News

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့စောင့်ရင်း ထိန်းသိမ်းသူမဲ့နေတဲ့ ရခိုင်ပြည်နယ်က ဘုရားစေတီများ

Written by Aung Lay

မြောက်ဦးဟာ ရခိုင်မှာ ထင်ရှားတဲ့ ရှေးဟောင်းအမွေအနှစ်တွေရှိနေတဲ့ မြို့ဟောင်းပါ။ ရခိုင်ခေတ် လေးခေတ်ဖြစ်တဲ့  ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စတဲ့ခေတ်ကြီးလေးခေတ်မှာ မြောက်ဦးဟာ နောက်ဆုံးခေတ်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်လောက်က ရခိုင်ဘုရင်တွေတည်ထားခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေ၊ ဗိသုကာလက်ရာတွေနဲ့ သမိုင်းမှတ်တိုင် တွေ အထင်အရှားရှိနေတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။

မြောက်ဦးလို့ပြောလိုက်ရုံနဲ့ သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အမ်တော်သိမ်၊ မာရ်ငါးပါးနဲ့ ကိုးသောင်းပုထိုးတော်တွေကိုပဲ လူသိများကြပါတယ်။ တကယ်တော့ မြောက်ဦးမှာ ဒီထက်မကတဲ့ ရှေးဟောင်းအမွေအနှစ်တွေ တော်တော်များများ ရှိနေတာပါ။

လက်ရှိမှာတော့ အဲ့ဒီအမွေအနှစ်တွေအားလုံးနီးပါးဟာ ယိုယွင်းပျက်စီးမှုတွေနဲ့ကြုံနေရပြီး ပြုပြင်ထိန်းသိမ်းမှုအပိုင်းတွေကို လည်း မလုပ်နိုင်တဲ့အတွက် နေ့စဉ်နဲ့အမျှ ယိုယွင်းပျက်စီးမယ့်ဘေးဘဏ်ကို ခံနေကြရတာဖြစ်ပါတယ်။

ပျက်စီးမှုတွေကို ကြံ့ကြံ့ခံနေရတဲ့ မြောက်ဦးမြို့ကို ထိန်းသိမ်းကာကွယ်ပေးနိုင်မယ့် UNESCO အသိမှတ်ပြုခံရဖို့ ဘယ်လောက်ကြာဦးမလဲဆိုတာနဲ့ ယူနက်စကို စာရင်းဝင်ဖို့ ရော နီးစပ်နေပြီလားဆိုတာကလည်း မခန့်မှန်းနိုင်သေးတဲ့အနေအထားဖြစ်နေပါတော့တယ်။

Credit : Photos

About the author

Aung Lay

Leave a Comment