Knowledge

၂၀၂၀ ခုနှစ်အတွက် တနင်္ဂနွေသားသမီးများ ဟောစာတမ်း

Written by Aung Lay

တနဂၤေႏြသားသမီးမ်ားသည္ 2021မွာ အေကာင္း၅၀%ႏွင့္ အဆိုး၅၀%ရွိတဲ့ႏွစ္တစ္ႏွစ္ျဖစ္ပါတယ္။ စိတ္ကူးသစ္ အယူအဆသစ္ျဖင့္ အလုပ္မ်ား ေဆာင္႐ြက္ရမည့္ႏွစ္ျဖစ္ပါသည္။ ေလးေနတာမ်ိဳး၊ေႏွးေနတာမ်ိဳးမရွိဘဲ သြက္သြက္ လက္လက္အက်ိဳးစီးပြားရွာမွပဲအဆင္ေျပမယ့္ႏွစ္ျဖစ္ပါတယ္။ လမ္းအိုလိုက္ၿပီး ေန႔စဥ္ေခါက္႐ိုးက်ိဳး ေနတဲ့ ေန႔ရက္ေတြကို ျဖတ္သန္းမယ္ဆိုရင္ေတာ့ ဒီ2021ဟာသင္ကို ကံဆိုးေစပါလိမ့္မယ္။ လူမ်ိဳးကြဲ၊ ဘာသာကြဲမ်ား ႏွင့္ လုပ္ငန္းစပ္တူျပဳလုပ္လွ်င္ ေအာင္ျမင္မည္။ ဖုန္းႏွင့္ စက္ပစၥည္းမ်ား ေရာင္းဝယ္ျခင္း၊ အိမ္၊ ၿခံေျမ အက်ိဳးေဆာင္ လုပ္ငန္းမ်ား လုပ္ျခင္းႏွင့္ ေဖ်ာ္ရည္ယမကာမ်ား ထုတ္လုပ္ေရာင္းခ်ျခင္းမ်ားေကာင္းပါသည္။ ေၾကာ္ျငာဝန္ေဆာင္မႈ ႏွင့္ ဆိုင္းဘုတ္လုပ္ငန္း၊ စာေပထုတ္ေဝေရး၊ စိုက္ပ်ိဳးေရးသုံးပစၥည္း၊ စက္သုံးဆီေရာင္းဝယ္ေရး လုပ္ငန္းတို႔ အက်ိဳးေပးမည္။

ဒီႏွစ္မွာမိမိခံယူထားရ မွာက မိမိကိုယ္တိုင္ တစ္ေကာင္ႂကြက္ကဲ့သို႔သေဘာထားပါ။ သူမ်ားအကူအညီနဲ႔ အမွီအခိုကိုလုံး၀ မေမွ်ာ္လင့္ဘဲ ကိုယ္လမ္းကိုယ္ေလွ်ာက္ပါ။ ခပ္ျပတ္ျပတ္ေျပာရရင္ ကိုယ္လုပ္မွ ကိုယ္စားရမယ့္ႏွစ္တစ္ႏွစ္ပါပဲ။ မိမိ လြယ္ကူမည္ဟု ယူဆရမည့္ကိစၥမ်ား အေႏွာက္အယွက္ေပးျခင္းမ်ား ခံရတတ္ပါသည္။ တပည့္ေက်းကြၽန္မ်ားက တလြဲတေခ်ာ္ ျပဳလုပ္တတ္သည္။ တပည့္၊ လက္ေအာက္ငယ္သားတို႔အေပၚ သည္းခံပူးေပါင္း ေဆာင္႐ြက္ျခင္းျဖင့္ လူမႈေရး၊ စီးပြားေရး၌ ေအာင္ျမင္မႈရမည္။ အေပ်ာ္အပါးႏွင့္ မေကာင္းတဲ့ေနရာမ်ားတြင္ သြား လာ ျခင္းမ်ား အထူးေရွာင္ၾကဥ္ပါ။ စက္ပစၥည္း ႏွင့္ အိမ္၊ ၿခံ၊ ေျမ ဝင္ကိန္းမ်ား ရွိေနသည္။ မိမိလိုခ်င္ေနတဲ့ စက္ကား ေတြကိုဝယ္ယူႏိုင္မယ့္ႏွစ္လဲျဖစ္ပါတယ္။ အေနာက္ေတာင္အရပ္သို႔ ေရလမ္းခရီးမ်ား သြားလာျခင္း အထူးေရွာင္ပါ။ လုပ္ငန္းကိစၥမ်ား အတြက္ ဗုဒၶဟူး၊ စေန သားသမီးမ်ားႏွင့္ ဆက္ဆံေဆာင္႐ြက္ျခင္းမ်ား အထူးဂ႐ုစိုက္ရမည္။ ၾကာသပေတး၊ အဂၤါ သားသမီးမ်ားႏွင့္ အက်ိဳးေပးမည္။

ႏိုင္ငံရပ္ျခားဘုရားဖူးခရီး၊ျပည္တြင္းရပ္ေဝး ဘုရားဖူးမ်ား သြားလာရကိန္းမ်ား ရွိေနသည္။ အလႉဒါနကိစၥမ်ား ျပဳလုပ္ရကိန္း ရွိေနပါသည္။ ယာဥ္ႏွင့္ မေတာ္တဆ ထိခိုက္မႈ အႏၲရာယ္ျဖစ္ျခင္း၊ ခြဲစိတ္ကုသရေသာ အနာေရာဂါမ်ား ခံစားရတတ္သည္။ အထူးသျဖင့္သတိေပးလိုတာက ဒီႏွစ္မွာအားအနည္းဆုံးအခ်က္က က်န္းမာေရးပါပဲ။ ေရာဂါေဟာင္း၊ေဝဒနာေဟာင္းေတြေပၚလာတတ္သလို ခြဲစိပ္ကုသရသည္ အထိ ေရာဂါေဝဒနာႀကီးတတ္ပါတယ္။ခႏၶာကိုယ္မွာအက်ိတ္အဖုထြက္လာရင္လုံး၀ မေပါ့ပါနဲ႔။ ကင္ဆာက်ိတ္ ဆိုတာမ်ိဳးလဲျဖစ္ရတတ္ပါတယ္။ က်န္းမာေရးတြင္ ထုံက်ဥ္၊ ေလေရာဂါ၊ ကိုယ္လက္ကိုက္ခဲျခင္း၊ ခါးေအာက္ပိုင္း ေရာဂါျဖစ္ျခင္း၊ေလပြ၊ ေလနာ၊ ဗိုက္ေအာင့္ျခင္း၊ အ႐ိုးအားနည္းျခင္း၊ ေသြးအားနည္းျခင္း၊ ေသြးတိုးျခင္းမ်ား ျဖစ္ တတ္ပါသည္။

ပ်ိဳ႐ြယ္သူမ်ား အခ်စ္ေရးႏွင့္ ပတ္သက္ၿပီး စန္းပြင့္ေနလိမ့္မည္။ ခ်စ္သူမရွိေသးသူမ်ား ခ်စ္သူသစ္ ရည္းစားသစ္ရလြယ္ပါတယ္။သို႔ေသာ္ခ်စ္သူရွိၿပီးသူမ်ားကေတာ့ ခ်စ္သူအေပၚ သံသယဝင္လာတတ္သည္။ သံသယ ဝင္စရာေကာင္းေအာင္လည္း ခ်စ္သူကေျခလွမ္းမွားေနတတ္ပါတယ္။ ဒါေၾကာင့္ပဲအခ်စ္ေရး၌ အထီးက်န္သဖြယ္ တစ္ကိုယ္တည္း သီးျခားေနရျခင္းကို ေနတတ္ေအာင္ေလ့က်င့္ေနရမည္။ အိမ္ေထာင္ရွင္မ်ားအိမ္တြင္းေရးညံ့မည္။ အိမ္ေထာင္ဘက္ရဲ႕ေဆြမ်ိဳးမ်ားထံမွ အေမြဒါမွမဟုတ္ အခြင့္အလမ္းေကာင္းမ်ား ရရွိမည္။ ႀကိမ္မီးအုံးလို အိမ္ေထာင္ေရးက တအုံေႏြးေႏြးျဖစ္ေနလိမ့္မယ္။ မေက်နပ္တာေတြမ်ား လာလို႔ မမ်ိဳသိပ္ႏိုင္တဲ့ အိမ္ေထာင္ရွင္ေတြကေတာ့ အိမ္ေထာင္ေရးကြဲသည္အထိျဖစ္ရတတ္ပါတယ္။

ပညာေရးတြင္ မိမိႀကိဳးပမ္းသေလာက္ ထူးထူးျခားျခား တိုးတတ္ ေအာင္ျမင္လာလိမ့္မည္။ ပညာေရး၌ နယ္ပယ္သစ္ ပညာရပ္ဆန္းမ်ား သင္ၾကားခြင့္ရတတ္သည္။ သို႔ေသာ္ လူငယ္မ်ားပညာေရးႏွင့္ အခ်စ္ ေရး ေရာေထြးေနျခင္းမ်ား ႀကဳံေတြ႕လာရတတ္သည္။ အြန္လိုင္းကသင္ယူျခင္းမ်ားကလဲ မိမိအတြက္ေတာ့ ထင္သေလာက္ မတတ္ေျမာက္ႏိုင္တဲ့ႏွစ္တစ္ခုျဖစ္ပါလိမ့္မယ္။ ဆရာတစ္ဦးႏွင့္အနီးကပ္သင္ တာမ်ိဳးက ဒီႏွစ္အတြက္ အေကာင္းဆုံးျဖစ္ေပလိမ့္မယ္။

ဤ2021အတြင္း ျပည္တြင္း၊ ျပည္ပ တစ္ရပ္တစ္ေက်း၌ အလုပ္အကိုင္ေကာင္း မ်ားႏွင့္ ႀကီးပြားမည္။ ႏိုင္ငံျခားသြားဖို႔အထူးေကာင္းတဲ့ ႏွစ္တစ္ခုျဖစ္သလို ႏိုင္ငံျခားသြားဖို႔ ေစာင့္ဆိုင္းေမွ်ာ္လင့္ ေနသူမ်ား သြားရဖို႔ ေသခ်ာသေလာက္ရွိတဲ့ႏွစ္တစ္ခုျဖစ္ပါလိမ့္မယ္။ အာမခံ၊ ၾကားဝင္ညႇိႏႈိင္း ေသာ ကိစၥမ်ား ေရွာင္ ၾကဥ္ သင့္သည္။ ထီ၊ေဘာလုံးႏွင့္အျခားေလာင္းကစားေတြေၾကာင့္ ဥစၥာပစၥည္းမ်ား ဆုံးရႈံးရ တတ္သည္။ ေဆြမ်ိဳးသားခ်င္းတို႔ႏွင့္ နီးလွ်က္ႏွင့္ ေဝးေနရတတ္သည္။

အက်ိဳးေပးဂဏန္း …၃၊၈၊၆၊၉

အက်ိဳးေပးအကၡရာ …က၊စ၊ပ၊ဟ

အက်ိဳးေပးအေရာင္…ဆင္စြယ္၊ဝါညိဳ၊ေရာယွက္အေရာင္

တစ္ႏွစ္တာယၾတာ…..ငါးေျခာက္၊ငါးပိ၊ဒိန္ခ်ဥ္၊ဖိနပ္…စတာေတြကို မိမိထက္ႏြမ္းပါးသူမ်ားကို မၾကာခဏလႉဒါန္း ေပးပါ။

ဆရာၿငိမ္းေအးလူ(လက္ဆန္းေဗဒင္သုေတသီ)

09775555695/09445555695

Unicode

တနင်္ဂနွေသားသမီးများသည် 2021မှာ အကောင်း၅၀%နှင့် အဆိုး၅၀%ရှိတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ စိတ်ကူးသစ် အယူအဆသစ်ဖြင့် အလုပ်များ ဆောင်ရွက်ရမည့်နှစ်ဖြစ်ပါသည်။ လေးနေတာမျိုး၊နှေးနေတာမျိုးမရှိဘဲ သွက်သွက် လက်လက်အကျိုးစီးပွားရှာမှပဲအဆင်ပြေမယ့်နှစ်ဖြစ်ပါတယ်။ လမ်းအိုလိုက်ပြီး နေ့စဉ်ခေါက်ရိုးကျိုး နေတဲ့ နေ့ရက်တွေကို ဖြတ်သန်းမယ်ဆိုရင်တော့ ဒီ2021ဟာသင်ကို ကံဆိုးစေပါလိမ့်မယ်။ လူမျိုးကွဲ၊ ဘာသာကွဲများ နှင့် လုပ်ငန်းစပ်တူပြုလုပ်လျှင် အောင်မြင်မည်။ ဖုန်းနှင့် စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ အိမ်၊ ခြံမြေ အကျိုးဆောင် လုပ်ငန်းများ လုပ်ခြင်းနှင့် ဖျော်ရည်ယမကာများ ထုတ်လုပ်ရောင်းချခြင်းများကောင်းပါသည်။ ကြော်ငြာဝန်ဆောင်မှု နှင့် ဆိုင်းဘုတ်လုပ်ငန်း၊ စာပေထုတ်ဝေရေး၊ စိုက်ပျိုးရေးသုံးပစ္စည်း၊ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းတို့ အကျိုးပေးမည်။

ဒီနှစ်မှာမိမိခံယူထားရ မှာက မိမိကိုယ်တိုင် တစ်ကောင်ကြွက်ကဲ့သို့သဘောထားပါ။ သူများအကူအညီနဲ့ အမှီအခိုကိုလုံး၀ မမျှော်လင့်ဘဲ ကိုယ်လမ်းကိုယ်လျှောက်ပါ။ ခပ်ပြတ်ပြတ်ပြောရရင် ကိုယ်လုပ်မှ ကိုယ်စားရမယ့်နှစ်တစ်နှစ်ပါပဲ။ မိမိ လွယ်ကူမည်ဟု ယူဆရမည့်ကိစ္စများ အနှောက်အယှက်ပေးခြင်းများ ခံရတတ်ပါသည်။ တပည့်ကျေးကျွန်များက တလွဲတချော် ပြုလုပ်တတ်သည်။ တပည့်၊ လက်အောက်ငယ်သားတို့အပေါ် သည်းခံပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လူမှုရေး၊ စီးပွားရေး၌ အောင်မြင်မှုရမည်။ အပျော်အပါးနှင့် မကောင်းတဲ့နေရာများတွင် သွား လာ ခြင်းများ အထူးရှောင်ကြဉ်ပါ။ စက်ပစ္စည်း နှင့် အိမ်၊ ခြံ၊ မြေ ဝင်ကိန်းများ ရှိနေသည်။ မိမိလိုချင်နေတဲ့ စက်ကား တွေကိုဝယ်ယူနိုင်မယ့်နှစ်လဲဖြစ်ပါတယ်။ အနောက်တောင်အရပ်သို့ ရေလမ်းခရီးများ သွားလာခြင်း အထူးရှောင်ပါ။ လုပ်ငန်းကိစ္စများ အတွက် ဗုဒ္ဓဟူး၊ စနေ သားသမီးများနှင့် ဆက်ဆံဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ရမည်။ ကြာသပတေး၊ အင်္ဂါ သားသမီးများနှင့် အကျိုးပေးမည်။

နိုင်ငံရပ်ခြားဘုရားဖူးခရီး၊ပြည်တွင်းရပ်ဝေး ဘုရားဖူးများ သွားလာရကိန်းများ ရှိနေသည်။ အလှူဒါနကိစ္စများ ပြုလုပ်ရကိန်း ရှိနေပါသည်။ ယာဉ်နှင့် မတော်တဆ ထိခိုက်မှု အန္တရာယ်ဖြစ်ခြင်း၊ ခွဲစိတ်ကုသရသော အနာရောဂါများ ခံစားရတတ်သည်။ အထူးသဖြင့်သတိပေးလိုတာက ဒီနှစ်မှာအားအနည်းဆုံးအချက်က ကျန်းမာရေးပါပဲ။ ရောဂါဟောင်း၊ဝေဒနာဟောင်းတွေပေါ်လာတတ်သလို ခွဲစိပ်ကုသရသည် အထိ ရောဂါဝေဒနာကြီးတတ်ပါတယ်။ခန္ဓာကိုယ်မှာအကျိတ်အဖုထွက်လာရင်လုံး၀ မပေါ့ပါနဲ့။ ကင်ဆာကျိတ် ဆိုတာမျိုးလဲဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးတွင် ထုံကျဉ်၊ လေရောဂါ၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခါးအောက်ပိုင်း ရောဂါဖြစ်ခြင်း၊လေပွ၊ လေနာ၊ ဗိုက်အောင့်ခြင်း၊ အရိုးအားနည်းခြင်း၊ သွေးအားနည်းခြင်း၊ သွေးတိုးခြင်းများ ဖြစ် တတ်ပါသည်။

ပျိုရွယ်သူများ အချစ်ရေးနှင့် ပတ်သက်ပြီး စန်းပွင့်နေလိမ့်မည်။ ချစ်သူမရှိသေးသူများ ချစ်သူသစ် ရည်းစားသစ်ရလွယ်ပါတယ်။သို့သော်ချစ်သူရှိပြီးသူများကတော့ ချစ်သူအပေါ် သံသယဝင်လာတတ်သည်။ သံသယ ဝင်စရာကောင်းအောင်လည်း ချစ်သူကခြေလှမ်းမှားနေတတ်ပါတယ်။ ဒါကြောင့်ပဲအချစ်ရေး၌ အထီးကျန်သဖွယ် တစ်ကိုယ်တည်း သီးခြားနေရခြင်းကို နေတတ်အောင်လေ့ကျင့်နေရမည်။ အိမ်ထောင်ရှင်များအိမ်တွင်းရေးညံ့မည်။ အိမ်ထောင်ဘက်ရဲ့ဆွေမျိုးများထံမှ အမွေဒါမှမဟုတ် အခွင့်အလမ်းကောင်းများ ရရှိမည်။ ကြိမ်မီးအုံးလို အိမ်ထောင်ရေးက တအုံနွေးနွေးဖြစ်နေလိမ့်မယ်။ မကျေနပ်တာတွေများ လာလို့ မမျိုသိပ်နိုင်တဲ့ အိမ်ထောင်ရှင်တွေကတော့ အိမ်ထောင်ရေးကွဲသည်အထိဖြစ်ရတတ်ပါတယ်။

ပညာရေးတွင် မိမိကြိုးပမ်းသလောက် ထူးထူးခြားခြား တိုးတတ် အောင်မြင်လာလိမ့်မည်။ ပညာရေး၌ နယ်ပယ်သစ် ပညာရပ်ဆန်းများ သင်ကြားခွင့်ရတတ်သည်။ သို့သော် လူငယ်များပညာရေးနှင့် အချစ် ရေး ရောထွေးနေခြင်းများ ကြုံတွေ့လာရတတ်သည်။ အွန်လိုင်းကသင်ယူခြင်းများကလဲ မိမိအတွက်တော့ ထင်သလောက် မတတ်မြောက်နိုင်တဲ့နှစ်တစ်ခုဖြစ်ပါလိမ့်မယ်။ ဆရာတစ်ဦးနှင့်အနီးကပ်သင် တာမျိုးက ဒီနှစ်အတွက် အကောင်းဆုံးဖြစ်ပေလိမ့်မယ်။

ဤ2021အတွင်း ပြည်တွင်း၊ ပြည်ပ တစ်ရပ်တစ်ကျေး၌ အလုပ်အကိုင်ကောင်း များနှင့် ကြီးပွားမည်။ နိုင်ငံခြားသွားဖို့အထူးကောင်းတဲ့ နှစ်တစ်ခုဖြစ်သလို နိုင်ငံခြားသွားဖို့ စောင့်ဆိုင်းမျှော်လင့် နေသူများ သွားရဖို့ သေချာသလောက်ရှိတဲ့နှစ်တစ်ခုဖြစ်ပါလိမ့်မယ်။ အာမခံ၊ ကြားဝင်ညှိနှိုင်း သော ကိစ္စများ ရှောင် ကြဉ် သင့်သည်။ ထီ၊ဘောလုံးနှင့်အခြားလောင်းကစားတွေကြောင့် ဥစ္စာပစ္စည်းများ ဆုံးရှုံးရ တတ်သည်။ ဆွေမျိုးသားချင်းတို့နှင့် နီးလျှက်နှင့် ဝေးနေရတတ်သည်။

အကျိုးပေးဂဏန်း …၃၊၈၊၆၊၉

အကျိုးပေးအက္ခရာ …က၊စ၊ပ၊ဟ

အကျိုးပေးအရောင်…ဆင်စွယ်၊ဝါညို၊ရောယှက်အရောင်

တစ်နှစ်တာယတြာ…..ငါးခြောက်၊ငါးပိ၊ဒိန်ချဉ်၊ဖိနပ်…စတာတွေကို မိမိထက်နွမ်းပါးသူများကို မကြာခဏလှူဒါန်း ပေးပါ။

ဆရာငြိမ်းအေးလူ(လက်ဆန်းဗေဒင်သုတေသီ)

09775555695/09445555695

About the author

Aung Lay

Leave a Comment