ၾကားသိရသမ်ွ

နောက်ထပ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်နိုင်ချေများ… WHO အကြီးအကဲ သတိပေးပြီ

Written by Aung Lay

အခု ကို႐ိုနာဗိုင္းရပ္စ္ အေၾကာင္းရင္းခံ ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါက ေနာက္ဆုံးကပ္ေရာဂါ မဟုတ္သလို ကပ္ေရာဂါေတြကို ႀကဳံေနရဦးမွာ ျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ၫႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က ဒီကေန႔ တနဂၤေႏြေန႔ ပထမအႀကိမ္ ႏိုင္ငံတကာ ကပ္ေရာဂါ ႀကိဳတင္ျပင္ဆင္ေရးေန႔အတြက္ ဗီြဒီယိုကေနတဆင့္ ေျပာၾကားတဲ့ မိန္႔ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

အခုျဖစ္ရပ္မွာ ကိုဗစ္ ကေန သင္ခန္းစာယူရမွာျဖစ္သလို လူသားေတြ က်န္းမာေရးနဲ႔ တိရစာၦန္ေတြနဲ႔ ကမာၻေျမႀကီးၾကား နီးကပ္တဲ့ ဆက္သြယ္မႈေတြ ရွိေနတာကိုလည္း သူက သတိေပးေျပာၾကားခဲ့ပါတယ္။

“လူေတြက ကပ္ေရာဂါတခု ျဖစ္လာရင္ ေငြေတြ အကုန္က်ခံလိုက္မယ္။ ေနာက္ ကပ္ေရာဂါၿပီးသြားရင္ ေမ့ေမ့ေပ်ာက္ေပ်ာက္ ေနလိုက္ၾကၿပီး ေနာက္ထပ္ျဖစ္လာႏုိင္တဲ့ ကပ္ေရာဂါေတြအတြက္ ႀကိဳၿပီး ျပင္ဆင္ထားတာ မရွိၾကသလို ျဖစ္လာရင္ အေၾကာက္တရားနဲ႔ ရင္ဆိုင္ၿပီး ေနာက္ေတာ့ လ်စ္လ်ဴ႐ႈထားလိုက္ၾကတာမ်ိဳး လုပ္ေနၾကတာ အခ်ိန္ၾကာခဲ့ၿပီ” လို႔ ၫႊန္ၾကားေရးမွဴးခ်ဳပ္ Tedros က ေျပာပါတယ္။

ျဖစ္ေပၚလာတဲ့ အေရးေပၚျပႆနာ အားလုံးကို ရွာေဖြေဖာ္ထုတ္ႏိုင္ဖို႔နဲ႔ ေလ်ာ့နည္းေစဖို႔နဲ႔ ေရွာင္ရွားႏိုင္ဖို႔၊ ႏိုင္ငံတိုင္း က်န္းမာေရးေစာင့္ေရွာက္မႈ အေထာက္အပံ့ဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈရွိဖို႔ လိုတယ္လို႔လည္း သူက ေျပာပါတယ္။

Pfizer-BioNTech ရဲ႕ ကိုဗစ္ ကာကြယ္ေဆးေတြ ဥေရာပႏုိင္ငံေတြမွာ စေနေန႔ကစၿပီး ထိုးႏွံေပးေနတဲ့ အခ်ိန္မွာပဲ အခုလို WHO ၫႊန္ၾကားေရးမွဴးခ်ဳပ္က သတိေပးစကား ေျပာၾကားခဲ့တာလည္း ျဖစ္ပါတယ္။

———

အခု ကိုရိုနာဗိုင်းရပ်စ် အကြောင်းရင်းခံ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါက နောက်ဆုံးကပ်ရောဂါ မဟုတ်သလို ကပ်ရောဂါတွေကို ကြုံနေရဦးမှာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဒီကနေ့ တနင်္ဂနွေနေ့ ပထမအကြိမ် နိုင်ငံတကာ ကပ်ရောဂါ ကြိုတင်ပြင်ဆင်ရေးနေ့အတွက် ဗွီဒီယိုကနေတဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အခုဖြစ်ရပ်မှာ ကိုဗစ် ကနေ သင်ခန်းစာယူရမှာဖြစ်သလို လူသားတွေ ကျန်းမာရေးနဲ့ တိရစ္ဆာန်တွေနဲ့ ကမ္ဘာမြေကြီးကြား နီးကပ်တဲ့ ဆက်သွယ်မှုတွေ ရှိနေတာကိုလည်း သူက သတိပေးပြောကြားခဲ့ပါတယ်။

“လူတွေက ကပ်ရောဂါတခု ဖြစ်လာရင် ငွေတွေ အကုန်ကျခံလိုက်မယ်။ နောက် ကပ်ရောဂါပြီးသွားရင် မေ့မေ့ပျောက်ပျောက် နေလိုက်ကြပြီး နောက်ထပ်ဖြစ်လာနိုင်တဲ့ ကပ်ရောဂါတွေအတွက် ကြိုပြီး ပြင်ဆင်ထားတာ မရှိကြသလို ဖြစ်လာရင် အကြောက်တရားနဲ့ ရင်ဆိုင်ပြီး နောက်တော့ လျစ်လျူရှုထားလိုက်ကြတာမျိုး လုပ်နေကြတာ အချိန်ကြာခဲ့ပြီ” လို့ ညွှန်ကြားရေးမှူးချုပ် Tedros က ပြောပါတယ်။

ဖြစ်ပေါ်လာတဲ့ အရေးပေါ်ပြဿနာ အားလုံးကို ရှာဖွေဖော်ထုတ်နိုင်ဖို့နဲ့ လျော့နည်းစေဖို့နဲ့ ရှောင်ရှားနိုင်ဖို့၊ နိုင်ငံတိုင်း ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုရှိဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

Pfizer-BioNTech ရဲ့ ကိုဗစ် ကာကွယ်ဆေးတွေ ဥရောပနိုင်ငံတွေမှာ စနေနေ့ကစပြီး ထိုးနှံပေးနေတဲ့ အချိန်မှာပဲ အခုလို WHO ညွှန်ကြားရေးမှူးချုပ်က သတိပေးစကား ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

About the author

Aung Lay

Leave a Comment