လာမယ့္ေဖေဖာ္ဝါရီမွာ က်န္းမာေရးဝန္ထမ္းေတြကို ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးေပးမယ္လို႔ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။
ႏိုင္ငံတကာႏွစ္သစ္ကူးအထိမ္းအမွတ္ မိန႔္ခြန္းမွာ ေျပာတာျဖစ္ၿပီး ကာကြယ္ေဆးရရွိေရး ကမာၻ႔ႏိုင္ငံအားလုံးက ေဆာင္႐ြက္ေနတာေၾကာင့္ ယွဥ္ၿပိဳင္မႈမ်ားတယ္လို႔ ေျပာပါတယ္။
“ျပည္သူအမ်ား ယခုအခ်ိန္မွာ အသိခ်င္ဆုံးကိစၥကေတာ့ COVID ကာကြယ္ေဆးထိုးေပးမယ့္ အစီအစဥ္ ဘယ္ေတာ့ စတင္ႏိုင္မလဲဆိုတာ ျဖစ္ပါလိမ့္မယ္။ ပထမဆုံး ကာကြယ္ေဆးတသုတ္ အိႏၵိယႏိုင္ငံမွ ရရွိေရးအတြက္ အေရာင္းအဝယ္ စာခ်ဳပ္ကို ခ်ဳပ္ဆိုထားၿပီးပါၿပီ။ ကာကြယ္ေဆးသုံးစြဲခြင့္ကို အိႏၵိယရွိ သက္ဆိုင္ရာဌာနက ထုတ္ျပန္ၿပီးတာနဲ႔ ျမန္မာျပည္တြင္းကို သြင္းႏိုင္ဖို႔လည္း စီစဥ္ထားပါတယ္။ ဒီအစီအစဥ္အရ ေဖေဖာ္ဝါရီလမွာ ကာကြယ္ေဆးေတြကို ဦးစားေပးရမယ့္ အစုအဖြဲ႕ျဖစ္တဲ့ က်န္းမာေရးဝန္ထမ္းမ်ားကို ပထမဆုံး စတင္ထိုးေပးမွာ ျဖစ္ပါတယ္”
ကာကြယ္ေဆးရရွိေရး ကမာၻ႔ႏိုင္ငံအားလုံးက ေဆာင္႐ြက္ေနတာေၾကာင့္ ယွဥ္ၿပိဳင္မႈမ်ားေပမယ့္ ၂၀၂၁ ခုႏွစ္တေလွ်ာက္ ကာကြယ္ေဆးထိုးေပးေရးလုပ္ငန္းေတြကို ႏိုင္ငံတဝန္းမွာ တဆင့္ၿပီးတဆင့္ အေကာင္အထည္ေဖာ္ႏိုင္မယ္လို႔ ယူဆတယ္လို႔လည္း သူက ေျပာပါတယ္။
ၿပီးေတာ့ ကာကြယ္ေဆးမထိုးရေသးခင္ ကာလအတြင္းမွာ က်န္းမာေရး စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာၿပီး ကိုဗစ္ေအာင္ႏိုင္ေရးကို ပံ့ပိုးေပးဖို႔ ျပည္သူေတြကိုလည္း ေမတၱာရပ္ခံလိုက္ပါတယ္။
ျမန္မာႏိုင္ငံမွာ ဇန္နဝါရီ ၁ ရက္ ည ၈ နာရီအထိ ကိုဗစ္-၁၉ အတည္ျပဳလူနာစုစုေပါင္း ၁၂၅,၀၄၂ ေယာက္၊ ေသဆုံးသူ ၂,၆၉၇ ေယာက္နဲ႔ ေဆး႐ုံက ဆင္းခြင့္ရသူေပါင္း ၁၀၇,၇၇၇ ေယာက္ရွိၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။
———-
လာမယ့်ဖေဖော်ဝါရီမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးမယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နိုင်ငံတကာနှစ်သစ်ကူးအထိမ်းအမှတ် မိန့်ခွန်းမှာ ပြောတာဖြစ်ပြီး ကာကွယ်ဆေးရရှိရေး ကမ္ဘာ့နိုင်ငံအားလုံးက ဆောင်ရွက်နေတာကြောင့် ယှဉ်ပြိုင်မှုများတယ်လို့ ပြောပါတယ်။
“ပြည်သူအများ ယခုအချိန်မှာ အသိချင်ဆုံးကိစ္စကတော့ COVID ကာကွယ်ဆေးထိုးပေးမယ့် အစီအစဉ် ဘယ်တော့ စတင်နိုင်မလဲဆိုတာ ဖြစ်ပါလိမ့်မယ်။ ပထမဆုံး ကာကွယ်ဆေးတသုတ် အိန္ဒိယနိုင်ငံမှ ရရှိရေးအတွက် အရောင်းအဝယ် စာချုပ်ကို ချုပ်ဆိုထားပြီးပါပြီ။ ကာကွယ်ဆေးသုံးစွဲခွင့်ကို အိန္ဒိယရှိ သက်ဆိုင်ရာဌာနက ထုတ်ပြန်ပြီးတာနဲ့ မြန်မာပြည်တွင်းကို သွင်းနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီအစီအစဉ်အရ ဖေဖော်ဝါရီလမှာ ကာကွယ်ဆေးတွေကို ဦးစားပေးရမယ့် အစုအဖွဲ့ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းများကို ပထမဆုံး စတင်ထိုးပေးမှာ ဖြစ်ပါတယ်”
ကာကွယ်ဆေးရရှိရေး ကမ္ဘာ့နိုင်ငံအားလုံးက ဆောင်ရွက်နေတာကြောင့် ယှဉ်ပြိုင်မှုများပေမယ့် ၂၀၂၁ ခုနှစ်တလျှောက် ကာကွယ်ဆေးထိုးပေးရေးလုပ်ငန်းတွေကို နိုင်ငံတဝန်းမှာ တဆင့်ပြီးတဆင့် အကောင်အထည်ဖော်နိုင်မယ်လို့ ယူဆတယ်လို့လည်း သူက ပြောပါတယ်။
ပြီးတော့ ကာကွယ်ဆေးမထိုးရသေးခင် ကာလအတွင်းမှာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ကိုဗစ်အောင်နိုင်ရေးကို ပံ့ပိုးပေးဖို့ ပြည်သူတွေကိုလည်း မေတ္တာရပ်ခံလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၂၅,၀၄၂ ယောက်၊ သေဆုံးသူ ၂,၆၉၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၀၇,၇၇၇ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။