ထီပေါက်စဉ်

၂၀၂၁ ခု နှစ်သစ်ရဲ့ သိန်းတစ်သောင်းခွဲဆုရှင် ဈေးသည်မလေး မဝင်းဝင်းအိ

Written by Aung Lay

၂၃ ႀကိမ္ေျမာက္ ေအာင္ဘာေလ က်ပ္သိန္းတစ္ေသာင္းငါးေထာင္ ထီဆုႀကီးကို မႏၲေလးၿမိဳ႕မွ အသက္၂၄ ႏွစ္အ႐ြယ္ ေဈးသည္တစ္ဦးက ဆြတ္ခူးခဲ့ေၾကာင္း သိရသည္။

သူမအေနျဖင့္ ၂၀၂၀ တစ္ႏွစ္လုံး ထီထိုးခဲ့ျခင္းမရွိဘဲ ယခုလတြင္မွ ထီထိုးခဲ့ျခင္းျဖစ္ၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္မွ စတင္ထီထိုးခဲ့ေၾကာင္း၊ ပထမဆုံး ထီေပါက္ျခင္းတြင္ က်ပ္သိန္း တစ္ေသာင္းခြဲဆုကို ကံထူးခဲ့သျဖင့္ ယုံၾကည္ႏိုင္ျခင္း မရွိေသးဘဲ အရမ္းအံ့ၾသမိေၾကာင္း ကံထူးရွင္ မဝင္းဝင္းအိက ဆိုသည္။

မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ဇီးအုပ္ေက်း႐ြာတြင္ အိမ္ငွားရမ္းေနထိုင္ၿပီး သားငါးေရာင္းခ်သည့္ အမ်ိဳးသမီးငယ္ တစ္ဦးမွ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ၏ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ဆြတ္ခူးခဲ့ျခင္းျဖစ္သည္။

ေမြးခ်င္းငါးေယာက္အနက္ အႀကီးဆုံးျဖစ္သည့္ သူမအေနျဖင့္ ၅၆ လမ္း ေအာင္ပင္လယ္ေဈးတြင္ သားငါးေရာင္းခ်ျခင္းျဖင့္ မိသားစု၏ တာဝန္ကို ေျဖရွင္းေနရသလို လက္ရွိေနထိုင္သည့္ ေနရာမွာလည္း က်ဴးေက်ာ္သေဘာမ်ိဳး ငွားရမ္းေနထိုင္ ရေၾကာင္းလည္း သိရသည္။

“ညီမ ထီထိုးတာကေတာ့ အသက္ ၁၉ ႏွစ္အ႐ြယ္ထဲကပါ။ တစ္ခါမွ မေပါက္ဖူးပါဘူး။ အခုပထမဆုံး ေပါက္တာက က်ပ္သိန္းတစ္ေသာင္းခြဲ ျဖစ္ေနေတာ့ ခုထိမယုံႏိုင္ေသးဘူး။ ညီမက အခုေနတာက က်ဴးသေဘာမ်ိဳး ဆိုေတာ့ ေနတဲ့ေနရာက စ႐ိုက္နည္းနည္းၾကမ္းတယ္။ အရင္က မိသားစုက အိမ္ပိုင္ပါ။

ေငြလိမ္ခံရၿပီး အေႂကြးေတြ တင္သြားေတာ့ ခုလိုအိမ္ငွားဘဝ ေရာက္သြားတာပါ။ အေဖက ေနာက္အိမ္ေထာင္ ျပဳသြားၿပီးတဲ့ေနာက္ အေမနဲ႔တူတူ ေဈးေရာင္းရင္းပဲ ေနေနတာပါ။ ေက်ာင္းကလည္း အေမက ဆက္ထားေပမယ့္ ၇ တန္းထဲက ထြက္လိုက္တာပါ’’ ဟု သူမ၏ လက္ရွိဘဝနဲ႔ ပတ္သက္ၿပီး ရွင္းျပခဲ့သည္။

ဆက္လက္ၿပီး က်ပ္သိန္းတစ္ေသာင္းခြဲ ထီေပါက္သည့္ ေငြမ်ားကို မိခင္၏ သေဘာတိုင္းသာ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းႏွင့္ သူမအေနျဖင့္ သာသနာ ျပဳခ်င္ေၾကာင္းလည္း ဆိုသည္။

“သားငါးေရာင္းတာဆိုေတာ့ အကုသိုလ္ အလုပ္ေလ။ ဆက္မလုပ္ခ်င္ေတာ့ဘူး။ အခုလို ထီေပါက္ေတာ့ ေဆြမ်ိဳးသားခ်င္း ေတြကလည္း ဝိုင္းလာၾကတာေပါ့ေလ။ ထီလက္မွတ္ သူတို႔အပ္ဖို႔ေတြဘာေတြ ေျပာေနတာတို႔၊ ဟိုႀကိမ္း ဒီႀကိမ္းနဲ႔ဆိုေတာ့ ညီမနည္းနည္း စိတ္ညစ္တာေပါ့။ ထီလက္မွတ္ကလည္း ႐ုံးပိတ္ရက္နဲ႔ ဘာနဲ႔ဆိုေတာ့ မထုတ္ရေသးဘူး။

အိမ္ေတာ့ျပန္ဖို႔ အဆင္မေျပ ေသးတာေၾကာင့္ အခုတစ္ျခားမွာပဲ ေနေနတယ္။ ညီမဘာျဖစ္ခ်င္လဲ ဆိုရင္ေတာ့ အေမနဲ႔ ေမာင္ႏွမေတြအတြက္ လုပ္စရာရွိတာ လုပ္ေပးၿပီးရင္ ညီမသီလရွင္ ဝတ္ခ်င္တယ္။ အိမ္ေထာင္လည္း မျပဳခ်င္ဘူး’’ ဟု သူမဆႏၵကို ေျပာၾကားသည္။

ယခုလို သူမကဲ့သို႔ က်ပ္သိန္းတစ္ေသာင္းခြဲထီ ကံထူးရွင္အျဖစ္ လူတိုင္းကံထူးႏိုင္သျဖင့္ ထီကိုမပ်က္မကြက္ ထိုးရန္ႏွင့္ ၎အေနျဖင့္လည္း ထီဆက္လက္ ကံစမ္းသြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

———-

၂၃ ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းငါးထောင် ထီဆုကြီးကို မန္တလေးမြို့မှ အသက်၂၄ နှစ်အရွယ် ဈေးသည်တစ်ဦးက ဆွတ်ခူးခဲ့ကြောင်း သိရသည်။

သူမအနေဖြင့် ၂၀၂၀ တစ်နှစ်လုံး ထီထိုးခဲ့ခြင်းမရှိဘဲ ယခုလတွင်မှ ထီထိုးခဲ့ခြင်းဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်မှ စတင်ထီထိုးခဲ့ကြောင်း၊ ပထမဆုံး ထီပေါက်ခြင်းတွင် ကျပ်သိန်း တစ်သောင်းခွဲဆုကို ကံထူးခဲ့သဖြင့် ယုံကြည်နိုင်ခြင်း မရှိသေးဘဲ အရမ်းအံ့သြမိကြောင်း ကံထူးရှင် မဝင်းဝင်းအိက ဆိုသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ကျေးရွာတွင် အိမ်ငှားရမ်းနေထိုင်ပြီး သားငါးရောင်းချသည့် အမျိုးသမီးငယ် တစ်ဦးမှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ၏ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

မွေးချင်းငါးယောက်အနက် အကြီးဆုံးဖြစ်သည့် သူမအနေဖြင့် ၅၆ လမ်း အောင်ပင်လယ်ဈေးတွင် သားငါးရောင်းချခြင်းဖြင့် မိသားစု၏ တာဝန်ကို ဖြေရှင်းနေရသလို လက်ရှိနေထိုင်သည့် နေရာမှာလည်း ကျူးကျော်သဘောမျိုး ငှားရမ်းနေထိုင် ရကြောင်းလည်း သိရသည်။

“ညီမ ထီထိုးတာကတော့ အသက် ၁၉ နှစ်အရွယ်ထဲကပါ။ တစ်ခါမှ မပေါက်ဖူးပါဘူး။ အခုပထမဆုံး ပေါက်တာက ကျပ်သိန်းတစ်သောင်းခွဲ ဖြစ်နေတော့ ခုထိမယုံနိုင်သေးဘူး။ ညီမက အခုနေတာက ကျူးသဘောမျိုး ဆိုတော့ နေတဲ့နေရာက စရိုက်နည်းနည်းကြမ်းတယ်။ အရင်က မိသားစုက အိမ်ပိုင်ပါ။

ငွေလိမ်ခံရပြီး အကြွေးတွေ တင်သွားတော့ ခုလိုအိမ်ငှားဘဝ ရောက်သွားတာပါ။ အဖေက နောက်အိမ်ထောင် ပြုသွားပြီးတဲ့နောက် အမေနဲ့တူတူ ဈေးရောင်းရင်းပဲ နေနေတာပါ။ ကျောင်းကလည်း အမေက ဆက်ထားပေမယ့် ၇ တန်းထဲက ထွက်လိုက်တာပါ’’ ဟု သူမ၏ လက်ရှိဘဝနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့သည်။

ဆက်လက်ပြီး ကျပ်သိန်းတစ်သောင်းခွဲ ထီပေါက်သည့် ငွေများကို မိခင်၏ သဘောတိုင်းသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် သူမအနေဖြင့် သာသနာ ပြုချင်ကြောင်းလည်း ဆိုသည်။

“သားငါးရောင်းတာဆိုတော့ အကုသိုလ် အလုပ်လေ။ ဆက်မလုပ်ချင်တော့ဘူး။ အခုလို ထီပေါက်တော့ ဆွေမျိုးသားချင်း တွေကလည်း ဝိုင်းလာကြတာပေါ့လေ။ ထီလက်မှတ် သူတို့အပ်ဖို့တွေဘာတွေ ပြောနေတာတို့၊ ဟိုကြိမ်း ဒီကြိမ်းနဲ့ဆိုတော့ ညီမနည်းနည်း စိတ်ညစ်တာပေါ့။ ထီလက်မှတ်ကလည်း ရုံးပိတ်ရက်နဲ့ ဘာနဲ့ဆိုတော့ မထုတ်ရသေးဘူး။

အိမ်တော့ပြန်ဖို့ အဆင်မပြေ သေးတာကြောင့် အခုတစ်ခြားမှာပဲ နေနေတယ်။ ညီမဘာဖြစ်ချင်လဲ ဆိုရင်တော့ အမေနဲ့ မောင်နှမတွေအတွက် လုပ်စရာရှိတာ လုပ်ပေးပြီးရင် ညီမသီလရှင် ဝတ်ချင်တယ်။ အိမ်ထောင်လည်း မပြုချင်ဘူး’’ ဟု သူမဆန္ဒကို ပြောကြားသည်။

ယခုလို သူမကဲ့သို့ ကျပ်သိန်းတစ်သောင်းခွဲထီ ကံထူးရှင်အဖြစ် လူတိုင်းကံထူးနိုင်သဖြင့် ထီကိုမပျက်မကွက် ထိုးရန်နှင့် ၎င်းအနေဖြင့်လည်း ထီဆက်လက် ကံစမ်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

About the author

Aung Lay

Leave a Comment