News

ကိုဗစ်ကာကွယ်ဆေး အလုံး (၃) သိန်း အခမဲ့ပေးမည်ဟု တရုတ်က မြန်မာကို ကမ်းလှမ်း

Written by Aung Lay

ကိုဗစ္ေရာဂါ ကာကြယ္ေဆး အလုံးေရ သုံးသိန္းကို တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံသလို႔ ကူညီပံ့ပိုးေရးႏွင့္ ျမန္မာႏိုင္ငံ ကိုဗစ္ ေရာဂါကာကြယ္ တိုက္ဖ်က္ေရး လုပ္ငန္းမ်ားအတြက္ ယြမ္ ၃ သန္းတန္ဖိုးရွိ ကိုဗ္ ေရာဂါ တိုက္ဖ်က္ ေရးဆိုင္ရာ ေဆးပစၥည္းမ်ား ေထာက္ပံ့ကူညီေရးအတြက္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိက သမၼတဦးဝင္းျမင့္ႏွင့္ ယေန႔ ေတြ႕ဆုံစဥ္ ေဆြးေႏြးေျပာၾကားလိုက္ ေၾကာင္း သိရပါတယ္။

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္သည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ႏိုင္ငံေတာ္ ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာ ဝမ္ယိ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ယေန႔မြန္းလြဲ ၃ နာရီတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္ သံတမန္ေဆာင္ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံစဥ္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ေဆြးေႏြးခဲ့ျခင္း ျဖစ္ပါတယ္။

ႏွစ္ႏိုင္ငံ ေခါင္းေဆာင္မ်ားေတြ႕ဆုံစဥ္ ျမန္မာႏွင့္ တ႐ုတ္ ႏွစ္ႏိုင္ငံ ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈမ်ား တိုးျမႇင့္သြားေရး၊ ႏွစ္ႏိုင္ငံအၾကား ေအးအတူပူအမွ် အသိုက္အဝန္း ထူေထာင္သြားေရးအတြက္ ႏွစ္ႏိုင္ငံ ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားေရး၊ ႏွစ္ႏိုင္ငံ အၾကား ကိုဗစ္ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားတြင္ ဆက္လက္ ပူးေပါင္းေဆာင္႐ြက္သြားေရး၊

တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံ ကိုဗစ္ ေရာဂါကာကြယ္ တိုက္ဖ်က္ေရး လုပ္ငန္းမ်ားအတြက္ ယြမ္ ၃ သန္းတန္ဖိုးရွိ ကိုဗစ္ ေရာဂါ တိုက္ဖ်က္ ေရးဆိုင္ရာ ေဆးပစၥည္းမ်ားႏွင့္ ျမန္မာျပည္သူမ်ားအတြက္ ကိုဗစ္ ေရာဂါကာကြယ္ ေဆး အလုံး ၃ သိန္း ကူညီပံ့ပိုးသြားေရး၊ ႏွစ္ႏိုင္ငံ ယဥ္ေက်းမႈခရီးသြားႏွစ္ အေကာင္ အထည္ေဖာ္ေရးဆိုင္ရာ ေဆာင္႐ြက္ခ်က္မ်ားကို ဆက္လက္ေဆာင္႐ြက္သြား ေရး၊ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ေရး စီမံကိန္းမ်ား အရွိန္အဟုန္မျပတ္ ဆက္လက္အေကာင္အထည္ ေဖာ္သြားေရးတို႔ႏွင့္စပ္လ်ဥ္း၍ ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

———–

တရုတ်က မြန်မာကို ကိုဗစ်ကာကွယ်ဆေး အလုံး ၃ သိန်း အခမဲ့ပေးမည်ဟု ကမ်းလှမ်း

ကိုဗစ်ရောဂါ ကာကွယ်ဆေး အလုံးရေ သုံးသိန်းကို တရုတ်နိုင်ငံက မြန်မာနိုင်ငံသလို့ ကူညီပံ့ပိုးရေးနှင့် မြန်မာနိုင်ငံ ကိုဗစ် ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ယွမ် ၃ သန်းတန်ဖိုးရှိ ကိုဗ် ရောဂါ တိုက်ဖျက် ရေးဆိုင်ရာ ဆေးပစ္စည်းများ ထောက်ပံ့ကူညီရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက သမ္မတဦးဝင်းမြင့်နှင့် ယနေ့ တွေ့ဆုံစဉ် ဆွေးနွေးပြောကြားလိုက် ကြောင်း သိရပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်များတွေ့ဆုံစဉ် မြန်မာနှင့် တရုတ် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်သွားရေးအတွက် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ အကြား ကိုဗစ် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ကိုဗစ် ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ယွမ် ၃ သန်းတန်ဖိုးရှိ ကိုဗစ် ရောဂါ တိုက်ဖျက် ရေးဆိုင်ရာ ဆေးပစ္စည်းများနှင့် မြန်မာပြည်သူများအတွက် ကိုဗစ် ရောဂါကာကွယ် ဆေး အလုံး ၃ သိန်း ကူညီပံ့ပိုးသွားရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှုခရီးသွားနှစ် အကောင် အထည်ဖော်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆက်လက်ဆောင်ရွက်သွား ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည် ဖော်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

About the author

Aung Lay

Leave a Comment