COVID-19 ကပ်ရောဂါကာကွယ်ဆေးဝယ်ယူရန် ကမ္ဘောဇဘဏ်က ငွေကျပ်သန်း ၃၀၀၀ (၃ ဘီလီယံ) လှူဒါန်း
ကမ္ဘောဇတိုင်း
ကမ္ဘောဇဘဏ်က COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) သို့ COVID-19 ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် သန်း ၃၀၀၀ ( ငွေကျပ် ၃ ဘီလီယံ) ကို ဇန်နဝါရီလ ၇ ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်းသိရသည်။
ကမ္ဘောဇဘဏ်အနေဖြင့် ယခု COVID-19 ကာကွယ်ဆေးလှူဒါန်းမှုအပါအဝင် မြန်မာနိုင်ငံတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ၂၀၂၀ ခုနစ်ဖေဖော်ဝါရီလမှစတင်ကာ ယနေ့အထိ ငွေကျပ် ၁၄.၂ ဘီလီယံကျော် လှူဒါန်းထားပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့် ပြည်သူအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေးတွင် ယနေ့အချိန်အထိ ကျပ်ငွေ (၁၈၄) ဘီလီယံကျော်လှူဒါန်းထားပြီး COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်
အင်တိုက်အားတိုက် ပါဝင်လှူဒါန်း ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ နိုင်ငံနှင့်ပြည်သူအတွက် လိုအပ်လျက်ရှိသော COVID-19 ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ်သန်း ၃၀၀၀ (၃ ဘီလီယံ) ကို နိုင်ငံတော်မှ သတ်မှတ်ထားသော COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရံပုံငွေစာရင်းအမှတ်သို့ ပေးသွင်းထည့်ဝင်သွားမည်ဖြစ်ကြောင်းနှင့်
ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားရန် လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
#KBZBank #KBZTai #News