ျပည္တြင္းရွိ ကိုဗစ္ပိုး ဗီဇေျပာင္း၍ ကူးစက္ျမန္လာႏိုင္ဟု က်န္းမာေရးဝန္ႀကီး သတိေပးလိုက္ၿပီ
က်န္းမာေရးႏွင့္အားကစားဝန္ႀကီးေဒါက္တာျမင့္ေထြးက “ျပည္သူမ်ားအေနျဖင့္ အထူးသတိျပဳရမည္မွာျမန္မာႏိုင္ငံ၌လည္း ျပည္တြင္းရွိ ကိုဗစ္ ဗိုင္းရပ္စ္ပိုးသည္ မ်ိဳးဗီဇေျပာင္းလဲမႈမ်ားရွိကာ ကူးစက္ျမန္ ဗီဇေျပာင္းဗိုင္းရပ္စ္မ်ိဳး ထြက္ေပၚလာႏိုင္သည့္ အခ်က္ ျဖစ္ၿပီး ျပည္တြင္း၌
အခ်ိန္တိုအတြင္း ကိုဗစ္ကူးစက္မႈမ်ားျပားသည့္ ေနရာေဒသမ်ား ရွိ/မရွိကို အထူးသတိျပဳ ေစာင့္ၾကပ္ၾကည့္ရႈကာ အဆိုပါေနရာေဒသရွိ ကိုဗစ္ လူနာမ်ားထံမွ ဗိုင္းရပ္စ္ပိုးကို “ဗိုင္းရပ္စ္မ်ိဳးဗီဇ တစ္ခုလုံးစစ္ေဆးမႈမ်ား (Whole Genome Sequencing)” ကို ေဆးသုေတသန ဦးစီးဌာနတြင္ ျပဳလုပ္ရန္ ေျပာၾကားထားတယ္။
ျပည္သူမ်ားအေနျဖင့္လည္း ကိုဗစ္ ကူးစက္မႈနည္းပါးေသာ ကာလျဖစ္ေစ၊ မ်ားျပားေသာ ကာလျဖစ္ေစ ေပါ့ဆမႈ (လုံးဝ) မရွိဘဲ ေရာဂါကာကြယ္ေရးစည္းကမ္းမ်ားကို အထူးသတိျပဳ၍ ဆက္လက္လိုက္နာရမည္ျဖစ္ပါေၾကာင္း၊
ဤေရာဂါ၏ သေဘာသဘာဝအရ ငုပ္လွ်ိဳးေနေသာ လူနာမ်ားျပန္ေပၚလာၿပီး ေရာဂါျဖစ္ပြားမႈ မ်ားျပားလာႏိုင္ပါတယ္”လို႔ ဝန္ႀကီးက က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ပါေမာကၡမ်ား၊ အထူးကုဆရာဝန္ႀကီးမ်ားႏွင့္ သူနာျပဳ ဆရာမႀကီးမ်ား၏ ကိုဗစ္ ကုသေရး ဆိုင္ရာ အေတြ႕အႀကဳံႏွင့္ ဆန္းစစ္သုံးသပ္ေတြ႕ရွိခ်က္မ်ား တင္ျပေဆြးေႏြးပြဲေျပာၾကားခဲ့တာျဖစ္ပါတယ္။
ကိုဗစ္-၁၉ ကိုျဖစ္ပြားေစေသာ SARS-CoV-2 ဗိုင္းရပ္စ္ပိုးသည္ ဗိုင္းရပ္စ္ပိုးတို႔၏ သေဘာသဘာဝအရ မ်ိဳးဗီဇေျပာင္းလဲမႈသစ္မ်ား ျဖစ္ေပၚေနၿပီး ယခုလက္ရွိတြင္ ထိုသို႔ မ်ိဳးဗီဇေျပာင္းလဲရာတြင္ ကူးစက္ျမန္ ဗီဇေျပာင္းဗိုင္းရပ္စ္ မ်ိဳးကြဲအသစ္မ်ားေၾကာင့္ ကမာၻ႔ႏိုင္ငံ အခ်ိဳ႕တြင္ ကူးစက္မႈ အထူးမ်ားျပားေနသည္ကို ေတြ႕ျမင္ေနရတယ္လို႔ ဝန္ႀကီးက ဆိုပါတယ္။
ေဒါက္တာျမင့္ေထြးက “ ယူေကႏိုင္ငံတြင္ စတင္ေတြ႕ ရွိခဲ့ေသာ ကိုဗစ္ ကူးစက္ျမန္ ဗီဇေျပာင္းဗိုင္းရပ္စ္သည္ ႏိုင္ငံေပါင္း (၅၀) ေက်ာ္ ႏွင့္ ေတာင္အာဖရိ ႏိုင္ငံတြင္ စတင္ေတြ႕ရွိခဲ့ေသာ ကိုဗစ္ ကူးစက္ျမန္ ဗီဇေျပာင္းဗိုင္းရပ္စ္သည္ ႏိုင္ငံေပါင္း (၂၀) ေက်ာ္သို႔ ပ်ံ႕ႏွံ႔ေရာက္ရွိေနပါေၾကာင္း၊
ဝန္ႀကီးဌာနအေနျဖင့္ ထိုသို႔ ကူးစက္ျမန္ ဗီဇေျပာင္းဗိုင္းရပ္စ္ မ်ိဳးကြဲအသစ္မ်ား ဝင္ေရာက္လာျခင္း မရွိေစေရးအတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ပူးေပါင္းကာ ႏိုင္ငံတကာမွ ဝင္ေရာက္လာသူမ်ားအား အသြားအလာကန႔္သတ္မႈ (၂) ပတ္ျပဳလုပ္ကာ RT PCR စနစ္ျဖင့္ (၂) ႀကိမ္ ေရာဂါပိုးစစ္ေဆးျခင္းတို႔ကို လုပ္ေဆာင္လ်က္ရွိပါတယ္” လို႔ဆိုပါတယ္။
Unicode
ပြည်တွင်းရှိ ကိုဗစ်ပိုး ဗီဇပြောင်း၍ ကူးစက်မြန်လာနိုင်ဟု ကျန်းမာရေးဝန်ကြီး သတိပေးလိုက်ပြီ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဒေါက်တာမြင့်ထွေးက “ပြည်သူများအနေဖြင့် အထူးသတိပြုရမည်မှာမြန်မာနိုင်ငံ၌လည်း ပြည်တွင်းရှိ ကိုဗစ် ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲမှုများရှိကာ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်ပေါ်လာနိုင်သည့် အချက် ဖြစ်ပြီး ပြည်တွင်း၌
အချိန်တိုအတွင်း ကိုဗစ်ကူးစက်မှုများပြားသည့် နေရာဒေသများ ရှိ/မရှိကို အထူးသတိပြု စောင့်ကြပ်ကြည့်ရှုကာ အဆိုပါနေရာဒေသရှိ ကိုဗစ် လူနာများထံမှ ဗိုင်းရပ်စ်ပိုးကို “ဗိုင်းရပ်စ်မျိုးဗီဇ တစ်ခုလုံးစစ်ဆေးမှုများ (Whole Genome Sequencing)” ကို ဆေးသုတေသန ဦးစီးဌာနတွင် ပြုလုပ်ရန် ပြောကြားထားတယ်။
ပြည်သူများအနေဖြင့်လည်း ကိုဗစ် ကူးစက်မှုနည်းပါးသော ကာလဖြစ်စေ၊ များပြားသော ကာလဖြစ်စေ ပေါ့ဆမှု (လုံးဝ) မရှိဘဲ ရောဂါကာကွယ်ရေးစည်းကမ်းများကို အထူးသတိပြု၍ ဆက်လက်လိုက်နာရမည်ဖြစ်ပါကြောင်း၊
ဤရောဂါ၏ သဘောသဘာဝအရ ငုပ်လျှိုးနေသော လူနာများပြန်ပေါ်လာပြီး ရောဂါဖြစ်ပွားမှု များပြားလာနိုင်ပါတယ်”လို့ ဝန်ကြီးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြု ဆရာမကြီးများ၏ ကိုဗစ် ကုသရေး ဆိုင်ရာ အတွေ့အကြုံနှင့် ဆန်းစစ်သုံးသပ်တွေ့ရှိချက်များ တင်ပြဆွေးနွေးပွဲပြောကြားခဲ့တာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကိုဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် ဗိုင်းရပ်စ်ပိုးတို့၏ သဘောသဘာဝအရ မျိုးဗီဇပြောင်းလဲမှုသစ်များ ဖြစ်ပေါ်နေပြီး ယခုလက်ရှိတွင် ထိုသို့ မျိုးဗီဇပြောင်းလဲရာတွင် ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ် မျိုးကွဲအသစ်များကြောင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်မှု အထူးများပြားနေသည်ကို တွေ့မြင်နေရတယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ဒေါက်တာမြင့်ထွေးက “ ယူကေနိုင်ငံတွင် စတင်တွေ့ ရှိခဲ့သော ကိုဗစ် ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်သည် နိုင်ငံပေါင်း (၅၀) ကျော် နှင့် တောင်အာဖရိ နိုင်ငံတွင် စတင်တွေ့ရှိခဲ့သော ကိုဗစ် ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်သည် နိုင်ငံပေါင်း (၂၀) ကျော်သို့ ပျံ့နှံ့ရောက်ရှိနေပါကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် ထိုသို့ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ် မျိုးကွဲအသစ်များ ဝင်ရောက်လာခြင်း မရှိစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ နိုင်ငံတကာမှ ဝင်ရောက်လာသူများအား အသွားအလာကန့်သတ်မှု (၂) ပတ်ပြုလုပ်ကာ RT PCR စနစ်ဖြင့် (၂) ကြိမ် ရောဂါပိုးစစ်ဆေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါတယ်” လို့ဆိုပါတယ်။