Cele News

Mobile ဂိမ်းလောက ကမ္ဘ့ာအဆင့်မှာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ မြန်မာလူငယ် Burmese Ghouls အသင်းအတွက် အားပေးစကား ပြောလိုက်တဲ့ အောင်လအန်ဆန်(ရုပ်သံ)

Written by Aung Lay

🇲🇲 မြန်မာလူငယ်အသင်း Burmese Ghouls ဟာ Mobile Legends:Bang Bang M2 World Championship ရဲ့ GRAND FINAL ကိုတက်သွားပါပြီ။ 🏆 👏..

ပထမနဲ့ ဒုတိယနှစ်ပွဲနိုင်ထားပြီး တတိယပွဲနိုင်စေချင်ခဲ့ပေမယ့် Game 5 အထိ RRQ Hoshi 🇮🇩 အသင်းနဲ့ အကြိတ်အနယ်ဆော့ခဲ့ရပြီး မြန်မာလူငယ်အဖွဲ့ဟာ ထိုက်ထိုက်တန်တန်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။.

မြန်မာ့ဂုဏ်ဆောင်ဖြစ်တဲ့ အောင်လအန်ဆန် ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ အောင်လအန်ဆန် ဟာ ၂၀၁၉ နှစ်ကနေစတင်ပြီး Onechampionship ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကောင်းတွေကို အနိုင်ယူ ယှဉ်ထိုးသတ်နိုင်တာကြောင့် Onechampionshipရဲ့ အကောင်းဆုံး ဖိုက်တာကစားသမား စာရင်းမှာပါဝင်ခဲ့သူပဲဖြစ်ပါတယ်။.

အောင်လကတော့ နောက်ထပ် မြန်မာ့ဂုဏ်ဆောင်မယ့် Mobile Legend ပြိုင်ပွဲဝင် Myanmar Esports team ဖြစ်တဲ့ Burmese Ghouls ကို အားပေးစကားပြောခဲ့တာပဲဖြစ်ပါတယ်။.

စင်ကာပူမှာ မြန်မာကိုယ်စားပြုပြီး Esports ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ BGအသင်းဟာ ပြိုင်ဘက် အင်ဒို RRQ အသင်းကို အနိူင်ယူပြီး M2 World Championship ပြိုင်ပွဲရဲ့ Grand Final ကို တက်သွားခဲ့ပြီဖြစ်ပြီပဲဖြစ်ပါတယ်။.

Grand final ပွဲကိုတော့ ဒီကနေ့မှာ ကျင်းပမှာပဲဖြစ်ပြီး RRQ နဲ့ Bren Esports တို့နှစ်သင်းထဲကနိုင်တဲ့အသင်းနဲ့ Burmese Ghouls အသင်းနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။.

ရုပ်သံဦကည့်ရန်..

About the author

Aung Lay

Leave a Comment