အစိုးရ က နိုင္ငံသားတစ္ဦးကို ေလးေသာင္း ေထာက္ပံ့မယ္ဆိုေတာ့ ဖဲဝိုင္း ဟာသေလး တစ္ခုသြားသတိရတယ္။
တစ္ ခါကေပါ့ အသုဘအိမ္ ဖဲဝိုင္းတစ္ခုမွာ ေကာင္ေလးတစ္ေယာက္ ဖဲရိုက္ေနတယ္။ ဘန္႔ကိုင္တာ ဒိုင္အလွည့္ဆိုေတာ့ ေကာင္ေလးက ဒိုင္ေပါ့။ အစပိုင္း ဖဲေကာင္းၿပီး အေတာ္စားထားရေတာ့ ထိုးသားေတြက လက္ႀကီးေနၿပီ။ တစ္လွည့္လဲ ျပန္ေလၽွာ္ရေရာ စားထားသမၽွ တစ္ခါတည္း ကုန္လုနီးပါး ျဖစ္သြားေရာ။
ရွုံးေနသူေတြက လိုက္ခ်င္တာေပါ့ ဒါေပမယ့္ ဒိုင္မွာက ပိုက္ဆံက သိပ္မရွိေတာ့ဘူး။ အဲ့ဒါနဲ႔ ထိုးဖို့ရာ တြန္႔ဆုတ္ေနၾကတယ္။အဲ့ဒီ့ အခ်ိန္မွာ လူႀကီးတစ္ေယာက္ ေပါက္ခ် လာၿပီး ေကာင္ေလးရဲ့ ေနာက္မွာ ဝင္ထိုင္ၿပီး ခုလိုေျပာခ်လိုက္တယ္. . . . “ကဲ ထိုးၾကစမ္းကြာ” ၿပီးေတာ့ ေကာင္ေလးရဲ့ ပုခုံးကို တစ္ခ်က္ပုတ္လိုက္ၿပီး “မပူနဲ႔ခ် ငါ့တူ ေနာက္မွာ ေလးေသာင္း ရွိတယ္”တဲ့ . . . . ဒီေတာ့ ထိုးသားေတြလဲ ဝုန္းၾကေတာ့တာေပါ့။
ျဖစ္ခ်င္ေတာ့ တစ္ဝိုင္းလုံး ေလၽွာ္ရပါေလေရာ။ ေလၽွာ္ဖို့က ပိုက္ဆံ မေလာက္ဘူး ေကာင္ေလး က ပိုက္ဆံေရရင္း ျပတ္ၿပီတဲ့။ အေလၽွာ္မရေသးတဲ့ သူေတြက ေကာင္ေလးေနာက္ကလူႀကီးကို ေမၽွာ္လင့္တႀကီး ၾကည့္ေနၾကတယ္။ ဘဲႀကီးက သူမဟုတ္သလို ခပ္တည္တည္ပဲ။
အဲ့မွာ မေက်မနပ္ ေဒါသ သံေတြ ထြက္လာပါေရာ “ေဟ့လူ ခင္ဗ်ားေျပာေတာ့ ေနာက္မွာ ေလးေသာင္း ရွိတယ္ဆို ထုတ္ေလ။” လူႀကီးက “ေအး ရွိတယ္ေလ ငါက ဘာကိုထုတ္ရမွာလဲ ” “ဟာ ဘာထုတ္ရမွာလဲ ပိုက္ဆံ ထုတ္ေပါ့ဗ် ေလၽွာ္ရမယ္ေလ ” “ေလးေသာင္း ရွိတယ္ဆိုတာနဲ႔ ေလၽွာ္ရမွာ ဘာဆိုင္လို့တုန္းဟ ” “ဟာ ဒီလူေတာ့ကြာ “ဆိုၿပီး နဲနဲ လွုပ္လွုပ္ရွားရွားျဖစ္သြားတယ္။
လူႀကီးလဲ ေဒါသ ျဖစ္သြားပုံရတယ္ ငါ့တူကို ငါအားေပးတာေလကြာ ေနာက္မွာ ေလးေသာင္းရွိတယ္လို႔ေျပာတာ ဘာျဖစ္လဲ။ အဲ့ဒီခ်ိန္မွာ သူ႔တူ ဝင္ေျပာလိုက္မွပဲ အားလုံး ရွင္းသြားေတာ့တယ္။
ေတာ္ပါေတာ့ဦးေလးေသာင္းရယ္ တဲ့
Unicode
အစိုးရ က နိုင်ငံသားတစ်ဦးကို လေးသောင်း ထောက်ပံ့မယ်ဆိုတော့ ဖဲဝိုင်း ဟာသလေး တစ်ခုသွားသတိရတယ်။
တစ် ခါကပေါ့ အသုဘအိမ် ဖဲဝိုင်းတစ်ခုမှာ ကောင်လေးတစ်ယောက် ဖဲရိုက်နေတယ်။ ဘန့်ကိုင်တာ ဒိုင်အလှည့်ဆိုတော့ ကောင်လေးက ဒိုင်ပေါ့။ အစပိုင်း ဖဲကောင်းပြီး အတော်စားထားရတော့ ထိုးသားတွေက လက်ကြီးနေပြီ။ တစ်လှည့်လဲ ပြန်လျှော်ရရော စားထားသမျှ တစ်ခါတည်း ကုန်လုနီးပါး ဖြစ်သွားရော။
ရှုံးနေသူတွေက လိုက်ချင်တာပေါ့ ဒါပေမယ့် ဒိုင်မှာက ပိုက်ဆံက သိပ်မရှိတော့ဘူး။ အဲ့ဒါနဲ့ ထိုးဖို့ရာ တွန့်ဆုတ်နေကြတယ်။အဲ့ဒီ့ အချိန်မှာ လူကြီးတစ်ယောက် ပေါက်ချ လာပြီး ကောင်လေးရဲ့ နောက်မှာ ဝင်ထိုင်ပြီး ခုလိုပြောချလိုက်တယ်. . . . “ကဲ ထိုးကြစမ်းကွာ” ပြီးတော့ ကောင်လေးရဲ့ ပုခုံးကို တစ်ချက်ပုတ်လိုက်ပြီး “မပူနဲ့ချ ငါ့တူ နောက်မှာ လေးသောင်း ရှိတယ်”တဲ့ . . . . ဒီတော့ ထိုးသားတွေလဲ ဝုန်းကြတော့တာပေါ့။
ဖြစ်ချင်တော့ တစ်ဝိုင်းလုံး လျှော်ရပါလေရော။ လျှော်ဖို့က ပိုက်ဆံ မလောက်ဘူး ကောင်လေး က ပိုက်ဆံရေရင်း ပြတ်ပြီတဲ့။ အလျှော်မရသေးတဲ့ သူတွေက ကောင်လေးနောက်ကလူကြီးကို မျှော်လင့်တကြီး ကြည့်နေကြတယ်။ ဘဲကြီးက သူမဟုတ်သလို ခပ်တည်တည်ပဲ။
အဲ့မှာ မကျေမနပ် ဒေါသ သံတွေ ထွက်လာပါရော “ဟေ့လူ ခင်ဗျားပြောတော့ နောက်မှာ လေးသောင်း ရှိတယ်ဆို ထုတ်လေ။” လူကြီးက “အေး ရှိတယ်လေ ငါက ဘာကိုထုတ်ရမှာလဲ ” “ဟာ ဘာထုတ်ရမှာလဲ ပိုက်ဆံ ထုတ်ပေါ့ဗျ လျှော်ရမယ်လေ ” “လေးသောင်း ရှိတယ်ဆိုတာနဲ့ လျှော်ရမှာ ဘာဆိုင်လို့တုန်းဟ ” “ဟာ ဒီလူတော့ကွာ “ဆိုပြီး နဲနဲ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။
လူကြီးလဲ ဒေါသ ဖြစ်သွားပုံရတယ် ငါ့တူကို ငါအားပေးတာလေကွာ နောက်မှာ လေးသောင်းရှိတယ်လို့ပြောတာ ဘာဖြစ်လဲ။ အဲ့ဒီချိန်မှာ သူ့တူ ဝင်ပြောလိုက်မှပဲ အားလုံး ရှင်းသွားတော့တယ်။
တော်ပါတော့ဦးလေးသောင်းရယ် တဲ့
Credit : Original