ဆီးချိုသမားနဲ့ သံပရို
သံပရိုသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်စီ ၊ ပိုတက်ဆီယမ်တို့လို မျိုး နှလုံးကိုကျန်းမာစေနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ သည်ဓာတ်တွေက ဆီးချိုရှိတဲ့ သူတွေမှာ နှလုံးကျန်းမာအောင် အထောက်အပံ့ပေးပါတယ်။ သံပရိုသီးမှာပါတဲ့ ဗီတာမင်စီက သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။
ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ မနက်ခင်းတိုင်းမှာ သံပရိုသီးနဲ့ ရေနွေးသောက်သုံးပေးမယ်ဆိုရင် ဇီဝတွင်း ဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေမှာပါ။
အစားအစာတွေစားတဲ့အခါမှာ သံပရိုသီးလေးထည့်ပြီး စားသုံးပေးမယ်ဆိုရင် ခံတွင်းလိုက်ပြီး လန်းဆန်းမှုကိုခံစားရစေမှာပါ။ ဆီးချိုရှိသူတွေအနေနဲ့လည်း နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ သံပရိုသီးထည့်စားပြီး ကျန်းမာရေးအကျိုး အာနိသင်တွေရယူလိုက်ပါ။
၁။ သံပရိုသီးရဲ့ဗီတာမင်စီက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင် ။
သံပရိုသီးက အစားအစာတွေရဲ့အရသာကို တိုးစေနိုင်ပါတယ်။ သံပရိုသီးမှာပါတဲ့ ဗီတာမင်စီက ဆီးချိုဝေဒနာခံစားရနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကို နှစ်ခြိုက်စွာစားသုံးသူတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေကို တော်တော်လေးလျော့ပါးစေနိုင်တာပါ။
ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တဲ့ သံပရိုသီးမှာပါတဲ့ ဗီတာမင်စီက အမျိုးအစား-၂ ဆီးချိုရောဂါကို ကုသရာမှာအထောက်အကူပြုပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီကိုလည်း သံပရိုသီးကနေရရှိနိုင်ပါတယ်။ ဗီတာမင်စီကို ပုံမှန်စားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်တာကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ သံပရိုသီးလေးထည့်စားကြဖို့ ပြောပါရစေ။
၂။ သံပရိုသီးမှာပါတဲ့အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးထိခိုက်နိုင်ခြေကိုလျော့ကျစေနိုင် ။
သံပရိုသီးမှာ အမျှင်ဓာတ် ၂.၄ ဂရမ်ပါဝင်နေတာကြောင့် သံပရိုသီးကို စားသုံးပေးရုံနဲ့ ဆီးချိုသမားတွေမှာ လိုအပ်တဲ့အမျှင်ဓာတ်ကိုရရှိစေမှာဖြစ်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။
အမျှင်ဓာတ်ပါတဲ့အစားအစာတွေက အင်ဆူလင်လိုအပ်မှုကိုလျှော့ချပေးနိုင်သွေးတွင်း ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။ အမျှင်ဓာတ်ကအဆာခံနိုင်စေတာကြောင့် ခဏခဏ မစားမိစေအောင်လုပ်ဆောင်ပေးခြင်းဖြင့် သွေးတွင်း သကြားဓာတ်တွေမကျဆင်းအောင်အထောက်အကူပြုပေးနိုင်ပါ တယ်။
၃။ ပိုတက်ဆီယမ်က နှလုံးပြဿ နာကင်းဝေးစေနိုင်
ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်ပြီး လေဖြတ်နိုင်ခြေနဲ့ ရုတ်တရက်နှလုံးရပ်တန့်တာမျိုးဖြစ်နိုင်ခြေကိုကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ သံပရိုသီးပါဝင်အောင် စားသုံးပေးမယ်ဆိုရင် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ဖြစ်လာတတ်တဲ့ နှလုံးပြဿနာတွေနဲ့ လေဖြတ်နိုင်ခြေတွေကိုကျဆင်းစေ နိုင်ပါတယ်။
၄။ အစာကြေစေနိုင်
ဆီးချိုဝေဒနာသည်တွေအနေနဲ့ အစာခြေစနစ်ကောင်းမွန်အောင် ထိန်းသိမ်းလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဆီးချိုဝေဒနာခံစားရတဲ့အခါ ခန္ဓာကိုယ်ရဲ့ဖြစ်စဉ်တွေကို ထိန်းချုပ်နိုင်စွမ်းက ကျဆင်းသွားတတ်ကြပါတယ်။ သည်လိုကျ ဆင်းမှုဖြစ်စဉ်တွေထဲမှာ အစာခြေစနစ်ဖြစ်စဉ်လည်း တစ်ခုအပါအဝင်ပါ။
ဒါကြောင့် အခန့်မသင့်တဲ့အခါဆီးချိုဝေဒနာရှင်တွေဟာ စားချဉ့်ပြန်တာ၊ အစာမကြေတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် သံပရိုသီးတစ်စိတ်လောက်ကိုရေနွေးလေးနဲ့ သောက်သုံးပေးပြီး အစာခြေစနစ်ပြဿနာတွေနဲ့ ခပ်ကင်း ကင်းနေလိုက်ပါ။
၅။ အာဟာရစုပ်ယူမှုကို ကောင်းမွန်စေနိုင်တယ်။
ဆီးချိုရောဂါသည်တွေရဲ့ခန္ဓာကိုယ်က ပုံမှန်သူတွေထက် အာဟာရစုပ်ယူနိုင်စွမ်းပိုနည်းကြပါတယ်။ အချိုဓာတ်ကို အနည်းငယ်သာစားသုံးရတာကြောင့် ခန္ဓာကိုယ်က အာဟာရ ဓာတ်တွေရရှိမှုမှာ အနည်းငယ်အခက်အခဲရှိ နေတာလည်းဖြစ်ပါတယ်။သည်ပြဿနာတွေကို ပြေလည်စေဖို့ ကတော့ နေ့စဉ်စားသုံးတဲ့အစား အစာတွေထဲမှာ သံပရိုသီးပါဝင် အောင်စားသုံးပေးလိုက်ပါ။
သံပရိုသီးမှာ ဗီတာမင်နဲ့သတ္ထုဓာတ်တွေ၊ အမျှင်ဓာတ်တွေ၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဖောလိတ်တို့ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို ရရှိစေနိုင်ပါတယ်။ ဒါတွေတင်မဟုတ်ဘဲ သံပရိုသီးမှာကာဘိုဟိုက်ဒရိတ်နဲ့သကြားဓာတ်တို့လည်းပါဝင်နေပါသေးတယ်။
ခရစ်ဒစ်
Zawgyi
ဆီးခ်ိဳသမားနဲ႔ သံပရိုိ
သံပရိုိသီးမွာ အမၽွင္ဓာတ္၊ ဗီတာမင္စီ ၊ ပိုတက္ဆီယမ္တို႔လို မ်ိဳး ႏွလုံးကိုက်န္းမာေစနိုင္တဲ့ ဓာတ္ေတြပါဝင္ေနပါတယ္။ သည္ဓာတ္ေတြက ဆီးခ်ိဳရွိတဲ့ သူေတြမွာ ႏွလုံးက်န္းမာေအာင္ အေထာက္အပံ့ေပးပါတယ္။ သံပရိုသီးမွာပါတဲ့ ဗီတာမင္စီက ေသြးတြင္းသၾကားဓာတ္ပမာဏကို ထိန္းညႇိေပးနိုင္ပါတယ္။
ဒါေၾကာင့္ ဆီးခ်ိဳရွိသူေတြအေနနဲ႔ မနက္ခင္းတိုင္းမွာ သံပရိုသီးနဲ႔ ေရေႏြးေသာက္သုံးေပးမယ္ဆိုရင္ ဇီဝတြင္း ျဖစ္စဥ္ေတြကို တိုးတက္ေကာင္းမြန္ေစမွာပါ။
အစားအစာေတြစားတဲ့အခါမွာ သံပရိုသီးေလးထည့္ၿပီး စားသုံးေပးမယ္ဆိုရင္ ခံတြင္းလိုက္ၿပီး လန္းဆန္းမွုကိုခံစားရေစမွာပါ။ ဆီးခ်ိဳရွိသူေတြအေနနဲ႔လည္း ေန႔စဥ္စားသုံးတဲ့အစားအစာထဲမွာ သံပရိုသီးထည့္စားၿပီး က်န္းမာေရးအက်ိဳး အာနိသင္ေတြရယူလိုက္ပါ။
၁။ သံပရိုသီးရဲ့ဗီတာမင္စီက ေသြးတြြင္းသၾကားဓာတ္ကိုိ က်ဆင္းေစနိုိင္ ။
သံပရိုသီးက အစားအစာေတြရဲ့အရသာကို တိုးေစနိုင္ပါတယ္။ သံပရိုိသီးမွာပါတဲ့ ဗီတာမင္စီက ဆီးခ်ိဳေဝဒနာခံစားရနိုင္ေျခကို ေလ်ာ့က်ေစနိုင္ပါတယ္။ သစ္သီးေတြနဲ႔ဟင္းသီးဟင္းရြက္ေတြကို ႏွစ္ၿခိဳက္စြာစားသုံးသူေတြမွာ ဆီးခ်ိဳေရာဂါျဖစ္နိုင္ေျခကို ေတာ္ေတာ္ေလးေလ်ာ့ပါးေစနိုင္တာပါ။
ဟင္းသီးဟင္းရြက္တစ္မ်ိဳးျဖစ္တဲ့ သံပရိုသီးမွာပါတဲ့ ဗီတာမင္စီက အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါကို ကုသရာမွာအေထာက္အကူျပဳေပးနိုင္တယ္လို႔ ေလ့လာမွုေတြအရ သိရပါတယ္။
ခႏၶာကိုယ္အတြက္ ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္စီကိုလည္း သံပရိုသီးကေနရရွိနိုင္ပါတယ္။ ဗီတာမင္စီကို ပုံမွန္စားသုံးေပးမယ္ဆိုရင္ ေသြးတြင္းသၾကားဓာတ္ကို ေလ်ာ့က်ေစနိုင္တာေၾကာင့္ ေန႔စဥ္စားသုံးတဲ့အစားအစာထဲမွာ သံပရိုသီးေလးထည့္စားၾကဖို႔ ေျပာပါရေစ။
၂။ သံပရိုသီးမွာပါတဲ့အမၽွင္ဓာတ္က ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးနိုင္ၿပီး ႏွလုံးထိခိုက္နိုင္ေျခကိုေလ်ာ့က်ေစနိုင္ ။
သံပရိုိသီးမွာ အမၽွင္ဓာတ္ ၂.၄ ဂရမ္ပါဝင္ေနတာေၾကာင့္ သံပရိုသီးကို စားသုံးေပး႐ုံနဲ႔ ဆီးခ်ိဳသမားေတြမွာ လိုိအပ္တဲ့အမၽွင္ဓာတ္ကိုရရွိေစမွာျဖစ္ၿပီး ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါျဖစ္နိုင္ေျခကို က်ဆင္းေစနိုင္ပါတယ္။
အမၽွွင္ဓာတ္ပါတဲ့အစားအစာေတြက အင္ဆူလင္လိုအပ္မွုကိုေလၽွာ့ခ်ေပးနိုင္ေသြးတြင္း ကိုလက္စထေရာပမာဏကို က်ဆင္းေစနိုင္ပါတယ္။ အမၽွင္ဓာတ္ကအဆာခံနိုင္ေစတာေၾကာင့္ ခဏခဏ မစားမိေစေအာင္လုပ္ေဆာင္ေပးျခင္းျဖင့္ ေသြးတြင္း သၾကားဓာတ္ေတြမက်ဆင္းေအာင္အေထာက္အကူျပဳေပးနိုင္ပါ တယ္။
၃။ ပိုိတက္ဆီယမ္က ႏွလုံးျပႆ နာကင္းေဝးေစနိုင္
ပိုတက္ဆီီယမ္က ေသြးေပါင္ခ်ိန္ကိုေလ်ာ့က်ေစနိုင္ၿပီး ေလျဖတ္နိုင္ေျခနဲ႔ ႐ုတ္တရက္ႏွလုံးရပ္တန႔္တာမ်ိဳးျဖစ္နိုင္ေျခကိုက်ဆင္းေစနိုင္ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္စားသုံးတဲ့အစားအစာေတြထဲမွာ သံပရိုသီးပါဝင္ေအာင္ စားသုံးေပးမယ္ဆိုရင္ ဆီးခ်ိဳေရာဂါရဲ့ ေနာက္ဆက္တြဲအေနနဲ႔ျဖစ္လာတတ္တဲ့ ႏွလုံးျပႆနာေတြနဲ႔ ေလျဖတ္နိုင္ေျခေတြကိုက်ဆင္းေစ နိုင္ပါတယ္။
၄။ အစာေၾကေစနိုိင္
ဆီးခ်ိဳေဝဒနာသည္္ေတြအေနနဲ႔ အစာေျခစနစ္ေကာင္းမြန္ေအာင္ ထိန္းသိမ္းလုပ္ေဆာင္ဖို႔လိုအပ္ပါတယ္။ ဆီးခ်ိဳေဝဒနာခံစားရတဲ့အခါ ခႏၶာကိုယ္ရဲ့ျဖစ္စဥ္ေတြကို ထိန္းခ်ဳပ္နိုင္စြမ္းက က်ဆင္းသြားတတ္ၾကပါတယ္။ သည္လိုက် ဆင္းမွုျဖစ္စဥ္ေတြထဲမွာ အစာေျခစနစ္ျဖစ္စဥ္လည္း တစ္ခုအပါအဝင္ပါ။
ဒါေၾကာင့္ အခန္႔္မသင့္တဲ့အခါဆီးခ်ိဳေဝဒနာရွင္ေတြဟာ စားခ်ဉ့္ျပန္တာ၊ အစာမေၾကတာမ်ိဳးေတြခံစားရနိုင္ပါတယ္။ ဒါေၾကာင့္ သံပရိုသီးတစ္စိတ္ေလာက္ကိုေရေႏြးေလးနဲ႔ ေသာက္သုံးေပးၿပီး အစာေျခစနစ္ျပႆနာေတြနဲ႔ ခပ္ကင္း ကင္းေနလိုက္ပါ။
၅။ အာဟာရစုပ္ယူမွုကိုိ ေကာင္းမြန္ေစနိုင္တယ္။
ဆီးခ်ိဳေရာဂါသည္ေတြရဲ့ခႏၶာကိုယ္က ပုံမွန္သူေတြထက္ အာဟာရစုပ္ယူနိုင္စြမ္းပိုနည္းၾကပါတယ္။ အခ်ိဳဓာတ္ကို အနည္းငယ္သာစားသုံးရတာေၾကာင့္ ခႏၶာကိုယ္က အာဟာရ ဓာတ္ေတြရရွိမွုမွာ အနည္းငယ္အခက္အခဲရွိ ေနတာလည္းျဖစ္ပါတယ္။သည္ျပႆနာေတြကို ေျပလည္ေစဖို႔ ကေတာ့ ေန႔စဥ္စားသုံးတဲ့အစား အစာေတြထဲမွာ သံပရိုသီးပါဝင္ ေအာင္စားသုံးေပးလိုက္ပါ။
သံပရိုသီးမွာ ဗီီတာမင္နဲ႔သတၳဳဓာတ္ေတြ၊ အမၽွင္ဓာတ္ေတြ၊ ကယ္လ္ဆီယမ္၊ ပိုတက္ဆီယမ္၊ ေဖာလိတ္တို႔ပါဝင္တာေၾကာင့္ ခႏၶာကိုယ္အတြက္လိုအပ္တဲ့အာဟာရဓာတ္ေတြကို ရရွိေစနိုင္ပါတယ္။ ဒါေတြတင္မဟုတ္ဘဲ သံပရိုသီးမွာကာဘိုဟိုက္ဒရိတ္နဲ႔သၾကားဓာတ္တို႔လည္းပါဝင္ေနပါေသးတယ္။
ခရစ္ဒစ္္