Knowledge

ယခုနှစ်အတွက် တောင်သူူလယ်သမားများ သတိပြုရန်

Written by Aung Lay

တောင်သူူလယ်သမားများသို့ အကြံပြုနှိုးဆော်ချက်

မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ခန့်မှန်းချက်များအရ ယခုနှစ်တွင် မုတ်သုန်လေဝင်ရောက်မှု နောက်ကျပြီး၊

မိုးရွာသွန်းမှုလျော့နည်းနိုင်သည့်အတွက် စိုက်ပျိုးရေရရှိမှုနည်းပါးနိုင်ကြောင်း သိရှိ ရပါသည်။

သို့ပါ၍ ရာသီဥတုပြောင်းလဲမှု အခြေအနေများပေါ်မူတည်၍ တုန့်ပြန်ဆောင်ရွက် နိုင်မည့်

အောက်ပါနည်းလမ်းများကို ဆောင်ရွက်ကြရန် အသိပေးထုတ်ပြန်အပ်ပါသည်။

၁။ ရေလိုအပ်ချက်နည်း၍ ဒေသနှင့်ကိုက်ညီသည့် ဈေးကွက်ဝင် သက်တမ်းတိုစပါးမျိုးများနှင့် ရေငတ်ဒဏ်ခံစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးကြရန်ဖြစ်ပါသည်။

၂။ အောက်ပါရေလိုအပ်ချက်လျော့နည်းသည့်စိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုးကြရန် ဖြစ်ပါသည်။

(က) ပျိုးသက်နုကောက်ကွက်ကြဲ(SRI)စနစ်၊

(ခ) တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းစနစ်(အခြောက်/အစို)၊

(ဂ) Drum Seeder ဖြင့် စိုက်ပျိုးခြင်းစနစ်၊

(ဃ) ကြဲခင်းစနစ်၊

၃။ လုပ်သားအင်အားရရှိနိုင်မှုပေါ်မူတည်၍ –

(က) လုပ်သားအင်အားရရှိနိုင်ပါက ပျိုးသက်နုကောက်ကွက်ကြဲ(SRI)စနစ်ကို အသုံးပြုရန်၊

( ခ) လုပ်သားအင်အား အကန့်အသတ်ရှိပါက တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းစနစ် (အခြောက်/အစို)၊ Drum Seeder ဖြင့် စိုက်ပျိုးခြင်းစနစ်နှင့် ကြဲခင်းစနစ်များကို အသုံးပြုစိုက်ပျိုးရန်၊

၄။ လယ်ယာလုပ်ငန်းခွင်နှင့်ပတ်သက်၍ အခက်အခဲများ ကြုံတွေ့ပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီး ဌာနရုံးများ၊

စက်မှုလယ်ယာဦးစီးဌာနရုံးများနှင့်ရုံးချုပ်(ဖုန်း-၀၆၇-၃၄၁၀၅၂၆)သို့ ဆက်သွယ် ဆောင်ရွက်ကြပါရန်အသိပေးနှိုးဆော်အပ်ပါသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

Zawgyi

ေတာင္သူူလယ္သမားမ်ားသိုိ႔ အႀကံျပဳႏွိုးေဆာ္ခ်က္

မိုးေလဝသႏွင့္ဇလေဗဒဦးစီးဌာနမွ ခန႔္မွန္းခ်က္မ်ားအရ ယခုႏွစ္တြင္္ မုတ္သုန္ေလဝင္ေရာက္မွု ေနာက္က်ၿပီး၊

မိုးရြာသြန္းမွုေလ်ာ့နည္းနိုင္သည့္အတြက္ စိုက္ပ်ိဳးေရရရွိမွုနည္းပါးနိုင္ေၾကာင္း သိရွိ ရပါသည္။

သို႔ပါ၍ ရာသီဥတုေျပာင္းလဲမွု အေျခအေနမ်ားေပၚမူတည္၍ တုန႔္ျပန္ေဆာင္ရြက္ နိုိင္မည့္

ေအာက္ပါနည္းလမ္းမ်ားကို ေဆာင္ရြက္ၾကရန္ အသိေပးထုတ္ျပန္အပ္ပါသည္။

၁။ ေရလိုအပ္ခ်က္နည္း၍ ေဒသႏွင့္ကိုက္ညီသည့္ ေဈးကြက္ဝင္ သက္တမ္းတိုစပါးမ်ိဳးမ်ားႏွင့္ ေရငတ္ဒဏ္ခံစပါးမ်ိဳးမ်ား ေျပာင္းလဲစိုက္ပ်ိဳးၾကရန္ျဖစ္ပါသည္။

၂။ ေအာက္ပါေရလိုအပ္ခ်က္ေလ်ာ့နည္းသည့္စိုိက္ပ်ိဳးေရးနည္းစနစ္မ်ား ေျပာင္္းလဲစိုက္ပ်ိဳးၾကရန္ ျဖစ္ပါသည္။

(က) ပ်ိဳးသက္ႏုေကာက္ကြက္ၾကဲ(SRI)စနစ္၊

(ခ) တိုက္ရိုက္အေစ့ခ် စိုက္ပ်ိဳးနည္းစနစ္(အေျခာက္/အစို)၊

(ဂ) Drum Seeder ျဖင့္ စိုက္ပ်ိဳးျခင္းစနစ္၊

(ဃ) ၾကဲခင္းစနစ္၊

၃။ လုပ္သားအင္အားရရွိိနိုင္မွုေပၚမူတည္၍ –

(က) လုပ္သားအင္အားရရွိနိုင္ပါက ပ်ိဳးသက္ႏုေကာက္ကြက္ၾကဲ(SRI)စနစ္ကို အသုံးျပဳရန္၊

( ခ) လုပ္သားအင္အား အကန႔္အသတ္ရွိပါက တိုက္ရိုက္အေစ့ခ် စိုက္ပ်ိဳးနည္းစနစ္္ (အေျခာက္/အစို)၊ Drum Seeder ျဖင့္ စိုက္ပ်ိဳးျခင္းစနစ္ႏွင့္ ၾကဲခင္းစနစ္မ်ားကို အသုံးျပဳစိုက္ပ်ိဳးရန္၊

၄။ လယ္ယာလုပ္ငန္းခြင္ႏွင့္ပတ္သက္၍ အခက္အခဲမ်ား ၾကဳံေတြ႕ပါက နီးစပ္ရာ စိုက္ပ်ိဳးေရးဦးစီး ဌာန႐ုံးမ်ား၊

စက္မွုလယ္ယာဦးစီးဌာန႐ုံးမ်ားႏွင့္႐ုံးခ်ဳပ္(ဖုန္း-၀၆၇-၃၄၁၀၅၂၆)သို႔ ဆက္သြယ္ ေဆာင္ရြက္ၾကပါရန္အသိေပးႏွိုးေဆာ္အပ္ပါသည္။

စိုိက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန

About the author

Aung Lay

Leave a Comment