————-
ရန်ကုန် – ပြည်လမ်း တစ်လျှောက်ဟာ မြို့တွေ တစ်မြို့ပြီး တစ်မြို့ဖြတ်ပြီး သွားရသလိုပဲ စားစရာတွေ ဟာလဲ မြို့တိုင်းမှာရှိနေလို့ ဟိုမြို့ ခနရပ် ဒီမြို့ ခနနား ဆင်းဝယ် နဲ့ ကို တစ်လမ်းလုံး မအားရပါဘူး။
ခုလည်း အသိတစ်ယောက် က နတ်တလင်း မြို့ ရောက် ရင် ရေမုန့် စားကြည့် အရမ်းကို ကောင်းတယ်ဆိုတာနဲ့ ရအောင်ရှာပြီးဝယ်စားတာပါ။ရောင်းတဲ့ ကောင်လေးပြောပြမှပဲ ဒီရေမုန့်ဟာ တန်ဆောင်တိုင် ပွဲတော်ရက်တွေ ဆို တစ်ရက် သိန်း ၃၀ ဖိုးလောက် ရောင်းရတဲ့ ရေမုန့်ပါတဲ့။
သူ့ရေမုန့်က ရန်ကုန်က ရေမုန့်တွေလို မဟုတ်ဘူး။ ရန်ကုန်ရေမုန့် က ပါးလွှာပြီး ဆီတွေသိပ် များနေတာ..နတ်တလင်းရေမုန့်က နည်းနည်း ထူတယ် ပဲပြုတ်နိုင်းချင်း နဲ့ သိပ်ကောင်းတာ။
အဲ့နားမှာ တင်ထိုင်စားပစ်လိုက်တယ် .. အေးရော.. ရိုးရိုး မှ ၃၀၀၊ ကြက်ဥ နဲ့ ၅၀၀ တဲ့ပြည်သွား လို့ နတ်တလင်း ရောက်ရင် ဝင်စားခဲ့အုန်း။ ညနေ ၃ နာရီ လောက် မှ ရတာရယ်.. ပြည်လမ်း ဘေးမှာ တင်ရှိပါတယ်။