ကိုဗစ္ကာကြယ္ေဆး ဝယ္ဖို႔ ဦးေဇာ္ေဇာ္က အစိုးရကို သိန္း ႏွစ္ေသာင္း လႉဒါန္းလိုက္ၿပီ
ကိုဗစ္ကပ္ေရာဂါကာကြယ္ကုသေရးအတြက္ ဧရာဝတီေဖာင္ေဒးရွင္းအေနျဖင့္
အတတ္ႏိုင္ဆုံးႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၿပီး ကိုဗစ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး
ဗဟိုေကာ္မတီမွ စီမံေဆာင္႐ြက္လ်က္ရွိေသာ ကာကြယ္ေဆးဝယ္ယူႏိုင္ရန္
အတြက္ကိုလည္း ေငြက်ပ္ (၂)ဘီလီယံကို လႉဒါန္းခဲ့ပါသည္။
ကိုဗစ္ ကပ္ေရာဂါကို ေက်ာ္လႊားႏိုင္ရန္အတြက္ ႏိုင္ငံေတာ္အစိုးရ၊ က်န္းမာေရးႏွင့္အားကစား
ဝန္ႀကီးဌာနတို႔၏ ဦးေဆာင္မႈျဖင့္ က်ရာေနရာမွ
အားလုံးႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။
ကမာၻသူကမာၻသားမ်ားအေနျဖင့္ ကပ္ေရာဂါအျမန္ဆုံးကင္းစင္၍ လူသားတို႔၏
ပုံမွန္ဘဝကို ျပန္လည္ရရွိပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းအပ္ပါသည္။
U Zaw Zaw
———
ကိုဗစ်ကာကွယ်ဆေး ဝယ်ဖို့ ဦးဇော်ဇော်က အစိုးရကို သိန်း နှစ်သောင်း လှူဒါန်းလိုက်ပြီ
ကိုဗစ်ကပ်ရောဂါကာကွယ်ကုသရေးအတွက် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်
အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး
ဗဟိုကော်မတီမှ စီမံဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးဝယ်ယူနိုင်ရန်
အတွက်ကိုလည်း ငွေကျပ် (၂)ဘီလီယံကို လှူဒါန်းခဲ့ပါသည်။
ကိုဗစ် ကပ်ရောဂါကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစား
ဝန်ကြီးဌာနတို့၏ ဦးဆောင်မှုဖြင့် ကျရာနေရာမှ
အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ကမ္ဘာသူကမ္ဘာသားများအနေဖြင့် ကပ်ရောဂါအမြန်ဆုံးကင်းစင်၍ လူသားတို့၏
ပုံမှန်ဘဝကို ပြန်လည်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
U Zaw Zaw