ျမန္မာႏိုင္ငံ COVID-19 ေရာဂါတိုက္ဖ်က္ေရး အေထာက္အကူျပဳႏိုင္ရန္ ဒုတိယအသုတ္ အျဖစ္ တ႐ုတ္ႏိုင္ငံမွ စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ ေရာက္ရွိ
ျမန္မာႏိုင္ငံ COVID-19 ေရာဂါတိုက္ဖ်က္ေရး အေထာက္အကူျပဳႏိုင္ရန္ ဒုတိယ အသုတ္ အျဖစ္ တ႐ုတ္ႏိုင္ငံမွ စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ တစ္ဖြဲ႕သည္ ယေန႔ ဧၿပီ ၂၄ ရက္ ၊ နံနက္ပိုင္းတြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ တ႐ုတ္ႏိုင္ငံ တပ္မေတာ္ေလယာဥ္ျဖင့္ ေရာက္ရွိလာခဲ့သည္။
တ႐ုတ္ႏိုင္ငံမွ စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ တြင္ အဖြဲ႕ ဝင္ ၆ ဦးလိုက္ပါလာခဲ့ၿပီး ၎တို႔ႏွင့္အတူ ေဆးဘက္ဆိုင္ရာ N95 & KN95 ႏွာေခါင္းစည္းမ်ား ၊ စမ္းသပ္ကိရိယာမ်ား ၊ ဆရာဝန္သုံး ႏွာေခါင္းစည္းမ်ား စသည့္ ေထာက္ပံ့ေရးပစၥည္းမ်ားလည္း ပါရွိလာခဲ့ကာ ယင္းပစၥည္းမ်ားအား ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ လႊဲေျပာင္းေပးအပ္ခဲ့ၿပီး ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္သက္ပုံ ႏွင့္ တာဝန္ရွိသူမ်ားက လက္ခံရယူခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီး မစၥတာခ်န္းဟိုင္က “တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ ျပည္သူျပည္သားမ်ား အၾကားမွာ နက္ရႈိင္းတဲ့ ေဆြမ်ိဳးေပါက္ေဖာ္ ခ်စ္ၾကည္ေရး ရွိသလိုပဲ ႏွစ္ႏိုင္ငံ တပ္မေတာ္ ႏွစ္ရပ္အၾကားမွာလည္း ခ်စ္ၾကည္ေရး ၊ ပူးေပါင္းေဆာင္႐ြက္ေရး အင္မတန္ ေကာင္းမြန္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာ COVID-19 ေရာဂါ ျဖစ္ပြားၿပီးတဲ့ ေနာက္ပိုင္းမွာလည္း ျမန္မာတပ္မေတာ္ အေနျဖင့္ အျမန္ဆုံး တ႐ုတ္ႏိုင္ငံ ျပည္သူျပည္သားမ်ားကို ကူညီေပးခဲ့ပါတယ္။ ေဆးကုသေရး ပစၥည္းမ်ားကို လႉဒါန္းေပးခဲ့ပါတယ္။ အဲဒီကူညီမႈက အင္မတန္ တန္ဖိုးရွိပါတယ္။ ကြၽန္ေတာ္တို႔ ေမ့ႏိုင္မွာ မဟုတ္ပါဘူး။ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ျဖစ္ပြားၿပီးတဲ့ ေနာက္ပိုင္းမွာ အခုဆိုရင္ အတည္ျပဳလူနာ ဦးေရ ပိုၿပီးေတာ့ မ်ားျပားလာပါတယ္။ အဲဒါေၾကာင့္ ဒီတစ္ေခါက္ တ႐ုတ္ႏိုင္ငံက စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္ အဖြဲ႕ကို ျမန္မာႏိုင္ငံသို႔ ေစလႊတ္ခဲ့ပါတယ္။ အဲဒီေဆးပညာရွင္ အဖြဲ႕ႏွင့္အတူ ဓာတ္ခြဲဖို႔ ေဆးပါဝင္တဲ့ ကုသေရး ပစၥည္းေတြ ပါလာပါတယ္။ အဲဒါဟာလည္း ျမန္မာႏိုင္ငံ COVID-19 ေရာဂါတိုက္ဖ်က္ေရးအား အေထာက္အကူျပဳႏိုင္ပါတယ္လို႔ ကြၽန္ေတာ္တို႔ ယူဆပါတယ္။ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး ၊ တပ္မေတာ္ ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရး ပူးေပါင္းေဆာင္႐ြက္ေရးကို ပိုၿပီးေတာ့ ျမႇင့္တင္ေစႏိုင္ပါတယ္လို႔ ယူဆပါတယ္။”ဟု ေျပာၾကားခဲ့သည္။
ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္သက္ပုံက “ဒီလို ေဆးဘက္ပညာရွင္ အဖြဲ႕ေတြ ေရာက္လာျခင္း ၊ ေဆးဘက္ဆိုင္ရာ COVID-19 အတြက္ အမ်ားႀကီး အေထာက္အကူျပဳမည့္ ပစၥည္းေတြ ေရာက္လာတာ အင္မတန္မွ ေက်းဇူးတင္ဖို႔ ေကာင္းပါတယ္။ ဒီပစၥည္းေတြဟာဆိုရင္လဲ အခ်ိန္တို အေတာအတြင္းမွာ ျမန္မာႏိုင္ငံ တစ္နံတစ္လ်ား လိုအပ္တဲ့ ေနရာေတြကို အျမန္ဆုံး ျဖန္႔ျဖဴးေဆာင္႐ြက္ေပးသြားမွာ ျဖစ္သလို ရန္ကုန္ၿမိဳ႕မွာ ရွိတဲ့ တပ္မေတာ္ ေဆး႐ုံႀကီးေတြမွာ ဒီကပါလာတဲ့ တ႐ုတ္ႏိုင္ငံက စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ COVID-19 ေရာဂါ ရွာေဖြျခင္းလုပ္ငန္းေတြ ၊ ကာကြယ္ကုသျခင္း လုပ္ငန္းေတြကို တိုင္ပင္ႏွီးေႏွာဖလွယ္ၿပီးေတာ့ အေကာင္းဆုံး တိုက္ဖ်က္သြားႏိုင္မယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္။ အမ်ားႀကီးလဲ လာေရာက္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ တ႐ုတ္ႏိုင္ငံကိုေရာ ၊ တ႐ုတ္တပ္မေတာ္ကိုေရာ ၊ တ႐ုတ္ျပည္သူေတြ အားလုံးကို ျမန္မာျပည္သူျပည္သားေတြေရာ ၊ ျမန္မာ့တပ္မေတာ္ကေရာ အားလုံးက ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားလိုပါတယ္။”ဟု ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံမွ စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ သည္ ျမန္မာ့တပ္မေတာ္ရွိ ေဆးဝါးကြၽမ္းက်င္ အဖြဲ႕မ်ားႏွင့္ ပူးေပါင္းၿပီး ရန္ကုန္ၿမိဳ႕ မဂၤလာဒုံၿမိဳ႕နယ္ရွိ ကုတင္ ၁၀၀၀ တပ္မေတာ္ ေဆး႐ုံ၌ ရက္သတၱပတ္ ႏွစ္ပတ္ၾကာ ပူးေပါင္းေဆာင္႐ြက္သြားမွာ ျဖစ္ေၾကာင္း ၊ ထိုကဲ့သို႔ ေဆာင္႐ြက္သည့္အတြက္ ႏိုင္ငံအတြက္ ေရာဂါ တိုက္ဖ်က္ေရး ေဆာင္႐ြက္ေသာ လုပ္ငန္းမ်ားကို မ်ားစြာအေထာက္အကူျပဳမည္ဟု ေမွ်ာ္လင့္ေၾကာင္း တိုင္းမႉး ဗိုလ္ခ်ဳပ္သက္ပုံက ထည့္သြင္း ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံမွ စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ တြင္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္(PLA) ေရတပ္ေဆးတကၠသိုလ္ Changhai ေဆး႐ုံ မွ အသက္႐ူလမ္းေၾကာင္းဆိုင္ရာ ေဆးပညာဌာန ဌာနမႉး ပါေမာကၡ Dr. Bai Chong ၊ တြဲဖက္ဆရာဝန္ Dr. Guan Zhenbiao ၊ အေရးေပၚေစာင့္ေရွာက္ကုသမႈ ေဆးပညာဌာန တြဲဖက္ဆရာဝန္ Dr. Shan Yi ၊ PLA ေရတပ္ေဆးတကၠသိုလ္ ၊ ေရတပ္ဆိုင္ရာ ပတ္ဝန္းက်င္ ႏွင့္ လုပ္ငန္းခြင္က်န္းမာေရးဌာန ပါေမာကၡ Dr. Ma Yajun ၊ ကူးစက္ေရာဂါ ျပန္႔ပြားျခင္း ႏွင့္ ကာကြယ္ျခင္းဆိုင္ရာ ေဆးပညာဌာန တြဲဖက္ပါေမာကၡ Dr. Yin Jianhua ၊ ဇီဝေဆးပညာကာကြယ္ေရးဌာန ကထိက Dr. Xia Binghui တို႔ ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသို႔ ၿပီးခဲ့ေသာ ဧၿပီ ၈ ရက္တြင္ တ႐ုတ္ႏိုင္ငံမွ အဖြဲ႕ဝင္ ၁၂ ဦး ပါဝင္ေသာ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္ အဖြဲ႕သည္ ပထမ အသုတ္အျဖစ္ ေဆးဘက္ဆိုင္ရာ ေထာက္ပံ့ေရး ပစၥည္းမ်ား ႏွင့္အတူ ေရာက္ရွိခဲ့ၿပီး ရက္သတၱပတ္ ႏွစ္ပတ္ အၾကာ ၎တို႔ေဆာင္႐ြက္ခဲ့ေသာ အေတြ႕အႀကဳံမ်ားအား ျမန္မာႏိုင္ငံမွ က်န္းမာေရး တာဝန္ရွိသူမ်ားႏွင့္ ဖလွယ္ခဲ့ကာ COVID-19 ေရာဂါ ကာကြယ္ ၊ ထိန္းခ်ဳပ္ ၊ ကုသေရး နယ္ပယ္မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားစြာ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
Credit : Xinhua News
Unicode
မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး အထောက်အကူပြုနိုင်ရန် ဒုတိယအသုတ် အဖြစ် တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ ရောက်ရှိ
မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး အထောက်အကူပြုနိုင်ရန် ဒုတိယ အသုတ် အဖြစ် တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ တစ်ဖွဲ့သည် ယနေ့ ဧပြီ ၂၄ ရက် ၊ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ်နိုင်ငံ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။
တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ တွင် အဖွဲ့ ဝင် ၆ ဦးလိုက်ပါလာခဲ့ပြီး ၎င်းတို့နှင့်အတူ ဆေးဘက်ဆိုင်ရာ N95 & KN95 နှာခေါင်းစည်းများ ၊ စမ်းသပ်ကိရိယာများ ၊ ဆရာဝန်သုံး နှာခေါင်းစည်းများ စသည့် ထောက်ပံ့ရေးပစ္စည်းများလည်း ပါရှိလာခဲ့ကာ ယင်းပစ္စည်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က “တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူပြည်သားများ အကြားမှာ နက်ရှိုင်းတဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရှိသလိုပဲ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြားမှာလည်း ချစ်ကြည်ရေး ၊ ပူးပေါင်းဆောင်ရွက်ရေး အင်မတန် ကောင်းမွန်ပါတယ်။ တရုတ်နိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာလည်း မြန်မာတပ်မတော် အနေဖြင့် အမြန်ဆုံး တရုတ်နိုင်ငံ ပြည်သူပြည်သားများကို ကူညီပေးခဲ့ပါတယ်။ ဆေးကုသရေး ပစ္စည်းများကို လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီကူညီမှုက အင်မတန် တန်ဖိုးရှိပါတယ်။ ကျွန်တော်တို့ မေ့နိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ အခုဆိုရင် အတည်ပြုလူနာ ဦးရေ ပိုပြီးတော့ များပြားလာပါတယ်။ အဲဒါကြောင့် ဒီတစ်ခေါက် တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ ဆေးပညာရှင် အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါတယ်။ အဲဒီဆေးပညာရှင် အဖွဲ့နှင့်အတူ ဓာတ်ခွဲဖို့ ဆေးပါဝင်တဲ့ ကုသရေး ပစ္စည်းတွေ ပါလာပါတယ်။ အဲဒါဟာလည်း မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအား အထောက်အကူပြုနိုင်ပါတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး ၊ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေးကို ပိုပြီးတော့ မြှင့်တင်စေနိုင်ပါတယ်လို့ ယူဆပါတယ်။”ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက “ဒီလို ဆေးဘက်ပညာရှင် အဖွဲ့တွေ ရောက်လာခြင်း ၊ ဆေးဘက်ဆိုင်ရာ COVID-19 အတွက် အများကြီး အထောက်အကူပြုမည့် ပစ္စည်းတွေ ရောက်လာတာ အင်မတန်မှ ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ဒီပစ္စည်းတွေဟာဆိုရင်လဲ အချိန်တို အတောအတွင်းမှာ မြန်မာနိုင်ငံ တစ်နံတစ်လျား လိုအပ်တဲ့ နေရာတွေကို အမြန်ဆုံး ဖြန့်ဖြူးဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ရန်ကုန်မြို့မှာ ရှိတဲ့ တပ်မတော် ဆေးရုံကြီးတွေမှာ ဒီကပါလာတဲ့ တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ COVID-19 ရောဂါ ရှာဖွေခြင်းလုပ်ငန်းတွေ ၊ ကာကွယ်ကုသခြင်း လုပ်ငန်းတွေကို တိုင်ပင်နှီးနှောဖလှယ်ပြီးတော့ အကောင်းဆုံး တိုက်ဖျက်သွားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အများကြီးလဲ လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တရုတ်နိုင်ငံကိုရော ၊ တရုတ်တပ်မတော်ကိုရော ၊ တရုတ်ပြည်သူတွေ အားလုံးကို မြန်မာပြည်သူပြည်သားတွေရော ၊ မြန်မာ့တပ်မတော်ကရော အားလုံးက ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။”ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ သည် မြန်မာ့တပ်မတော်ရှိ ဆေးဝါးကျွမ်းကျင် အဖွဲ့များနှင့် ပူးပေါင်းပြီး ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ကုတင် ၁၀၀၀ တပ်မတော် ဆေးရုံ၌ ရက်သတ္တပတ် နှစ်ပတ်ကြာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ၊ ထိုကဲ့သို့ ဆောင်ရွက်သည့်အတွက် နိုင်ငံအတွက် ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်သော လုပ်ငန်းများကို များစွာအထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ထည့်သွင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ရေတပ်ဆေးတက္ကသိုလ် Changhai ဆေးရုံ မှ အသက်ရူလမ်းကြောင်းဆိုင်ရာ ဆေးပညာဌာန ဌာနမှူး ပါမောက္ခ Dr. Bai Chong ၊ တွဲဖက်ဆရာဝန် Dr. Guan Zhenbiao ၊ အရေးပေါ်စောင့်ရှောက်ကုသမှု ဆေးပညာဌာန တွဲဖက်ဆရာဝန် Dr. Shan Yi ၊ PLA ရေတပ်ဆေးတက္ကသိုလ် ၊ ရေတပ်ဆိုင်ရာ ပတ်ဝန်းကျင် နှင့် လုပ်ငန်းခွင်ကျန်းမာရေးဌာန ပါမောက္ခ Dr. Ma Yajun ၊ ကူးစက်ရောဂါ ပြန့်ပွားခြင်း နှင့် ကာကွယ်ခြင်းဆိုင်ရာ ဆေးပညာဌာန တွဲဖက်ပါမောက္ခ Dr. Yin Jianhua ၊ ဇီဝဆေးပညာကာကွယ်ရေးဌာန ကထိက Dr. Xia Binghui တို့ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ပြီးခဲ့သော ဧပြီ ၈ ရက်တွင် တရုတ်နိုင်ငံမှ အဖွဲ့ဝင် ၁၂ ဦး ပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် ပထမ အသုတ်အဖြစ် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ နှင့်အတူ ရောက်ရှိခဲ့ပြီး ရက်သတ္တပတ် နှစ်ပတ် အကြာ ၎င်းတို့ဆောင်ရွက်ခဲ့သော အတွေ့အကြုံများအား မြန်မာနိုင်ငံမှ ကျန်းမာရေး တာဝန်ရှိသူများနှင့် ဖလှယ်ခဲ့ကာ COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။