ဒီနှစ်မှာ အင်္ဂါသားသမီးတွေအနေနဲ့ မိမိကြိုးစားထားသမျှတွေကို ပြန်လည်ခံစားရမယ့်နှစ်ပါ။ မနှစ်ကအပင်ပန်းခံခဲ့တာတွေ၊ ရင်းနှီးမြုပ်နှံခဲ့တာတွေ၊ အနစ်နာခံကြိုးစားခဲ့တာတွေ ရှိကြတဲ့သူအတွက် ဒီနှစ်ဟာ ကောင်းကျိုးကို ပိုမိုဖြစ်ထွန်းစေပါ့မယ်။အလုပ်သစ်၊ဝန်းကျင်သစ်တွင် ကြိုးစားရသော အချိန်ကာလဖြစ်၍ ကြိုးစားသလောက် အခွင့် ထူးရရှိပါလိမ့်မယ်။သွားလေရာ မျက်နှာပွင့်သော်လည်း ရန်သူများနေတတ်သည်။ တစ်ခုသိထားရမှာက မိသားစု အတွင်း ညီအကိုမောင်နှမများသူတွေ၊ ယောက်ဖ၊ယောင်းမတွေနဲ့ အတူယှဉ်တွဲနေထိုင် ကြရတဲ့သူတွေ အိမ်တွင်းရေး အပူရှိပါလိမ့်မယ်။ မိသားစုအတွင်းစိတ်သောကရောက်စရာ တွေကြုံနေရတတ် ပါတယ်။ ဒါကိုတော့ ရှောင်လွှဲလို့ မရနိုင်ပါ။
ဆီလုပ်ငန်း၊ စိန်ထည်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းတို့နှင့် အကျိုးပေးမည်။မိသားစုစီးပွားရေးနှင့်ပတ်သက်၍ အလုပ်အကိုင်များ ချဲ့ထွင်ရမည်။ ဒါမှမဟုတ်မိသားစုစီးပွားရေးတွေကွဲထွက်သွားနိုင် သည်။ ဝန်ထမ်းလခစား အလုပ်များ အလုပ်ပြောင်း၊ဋ္ဌာနပြောင်းတာမျိုးကတော့ လူနည်းစုလောက်သာကောင်း နိုင်ပါတယ်။ မလို အပ်ဘဲ အလုပ်ထွက်တာ၊အလုပ်နေရာပြောင်းတာမျိုးတွေမလုပ်စေချင်ပါဘူး။ ဤနှစ်အတွင်း အပြင်မိတ် ကောင်း၊ ဆွေကောင်းများနှင့်တိုင်ပင်ပြီး လုပ်ငန်းများလုပ်ခြင်းဖြင့်အောင်မြင် လာလိမ့်မည်။လုပ်ငန်းသစ်၊စီးပွားသစ်စချင်တဲ့ သူတွေကိုတော့ အထူးအားပေးပါတယ်။ ဒီနှစ်ကစတင်အရှိန်ယူရမယ့်နှစ်မျိုးဖြစ်နေလို့ပါ။ တစ်ခုခုကိုလုပ်ချင်စိတ်ရှိ နေတယ်ဆိုရင်ငွေအများကြီးမရှိတောင်မြေစမ်းခရမ်းပျိုးလုပ်ကြည့်သင့်တဲ့နှစ်တစ်ခုပဲဖြစ်ပါလိမ့်မယ်။ဒါအပြင် ပင်မ အလုပ်တစ်ခုခုလုပ်နေရင်းကနေ အချိန်ပိုလေးတွေကို တစ်ခုခုfreelancerလုပ်ကိုင်တာမျိုးက မထင်မှတ်လောက်အောင် တိုးတတ်မှုကိုရစေပါလိမ့်မယ်။
နိုင်ငံခြားခရီးသွားလာခြင်းများကြုံတွေ့လာရတတ်သည်။ပြည်တွင်းပြည့်ပ ဆက်သွယ်ရေး လုပ်ငန်း များလုပ် ခြင်း၊ ကွန်ပျူတာနှင့် တီထွင်ပညာများ ဆောင်ရွက်ခြင်းများကောင်းသည်။ အပန်းဖြေစခန်းဖွင့်ခြင်း၊ အလုပ် သစ် များ စတင်ထူထောင်ခြင်းများ အထူးအကျိုးပေးမည်။ လုပ်ငန်းကိစ္စများတွင် ကြာသပတေး၊ စနေသားသမီး များ နှင့် ဆောင်ရွက်ခြင်းများ အထူးရှောင်ကြဉ်ရမည်။ တနင်္ဂနွေ၊ အင်္ဂါသားသမီးတို့နှင့် အကျိုးပေးမည်။ မငြိမ်းချမ်းသော နေရာဒေသများသို့ခရီးသွားလာခြင်းများ အထူးရှောင်ကြဉ်ရမည်။ အိမ်၊ ခြံ ၊မြေ၊ ကား၊ တိုက်ခန်း အပြောင်းအလဲ ရှိ မည်။ အိုးအိမ်သစ်ဝယ်လို့ကောင်းတဲ့နှစ်ပါပဲ။ ရှိတဲ့ငွေလေးနဲ့ ခြံလေး၊မြေလေးဝယ်ချင်တယ်ဆိုရင်တော့ ဒီနှစ်မှာ ဝယ် ထား လိုက်စေချင်ပါတယ်။
စီးပွားဖက်များ၊လုပ်ဖော်ကိုင်ဖက်များကပေးထားသောကတိများပျက်ပြယ်ခြင်းများကြောင့်မိမိဆောင်ရွက် ထားသမျှ သဲထဲရေသွန်သလို ဖြစ်သွားတတ်သည်။ ဘယ်သူပြောတဲ့နှုတ်ကတိကိုမှအကြွင်းမဲ့ မယုံကြည်သင့် ပါဘူး။ ဖုန်းနှင့် အဖိုးတန်ပစ္စည်းများ ကျပျောက်ကိန်းရှိသည်။ ပညာရေးတွင် ဉာဏ်ရည်ထက်မြက်ကြီးမားလိမ့်မည်။ အတတ်ပညာကို အခြေပြု၍ အဆင့်မြင့်ပညာရပ်များ ဆည်းပူးလေ့လာနိုင်လျှင် အထူးအောင်မြင်မည်။ပညာ တစ်ခု ခုကို အဆုံးထိသင်ပါ။ သင်တန်းတက်လိုက် တစ်လလောက် လိုက်လုပ်လိုက်၊ပြီးရင်မေ့ထားလိုက်ဆိုတာ မျိုးဖြစ် နေတတ်လို့ပါ။ ပညာရေးနဲ့ စီးပွားရှာတဲ့အလုပ်တွေကတော့ထင်သလောက်အကျိုးမပေးတာကိုတွေ့ရပါ တယ်။
ကျန်းမာရေးတွင် သတိထားရမှာက အရမ်းအထိုင်များလွန်းတာပဲဖြစ်ဖြစ်၊ အမြဲတမ်းမတ်တပ် ရပ်နေ ရတဲ့ အလုပ်မျိုး လုပ်နေရသူတွေအထူးသတိထားပါ။ ဒါအပြင်ဆီးဝမ်းသွေးလေ မှန်အောင်နေပါ။ ဝမ်းချုပ်မခံသင့်သလို၊ မိန်းကလေးများလဲ ဓမ္မတာမှန်အောင်ဂရုစိုက်ပါ။ချောင်းဆိုးရောဂါ၊ အဆုတ်နှင့်ပတ်သက်သောရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ မီးယပ်ရောဂါများ ၊အကြောအဆစ် ရောင်ရမ်း သော ဝေဒနာများကို ခံစားရမည်။ ကျန်းမာရေးကိစ္စရပ်များညံ့လာပါကစနစ်တကျကုသမှုခံယူသင့်သည်။
လူမှုရေးတွင်လည်း ကောင်းမွန်သောအချိန် အခါဖြစ်မည်။ ပျိုရွယ်သူများ မိမိမေတ္တာရေးအပေါ်၌ လေးလေး နက်နက် တန်ဖိုးထားသောသူများနှင့် တွေ့ကြုံရတတ်သည်။ ခရီးသွားလာရာတွင်လည်းကောင်း ချစ်သူ၊ ရည်းစား အဖြစ် တွေ့ဆုံသွားရတတ်သည်။ချစ်သူရှိပြီးသူများ အချစ်ရေးတွင် နားလည်မှုမလွဲမှားစေရန် ကြိုးစားရသောအချိန် ကာလဖြစ်သည်။ အိမ်ထောင်ရေးကို သာယာညီညွတ်အောင် ထိန်းသိမ်းနိုင်ဖို့လိုပါတယ်။ အိမ်ထောင်ဘက်နဲ့ အနည်း ငယ်သဘောထားမတိုက်ဆိုင်တာများနေတတ်ပါတယ်။ အိမ်ထောင်ရေးသာယာချင်တယ်ဆိုရင်တော့ ဘာလုပ်လုပ် အိမ်ထောင်ဘက်ကိုတိုင်ပင်ပါ။ ကိုယ့်သဘောဆန္ဒတစ်ခုထဲလုပ်လိုက်ရာက ပြဿနာပေါ်ပြီးအိမ်ထောင်ရေး အကြီး အကျယ် ပြဿနာတတ်သွားနိုင်လို့ပါပဲ။
အကျိုးပေးဂဏန်း….၂၊၄၊၆၊၉
အကျိုးပေးအက္ခရာ….စ၊ပ၊က၊ခ
အကျိုးပေးအရောင် ….ကြက်သွေးရောင်၊ ဖက်ဖူးရောင်၊မီးခိုးရောင်
တစ်နှစ်စာယတြာ…..သန့်ရှင်းရေးကုသိုလ်ယူပါ။ ထွေးခံ၊အမှိုက်တောင်း၊ သွားတိုက်ဆေး၊ဆပ်ပြာ စတာတွေကိုနီးစပ် သူတွေကို လှူဒါန်းပေးပါ။
ဒီနှစ်အတွင်း အဖက်ဖက်က အဆင်ပြေကံကောင်းမှုတွေရရှိပါစေ။
ဆရာငြိမ်းအေးလူ လက်ဆန်းဗေဒင်သုတေသီ
09775555695 , 09445555695