ေခ်ာင္းဦး ၂၇ ေမ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေခ်ာင္းဦးၿမိဳ႕နယ္ မက်ီးခြေက်းရြာရွိ ရြာပိုင္ေၿမ (၂)ဧကခန႔္တြင္ ေပါက္ေရာက္ေနေသာ ထန္းပင္မ်ား ယမန္ေန႔ မြန္းလြဲပိုင္းက ေလတိုက္ခတ္မႈေၾကာင့္ ထန္းလက္ အခ်င္းခ်င္း ပြတ္တိုက္ရာမွ ထန္းပင္ အပင္ ၁၀၀ ခန႔္ မီးေလာင္ကၽြမ္းမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထန္း ပင္မ်ား မီးေလာင္မႈျဖစ္ပြားရာသို႔ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ မီးသတ္ကား (၃)စီး၊ မင္းေခါင္ေက်းရြာ၊ ေတာေက်ာင္းႀကီးေက်းရြာႏွင့္ သုံးပန္လွေက်းရြာတို႔မွ မီးသတ္ကားမ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား ဝိုင္းဝန္း၍ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။
အဆိုပါ ထန္းပင္မ်ား မီးေလာင္မႈေၾကာင့္ ထန္းပင္အေပၚပိုင္း ထန္းရြက္၊ ထန္းလက္၊ ထန္းသီးမ်ား အပါအဝင္ ထန္းပင္ အပင္(၁၀ဝ)ခန႔္ မီးေလာင္ကၽြမ္းခဲ့သည္။
Unicode
ချောင်းဦး ၂၇ မေ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် မကျီးခွကျေးရွာရှိ ရွာပိုင်မြေ (၂)ဧကခန့်တွင် ပေါက်ရောက်နေသော ထန်းပင်များ ယမန်နေ့ မွန်းလွဲပိုင်းက လေတိုက်ခတ်မှုကြောင့် ထန်းလက် အချင်းချင်း ပွတ်တိုက်ရာမှ ထန်းပင် အပင် ၁၀၀ ခန့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထန်း ပင်များ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကား (၃)စီး၊ မင်းခေါင်ကျေးရွာ၊ တောကျောင်းကြီးကျေးရွာနှင့် သုံးပန်လှကျေးရွာတို့မှ မီးသတ်ကားများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ထန်းပင်များ မီးလောင်မှုကြောင့် ထန်းပင်အပေါ်ပိုင်း ထန်းရွက်၊ ထန်းလက်၊ ထန်းသီးများ အပါအဝင် ထန်းပင် အပင်(၁၀ဝ)ခန့် မီးလောင်ကျွမ်းခဲ့သည်။