ထိုင်းရဲဌာန အခန်းထဲတွင် မြန်မာမိန်းကလေးဘာညာပြုခံရ(CCTV ရုပ်သံ)
ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့စမွီမြို့နယ် ဘော်ဖွတ်နယ်မြေရဲစခန်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အချုပ်ခန်းထဲရောက်နေတဲ့ မြန်မာမိန်းကလေး ၁ ဦးဖောင်းဒိုင်းခံခဲ့ရပါတယ်။
အသက် ၂၁ နှစ်ရွယ်ရှိ မျိုး ( အမည်ရင်းမဟုတ်) ဆိုတဲ့ မြန်မာမိန်းကလေးဟာ တရားမဝင် ဝင်ရောက်မှုနဲ့ အဖမ်းခံထားရပြီး ပြည်နှင်ဒဏ်အပေးခံရဖို့
စောင့်ဆိုင်းနေစဉ် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်၂ နာရီခွဲလောက်က ရဲစခန်းတာဝန် ကျ ရဲတပ်ကြပ်ကြီး ဝါ့ချ်လင်း ဆင့်ဆ မိုးဆွန် ဆိုသူက ဖောင်းဒိုင်းခဲ့တာပါ ။
မိန်းကလေးက သူဟာ အချုပ်ခန်းထဲမှာရှိနေစဉ် အဆိုပါရဲက သူ့ကို နောက်အခန်းတစ်ခုကို ခေါ်သွားပြီး ဖောင်းဒိုင်းကြံခဲ့ကြောင်း
လာတွေ့တဲ့ဆွေမျိုးတွေကို ပြောပြခဲ့လို့ ဆွေမျိုးတွေကနေ စခန်းမှူးကို တိုင်ကြားခဲ့ပါတယ်။
စခန်းမှူးက ဒီအမှုကို ခရိုင်ရဲမှူးထံ ဆက် လက်တင်ပြရာမှာ ခရိုင်ရဲမှူးက ဌာနဆိုင်ရာနယ်မြေထဲမှာ
တာဝန်ကျဝန်ထမ်းကိုယ်တိုင်က ခုလိုပြစ်မှုကျူးလွန်တဲ့ကိစ္စ လုံးဝ လက်မခံနိုင်ဘူးဆိုပြီး သူပါ တရားလိုလုပ်ကာ အမြန်ဆုံးစစ်ဆေးအရေးယူဖို့ ညွှန်ကြားခဲ့ပါတယ်။
စခန်းမှူးနဲ့ အထူးစုံစမ်းစစ်ဆေရေးအဖွဲ့က ရဲတပ်ကြပ်ကြီး ဝါ့ချ်လင်းကို စစ်ဆေးရာမှာ အချက်အလက်အချို့ကိုဝန်ခံထားကြောင်း၊
သူဟာ မိန်းကလေးကို အချိန်မတော်အချုပ် ခန်းထဲကနေ ခေါ်ထုတ်လာတဲ့ သက်သေတွေလည်း အခိုင်အလုံရရှိထားကြောင်း၊
လောလောဆယ် သူ့ကို ရဲဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်ပြီး ဆရာဝန်ဆီက ဆေးစစ်ချက်ရပြီးပါက မိမိဇနီးမယား မဟုတ်သူအား ဖောင်းဒိုင်းမှု၊
ဝန်ထမ်းကျင့်ဝတ်စည်းကမ်းဖောက်ဖျက်မှု၊ တာဝန်ဝတ္တရား လစ်ဟင်းမှု စတာတွေနဲ့ အရေးယူသွားမယ်လို့ ဘော်ဖွတ်ရဲစခန်း စခန်းမှူးမှ သတင်းထောက်တွေကို ပြောပါတယ်။
ဖောင်းဒိုင်းခံရတဲ့ မိန်းကလေးကိုတော့ လူမှုဖူလှုံရေးဌာနမှာ ခေါ်ယူစောင့်ရှောက်ထားတယ်လို့ ရဲမေက သတင်းထောက်ကိုပြောသွားပါတယ်။
@_pa_pol_samui เลวได้ใจจิงๆใส่กุญเเจมือไว้มึงก็ทำสุดๆไม่มีคำบรรยาย#เลว #พม่า #ขมขื่น #police #อย่าปล่อยคนเเบบนี้ออกมาใส่ชุดกากีอีก