News

ကိုဗစ်ကာလမှာ ပြည်တွင်းက နိုင်ငံသားတွေကိုသာမက ပြည်ပရောက် နိုင်ငံသားတွေကိုပါ ထောက်ပံ့ပေးလိုက်တဲ့ အစိုးရ(ရုပ်သံ)

Written by Aung Lay

အေမလာၿပီ!ထိုင္းေရာက္လုပ္သား ၁၇၁ဝ မိသားစုကိုျမန္မာအစိုးရစားေသာက္ကုန္ေထာက္ပံ့

ထိုင္းႏိုင္ငံ စမုစခြန္ခ႐ိုင္၊ တလာကုပုဇြန္ေစ်းအနီးလူေနေဆာင္မ်ားတြင္ အသြားအလာကန႔္သတ္ခံထားရေသာ

ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား အိမ္ခန္း (၁၃၅၀) ခန္းႏွင့္ ထေလထိုင္းငါးေစ်းအနီးရွိ အိမ္ခန္း (၃၆၀) ခန္းတို႔ကို ျမန္မာႏိုင္ငံေတာ္အစိုးရမွ ၿပီးခဲ့သည့္ ၂၃ ရက္ေန႔တြင္ စားေသာက္ကုန္မ်ားေထာက္ပံံံ့ခဲ့သည္ဟု ဗန္ေကာက္အေျခစိုက္ အလုပ္သမားသံအရာရွိ႐ုံးစာမ်က္ႏွာတြင္ေဖာ္ျပထားသည္။

ထို႔သို႔ေထာက္ပံ့ရာတြင္ ဆန္ ( ၅ ကီလို) ၁၇၁၀ အိတ္၊ ဆီ (၁ လီတာ) ၁၇၁၀ ဘူး၊ ပဲ (၅ဝဝဂရမ္) ၁၇၁၀ အိတ္၊ ၾကက္ဥ (၁၅လုံးကတ္)၁၇၁၀ ကတ္၊ စည္သြတ္ဘူး (၁၅၅ ဂရမ္၊ ၁ဝဘူးတြဲ) ၁၇၁၀ တြဲ၊ေသာက္ေရသန႔္ (၆ လီတာ) ၁၁၉၇၀ ဘူးပါဝင္သည္ဟု သိရသည္။

အဆိုပါစားေသာက္ကုန္မ်ားကို ထိုင္းႏိုင္ငံဆိုင္ရာျမန္မာသံအမတ္ႀကီးဦးမ်ိဳးျမင့္သန္းႏွင့္သံ႐ုံးဒုတိယအႀကီးအကဲ ဦးစန္းဦးေမာင္တို႔မွဦးေဆာင္ၿပီး သြားေရာက္ေပးအပ္ခဲ့သည္ဟု ေဖာ္ျပထားသည္။

မူရင္း : အလုပ္သမားသံအရရွိ႐ုံး

ဓာတ္ပုံ: အလုပ္သမားသံအရာရွိ႐ုံး

သတင္း : ေ႐ႊကရင္ (ရာမညေျမ)

Myanmarlive

———-

အမေလာပြီ!ထိုင်းရောက်လုပ်သား ၁၇၁ဝ မိသားစုကိုမြန်မာအစိုးရစားသောက်ကုန်ထောက်ပံ့

ထိုင်းနိုင်ငံ စမုစခွန်ခရိုင်၊ တလာကုပုဇွန်စျေးအနီးလူနေဆောင်များတွင် အသွားအလာကန့်သတ်ခံထားရသော

မြန်မာရွှေ့ပြောင်းလုပ်သား အိမ်ခန်း (၁၃၅၀) ခန်းနှင့် ထလေထိုင်းငါးစျေးအနီးရှိ အိမ်ခန်း (၃၆၀) ခန်းတို့ကို မြန်မာနိုင်ငံတော်အစိုးရမှ ပြီးခဲ့သည့် ၂၃ ရက်နေ့တွင် စားသောက်ကုန်များထောက်ပံံံ့ခဲ့သည်ဟု ဗန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံးစာမျက်နှာတွင်ဖော်ပြထားသည်။

ထို့သို့ထောက်ပံ့ရာတွင် ဆန် ( ၅ ကီလို) ၁၇၁၀ အိတ်၊ ဆီ (၁ လီတာ) ၁၇၁၀ ဘူး၊ ပဲ (၅ဝဝဂရမ်) ၁၇၁၀ အိတ်၊ ကြက်ဥ (၁၅လုံးကတ်)၁၇၁၀ ကတ်၊ စည်သွတ်ဘူး (၁၅၅ ဂရမ်၊ ၁ဝဘူးတွဲ) ၁၇၁၀ တွဲ၊သောက်ရေသန့် (၆ လီတာ) ၁၁၉၇၀ ဘူးပါဝင်သည်ဟု သိရသည်။

အဆိုပါစားသောက်ကုန်များကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးမျိုးမြင့်သန်းနှင့်သံရုံးဒုတိယအကြီးအကဲ ဦးစန်းဦးမောင်တို့မှဦးဆောင်ပြီး သွားရောက်ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

မူရင်း : အလုပ်သမားသံအရရှိရုံး

ဓာတ်ပုံ: အလုပ်သမားသံအရာရှိရုံး

သတင်း : ရွှေကရင် (ရာမညမြေ)

Myanmarlive

About the author

Aung Lay

Leave a Comment