News ၾကားသိရသမ်ွ

တစ်ချိန်က မင့်ကိုဆေးထည့်ပေးဖူးတဲ့အဘွားကြီးပါကွာ အခု မင်းဆွဲကြိုး ရိုက်လုလို့ ဒဏ်ရာနဲ့ နုတ်ဆက်…

Written by Aung Lay

တချိန်ကမင့်ကိုဆေးထည့်ပေးဖူးတဲ့အဘွားကြီးပါကွာ အခုမင်းဆွဲကြိုး ရိုက်လုလို့ ဒဏ်ရာနဲ့ နုတ်ဆက်…

မေတခု သားတခု ရှိတဲ့ ဘဝလေးကိုမှ လုပ်ရက်လိုက်ကြတာ (ဆွဲကြိုး အလုခံရတဲ့ အမေကြီး ကွယ်လွန်ရှာပြီ)

၁၆.၁.၂၀၂၁(စနေနေ့) ၁၇.၁.၂၀၂၁(တနင်္ဂနွေနေ့) ရုံးပိတ်ရက် နှစ်ရက်ဟာ အိပ်မက်ဆိုး တစ်ပုဒ်လို ပြီးဆုံးသွားခဲ့ပါပြီ။

တကယ်တမ်း အိပ်မက် ဖြစ်ခဲ့ရင် အရမ်းကောင်းမှာပါပဲ။ ၁၅.၁.၂၀၂၁(သောကြာနေ့) ညနေက

အမေ ရေချိုးခန်းရှေ့ ချော်လဲတယ် ဆိုတဲ့သတင်းနဲ့ အစ ပြုခဲ့ပါတယ်။ ရုံး ကနေ အမြန် ပြန်ခဲ့ပေမယ့်

ဒဏ်ရာတွေနဲ့အတူ အမေ အဲဒီကတည်းက ဘာစကားမှ မပြောနိုင်တော့ပါဘူး။

၁၈.၁.၂၀၂၁(တနင်္လာနေ့) မနက်မှာ အမေက ကျနော် အပါအဝင် အားလုံးကို နှုတ်ဆက်သွားခဲ့ပါပြီ


။ ဒဏ်ရာ အနေအထားအရ တစ်စုံတစ်ဦးရဲ့ ပြုလုပ်မှုကြောင့်လို့ ပေါ်ပေါက်တဲ့အတွက်

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး တရားခံကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါပြီ။

တရားခံက လွန်ခဲ့တဲ့ ၂/၃လ လောက်က အိမ်ပြင်လို့ လက်သမားခေါ်တဲ့ အထဲမှာ ပါလာခဲ့တဲ့

လက်သမားအကူ ကောင်လေးပါ။ ၁၀ သိန်းလောက် တန်တဲ့ ဆွဲကြိုး တစ်ကုံးအတွက်နဲ့ ကျနော့်

အမေကို ရက်ရက်စက်စက် တမလွန်ပို့သွားခဲ့တယ် ဗျာ။ နောက်ဖေးပေါက်ကနေ အိမ်ထဲခိုးဝင်၊

ရေချိုးခန်းကနေ ပြန်ထွက်လာတဲ့ အမေ့ကို ပေါက်ဆိန်ရိုး သစ်သားတုတ်နဲ့ ၂/၃ ချက် ဆင့်ရိုက်သတဲ့

။ မှောက်လဲ သွားမှ ဆွဲကြိုး ကို ဖြုတ်ယူပြီး အိမ်ရှေ့ ပြတွင်းပေါက် ကနေ ခုန်ထွက် ပြေးသွားသတဲ့။

လုပ်ရက်ပါ့ကွာ။ မင်း အိမ်မှာ လက်သမားလုပ်ရင်း လက်ကို စက်လွှထိ ခဲ့တုန်းက ဆေးထည့် ပြီး

ပတ်တီးစည်းပေးခဲ့တဲ့ အဘွားကြီး ပါကွာ။ မင်း တို့ နေ့လယ် ထမင်းစား ပြန်တိုင်း ဟင်း ထုပ်လေးတွေ

ထည့်ပေးနေကျ အဘွားကြီး ပါကွာ။ မင်းတို့ အတွက် မိုးလင်းတာနဲ့ ရေနွေးအိုး တည်ပြီး

သောက်ရေခွက်လေးတွေကို ပြောင် အောင် တိုက်ပေးထားတဲ့ အသက် ၇၆ အရွယ် အဘွားအိုကြီးပါကွာ။

မင်း တို့ တောင်းတဲ့ စျေးထက် အမေ မသိအောင် ငါ ပိုပေးခဲ့တယ်လေ။ မင်း တို့ အတွက် ဆေးလိပ်၊

ကွမ်းယာ၊ လက်ဖက်ရည် ၊ အအေး လိုလေသေး မရှိ ငါ စီစဥ် ပေးခဲ့တယ်လေ။ ငါ ပြောတာ ဟုတ်၊

မဟုတ် မင်း ရဲ့ လက်သမား ခေါင်းဆောင် မသေသေးပါဘူးကွာ။ ငါ မေး ပြပါ့မယ် ။

အခု တော့ကွာ။ တွန်းလှဲပြီး လု ပြေးရင်တောင် မင်း မှန်း မသိနိုင်မယ့် မင်း နောက် မလိုက်နိုင်မယ့်

အဘွားကြီးကို ဆွဲကြိုး တစ်ကုံးအတွက် မသေမချင်း ရိုက်ခဲ့တယ်တဲ့လား။ အမေတစ်ခု သား တစ်ခု ဘဝနဲ့

နှစ်ပေါင်း ၃၀ လောက် နေလာပြီးမှ ၃ ရက်အတွင်း အမေက ခပ်မြန်မြန်ပဲ ကျနော့် ကို ထားသွားခဲ့တယ်။

သူ့ ကို ဘာလုပ်ချင်လဲ မေးရင် ကျနော် ပြန် လက်စားချေချင်ပါတယ်။ ကျနော် ပုတုဇဥ် မို့ ခွင့်မလွှတ်နိုင်ပါဘူး။

ကျနော် တကယ် ပြန်လက်စားချေချင်တာပါ။ ဒါပေမဲ့ ပြုသူအသစ်မို့ ဘာသာရေး အဆုံးအမ အရ တရားဥပဒေရဲ့ ပြစ်ဒဏ်ကိုပဲ သူ ခံ ပါစေ။

ကျနော် အသစ် ပြန်မဖြစ်ချင်တော့ပါ။ ကျနော့် အမေလည်း ဒီ ဘဝ ဟာ နောက်ဆုံး ဖြစ်ပါစေ။ ကံကြွေးများ

ရှိခဲ့ရင်လည်း ဒီဘဝ ကျေပါစေ ။ အမေ ကောင်းရာသုဂတိလားပါစေ ။

Nay Linn Aung

About the author

Aung Lay

Leave a Comment