News

ပုဂံဒေသကို ကိုဗစ် စည်းကမ်းချက်များ နှင့်အညီ ပြန်ဖွင့်ရန်…သာသနာရေးဝန်ကြီး စီစဉ်ပြီ

Written by Aung Lay

ဇန်နဝါရီလ ၁၁ ရက်နေ့ ထီးလိုမင်းလိုဘုရားကြီးမှာ သာသာနာရေးဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး သူရဦးအောင်ကို တွေ့စုံပွဲ..

၂၀၂၁ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ပုဂံညောင်ဦးဒေသမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု အောင်မြင်လာခြင်းဖြစ်၍ ပုဂံဒေသတွင် ဘုရားဖူး ပြည်တွင်း ပြည်ပ ဧည့်သည်များ ဖူးမှော်ခွင့်ပေးနိုင်ရန် စိစဉ်ထားပြီးဖြစ်ပါတယ်..

ပုဂံဒေသ ဘုရားများပြန်ဖွင့်လာပါက ဒေသခံများ၏ စီးပွားရေး ခရီးသွားလာရေး ဟိုတယ်၊ မိုတယ်၊ Guest house နှင့် ခရီးသွားလုပ်ငန်းများ၊ ယွန်းလုပ်ငန်းရှင်များ၊ ဒေသထွက်ကုန်ရောင်းဝယ်သူများ အနှေးယာဉ်များ ဒေသခံပြည်သူများ အားလုံးယခင်ကာလများအတိုင်း ပြန်လည်စည်ကားလာမှာဖြစ်တယ်လို့ သာသာနာရေးဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး သူရဦးအောင်ကိုမှ ထီးလိုမင်းလိုဘုရားကြီး ဂေါပကရုံးရှေ့ကွင်းပြင်တွင် ပြောကြားခဲ့ပါတယ်။

အခမ်းအနားသို့ သာသနာရေးဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးညွန်ချုပ် ဦးမြင့်ဦး၊ ရှေးသု ညွန်းကြားရေးမှုး Dr. သန်းထိုက်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း နှင့် ဘုရားဂေါပကဥက္ကဌများ ဌာနဆိုင်ရာဝန်ထမ်များ တက်ရောက်ခဲ့ပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံညောင်ဦးဒေသရှိဘုရား စေတီ ပုထိုးဖူးများအဆင်ပြေစွာ ဖူးမျှော်‌လေ့လာနိုင်ရန် ပုဂံဒေသတခုလုံးအား ကျန်းမာရေးဌာနမှ ညွန်ကြားချက်များအတိုင်း ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်မှုအား စနှစ်တကျအစီစဉ်အတိုင်း ဆောင်ရွက်ထားရှိသွားမည်ဖြစ်ပြီး၊ အပူချိန်တိုင်းစက်များ၊ လူတစ်ယောက်နဲ့တယောက် ၅ ပေခန့်အကွာ၊ ဘုရားတစ်ဆူလျင် ဘုရားဖူး ၃၀ မှ ၅၀ ဦးခန့် ဖူးမျော်နိုင်‌စေရန်၊ ဘုရားဖူးများ၏ ဖူးမျော်မူ အချိန်အတိုင်းတာသတ်မှတ်ချက် အစရှိသည့် အသေးစိတ်စီမံချက်များအား ဘုရားဂေါပကများမှ သက်ဆိုင်ရာသို့ ရေးဆွဲတင်ပြပြီးဖြစ်ပါတယ်..

လက်ရှိ ပြည်ပခရီးသွားလာရေး အေဂျင်စီထံမှ သိရှိချက်အရ ကမ္ဘာ့လှည့်ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ ပုဂံဒေသ၊ ရွှေတိဂုံဘုရားနှင့် အခြားဒေသများကို လာရောက်လေ့လာခွင့်အတွက် အဓိကဖြစ်နေပါတယ်..

(ကျဲကျဲ – ပုဂံ ညောင်ဦး သတင်းစုံ)

About the author

Aung Lay

Leave a Comment