက်လမ်းကိုပါ ယာယီ(ခေတ္တ) ထပ်မံပိတ်ထားလိုက်ခြင်းဖြစ်ပါတယ်။

About the author

Aung Lay

Leave a Comment