ဗုဒ္ဓဟူး / ရာဟု သားသမီးများသည် ဤနှစ်တွင် ကံကြမ္မာက ဆိုးမလိုလိုနှင့်အကောင်းဘက်ကို အလေးသာ တာ ကိုတွေ့ရပါတယ်။မိမိအတွေ့အကြုံများအပေါ် မူတည်၍ လုပ်ငန်းများတွင် အခွင့်အရေးကောင်းများ ရရှိပြီး အောင်မြင်မှုများ ဆွတ်ခူးရယူနိုင်ပါသည်။ မိမိတတ်သိနားလည်ထားတဲ့ပညာတွေကိုအစွမ်းကုန် ထုတ်သုံးတတ် ဖို့လို ပါတယ်။သို့သော်တစ်ပါးသူအပေါ်အားကိုးမရသောကာလဖြစ်ပါသည်။လူရွယ်များ၊လူလတ်ပိုင်းများခေါင်းအေးအေး ထားပြီး စဉ်းစားဖို့လိုပါတယ်။…ငါဘာလုပ်တတ်လဲ…ဘာတွေလုပ်ချင်လဲ….ဘာဝါသနာပါလဲပြန်မေး ပါ။
မိမိအားသာတဲ့ အချက်တွေကို ထုတ်ယူအသုံးချမှအဆင်ပြေပါလိမ့်မယ်။ဒီနှစ်ဟာ ဗုဒ္ဓဟူး၊ရာဟု သားသမီးတွေအားလုံးလိမ္မာပါး နပ်ဖို့လိုအပ်သလို…ခပ်တုံးတုံးနဲ့ ဆင်ခြင်တုံတရားနည်းတဲ့သူတွေကတော့ ဒုက္ခများနိုင်ပါတယ်။ အခွင့်အရေးတွေက အရိပ်ပြရုံလောက်သာ ပြမည်။ ကိုယ်က အရိပ်ပြလို့အကောင်မမြင်ဘူးဆိုရင်တော့ ဒီနှစ်ဟာ တိုးတတ်ဖို့လမ်းစမမြင် ပါဘူး။
စက်သုံးဆီရောင်းဝယ်ခြင်း၊ ဖျော်ရည်ယမကာများ၊ ကွန်ပျူတာနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ ရွှေထည်၊ ငွေထည်၊ ကျောက်မျက်ရတနာများ တူးဖေါ်ရောင်းဝယ်ခြင်း လုပ်ငန်းများ အထူးကောင်းပါသည်။ နယ်စပ်ခရီး၊ အလှကုန်၊ စားသောက်ကုန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း များ အကျိုးပေးမည်။ အရာရာတွင် သတိနှင့်သာ ဆောင်ရွက်လုပ်ကိုင်နိုင်ပါသည်။ ပြောချင်တာက လူရည်လည်ဖို့လိုအပ်ပါတယ်။
ငွေကြေးကိစ္စများ၊ စာချုပ်၊ စာတမ်း ကိစ္စများနှင့် တစ်ပါးသူများအား အာမခံခြင်း၊ လက်မှတ်ရေးထိုးပေးခြင်းတို့ကို အထူးဂရုစိုက်ပေးပါ။ ကိုယ်နားမလည် တဲ့ကိစ္စတွေကို တက်ယောင်ကားလျှောက်မလုပ်ပါနဲ့။နားလည်တက်ကျွမ်းသူကိုဆရာတင်ပါ။ အဲလို မှမလုပ်ရင် တစ်ပါးသူ၏ အနှောက်အယှက်များကြောင့် ဥပဒေနှင့်ရင်ဆိုင်ရတတ်သည်။
လူစုလူဝေးနှင့် ပွဲလမ်းသဘင် အပျော် အပါးများ စိတ်ဝင်စားမှုကို ရှောင်ကြဉ်သင့်သည်။ ရေကြောင်းခရီးသွား လာခြင်းများ အထူးဂရုစိုက်ရမည်။လုပ်ငန်း ကိစ္စရပ်များကိုကြာသပတေး၊ သောကြာ၊ရာဟုသားသမီးများနှင့် တွဲဖက် ဆောင်ရွက်ခြင်းများ အထူးသတိရှိပါ။ တနင်္ဂနွေ၊ တနင်္လာသားသမီးတို့နှင့် အထူးအကျိုးပေးမည်။ သားသမီးများ အတွက် သတင်းကောင်းများ ကြားရတတ် သည်။
လုပ်ငန်းအမျိုးမျိုးကို ပြောင်းလဲလုပ်ကိုင်ရန် အခွင့်အရေးရသော် လည်း နဂိုမူလလုပ်ငန်းကိုသာ တစ်စိုက် မတ်မတ် ဆောင်ရွက်လုပ်ကိုင်မိနေတတ်ပါတယ်။ အမှန်ဆိုဒီလိုနှစ်ပိုင်း တွေက မိမိလုပ်ငန်းနယ်ပယ်အပြင်အခြားအလုပ်တွေကိုလေ့လာစူးစမ်းသင့်ပါတယ်။ ကိုယ်က HR လုပ်နေပေမယ့် အမှန်ဝါသနာပါတာက Sale&Marketing ဖြစ်နေတယ်ဆိုရင်အဲဒီနယ်ပယ်ဖို့ ခြေချနိုင်ဖို့ စတင်ပြင်ဆင်သင့်တဲ့ နှစ်ပါပဲ။
ဥပဒေပြင်ပကလုပ်ငန်းများရှောင် ရှားသင့်သည်။ ထီဆုကြီးပေါက်မည်။ဧပရယ်လကုန်ထိ ထီကံအား ကောင်း တာကို တွေ့ရပါတယ်။ ဗုဒ္ဓဟူးနံ လုပ်ငန်းများ အကျိုးမပေးပါ။ ငွေရကံကောင်းသော်လည်း အကြွေးပေးပါက ဆုံးရှုံး ရတတ်သည်။ ငွေကြေးကိစ္စများ ကံကောင်းနေ၍ သူတစ်ပါးအား ပေးကမ်းလှူဒါန်းနိုင်မည်။ စကားပြောဆို ဆက်ဆံ ရာတွင်လည်း ပညာအတွေးအခေါ် မြင့်မားပြီး အကွက်ကျကျ ပြောဆိုနိုင်မှအဆင်ပြေမည်။ ဒီနှစ်မှာ စကားကို ပရိယာယ်ကြွယ်ကြွယ် မပြောတတ်ပါကလွန်စွာမှလူမုန်းများတတ်ပါတယ်။ မပြောသင့်တာကို လုံး၀မပြောဘဲ နှုတ် နည်း တာအကောင်းဆုံးပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုများ မခံရဘဲ စိတ်ချမ်းသာအောင် နေထိုင်လုပ်ကိုင်နိုင်မည်။
အများအကျိုး၊ ပရဟိတလုပ် ငန်းများကို စိတ် လိုက်မာန်ပါ ဆောင်ရွက် လုပ်ကိုင်နိုင်မည်။ စီးပွားလာဘ် လာဘ များ အထူးတိုးတတ်လာမည်။ မိသား စု ရေးရာ ပြဿနာများ မကြာခဏ ဖြစ်ပေါ်လာပြီး အထင်လွဲမှုများ ကြုံ တွေ့ ရနိုင်ပါသည်။ မိသားစု၊ ညီအစ်ကို၊ မောင် နှမ တို့ အပေါ် ဩဇာပေးခြင်း မဟုတ်ဘဲ အကြံပြုသဘောဆောင်လျှင် မိသားစုအဆင်ပြေမည်။
ကျန်းမာရေးတွင် နှလုံး အားနည်းခြင်း၊ ခန္ဓာကိုယ်နေရာအနှံ့အပြားတွင် ကိုက်ခဲခြင်း၊ မတော် တဆ ထိခိုက်ရှနာမှုများဖြစ်ခြင်းနှင့် ခေါင်း မူး ဝေခြင်း များ ဖြစ်တတ်သည်။ နှလုံး၊ အူမကြီး ရောင်ရမ်းသော ဝေဒနာ များ ခံစားရမည်။ ပညာရေးတွင်လည်း ခက်ခဲစွာ ကြိုးစား၍ အောင်မြင်မှုများ ရမည်။ ပညာရေးတွင် နိုင်ငံခြား နယ်ပယ်အထိအောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူး နိုင်မည်။ လုပ်ငန်းခွင်စာမေးပွဲဖြေဆိုခြင်းများ အထူးကောင်းမည်။ ပညာရေး တွင် ရည်မှန်းချက် ကြီးမားသလောက် အောင်မြင်မှုများ ရရှိမည်။
အချစ်ရေးတွင် တစ်ပါးသူများ ဝင်ရောက်ပြီး ချစ်သူနှစ်ဦးကြား စိတ်ရှုပ်ထွေးရတတ်သည်။ ချစ်သူမရှိသေးသူများ အချစ်ရေးတွင် စစ်မှန်သော ဖူးစာရှင်နှင့်တွေ့မည်။ အိမ်ထောင်ရှင်များ အပျော်အပါးလိုက်စားခြင်းကြောင့် ပြဿနာများ ဖြေရှင်းရတတ်သည်။ လူမှုရေးပြဿနာပွေလီရှုတ်ထွေးမှုကြောင့် အိမ်ထောင်ရေး အညံ့ကြုံမည်။ အိမ်ထောင်ရေးတွင်ကိုယ်ကမှားနေရင် ဝန်ချတောင်းပန်ခြင်းဖြင့် ပြန်အဆင်ပြေနိုင်သလို သူဘက်ကမှားနေရင်လဲ နောက်မမှားဖို့ကတိပေးခိုင်းပြီး ခွင့်လွှတ်နိုင်မှအဆင်ပြေသာယာမည်။
အကျိုးပေးဂဏန်း…၁၊၂၊၅၊၇
အကျိုးပေးအက္ခရာ….အ၊က၊စ၊ဆ
အကျိုးပေးအရောင်…ကြက်သွေးရောင်၊ဝါညိုရောင်၊ ပန်းရောင်
တစ်နှစ်စာယတြာ……ဒီနှစ်မှာ တတ်နိုင်သမျှ ပရဟိတများများလုပ်စေချင်ပါတယ်။ တစ်ဦးတစ်ယောက်ကိုမြင်တာနဲ့ ဘာကူညီပေးရမလဲကိုတွေးပြီး ကူညီတာက ယတြာဖြစ်ပါလိမ့်မယ်။ တတ်နိုင်သလောက်မိမိတတ်သိထားတဲ့ပညာ တွေကို ပညာဒါနလုပ်ပေးပါ။
ဗုဒ္ဓဟူး၊ရာဟုသားသမီးများအားလုံး တစ်နှစ်တာအတွင်း ကံကောင်းခြင်းတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ လက်ဆန်းဗေဒင်သုတေသီ
09775555695 , 09445555695