စာနာ နားလည်ပေးပါ
အသက် ၆၀ ကျော်လာတဲ့အခါ…..
လူကြီးတွေ ဦးနှောက်က စကျုံ့လာပြီလို့သိပ္ပံပညာရှင်တွေက သုံးသပ်ကြတယ်..
အသက် ၆၀ကျော်မိဘတွေ ရှိလာတဲ့အခါကျမ တို့ အများကြီးနားလည်ပေးရမယ်စိတ်ရှည်ပေးရမယ်..
အာရုံကြော အားလုံးကျုံ့လာတဲ့အခါထိန်းချုပ်ခြင်းတွေနည်းလာပြီ
စကားပွစိ ပွစိ ပြောလာကြမယ်ကိုယ့် မသန်စွမ်းဘူးထင်မှာစိုးလို့အိမ်ရှိသမျှအလုပ် လိုက်လုပ်လိမ့်မယ်။
အဲ့ခါ နောက်ကပြန်လိုက်လုပ်တဲ့ သားသမီးတွေက ငြူစူလာတဲ့အခါ မိဘတွေစိတ်က ကလေးလိုပြန်ဖြစ်လာပြီး ဝမ်းနည်းလာမယ်။
အထီးကနြျလာမယျ မပွောရဲမဆိုရဲဖွဈလာကွတယျ။တဈကယျတော့ အဲ့ခြိနျလူကွီးလိုလညျး လေးစားပွီးကလးလျို သဘောထားပေးရမှာပါ
တစ်ခုခု ဝယ်ပေးတဲ့ အခါတိုင်းအဖေ တို့ အမေ တို့မှာရှိိတယ်မလိုဘူးအမြဲ ငြင်းတတ်လာမယ်
ဒါဟာ အပို မကုန်စေချင်လို့ပါတစ်ကယ်တော့ ကျေနပ် ဝမ်းသာနေတာ..အသက်ကြီးပြီ ဘုရားတရားပဲ လုပ်ပါလားလို့ တိုက်တွန်းလို့မရပါဘူး
အသက်ကြီးလာလေ ကလေးစိတ်ပြန်ဖြစ်လာတာမို့အကြောင်းအရာတစ်ခုကို ကြာကြာစိတ်ဝင်စားတာမျိုးမရှိတော့ပါဘူး
ကျမတို့ လူကြီးမိဘတွေကို စကားပြောပေးရမယ်။စားချင်တာဝယ်ကျွေးရမယ်သူတို့ လုပ်ချင်တဲ့ အိမ်မှုကိစ္စမသေသပ်သော်လည်းပေးလုပ်ရမှာပါ။
အသစ်အသစ်တွေ ဝယ်ပေးသော်လည်းအဟောင်းကို မစွန့်ပဲ သိမ်းထားတတ်ကြတာလည်းအသက်ကြီးသူတွေက ကလေးလိုမို့နှမျောလာပြီး မစွန့်နိုင်ကြတာပါ
အသက်ကြီးလာတဲ့အခါ….တစ်ချို့ သော မိဘတွေဆိုသားသမီးက အဝေးကနေ လိုလေသေးမရှိ ပို့ပေးကြပေမယ့်သူတို့လိုချင်တာက အဲ့ဒါမဟုတ်ပါဘူး
နွေးထွေးမှု အလေးထားမှုစကားပြောပေးတာမျိုး လိုချင်ကြတာပါကျမ ကတော့ မူကြိုလည်းသင်မူလတန်းပြ ဆရာမလည်းဖြစ်ကလေးတွေနဲ့ အနေကြာလာတော့
ကလေးစိတ်ကို ဖတ်ရင်း သူတို့လေးတွေ ပြောသမျှ တိုင်သမျှကို နားထောင်ဖြေရှင်း ပေးတတ်သူတစ်ယောက်မို့ လူကြီးမိဘတော်တော်များများစိတ်ကိုလည်းလေ့လာပြီး နားလည်ပေးရပါမယ်
လိုအပ်သမျှလည်း တတ်နိုင်သလောက် ကူညီပေးရပါမယ်။
Crd….မူရင်း ရေးသားသူ