(၄၄) ႏွစ္ျပည့္ေမြးေန႔မွာ ဘာသာေရးနဲ႔ ကိုဗစ္ကာကြယ္ေဆးအတြက္ သိန္းေပါင္း (၅၀၀၀)တိတိလႉဒါန္းသြားမယ့္ နႏၵာလႈိင္ရဲ႕ခင္ပြန္း ဦးေဇသီဟ
ႏိုင္ငံေက်ာ္ မင္းသမီးေခ်ာ နႏၵာလႈိင္ကေတာ့ မိဘလက္ထပ္ကတည္းက မေတာင့္မတ မေၾကာင့္ မက်ေနထိုင္ခဲ့ရသူျဖစ္ၿပီး အိမ္ေထာင္က်ၿပီးသြားခ်ိန္မွာလည္း ခင္ပြန္းျဖစ္သူေၾကာင့္ အပူအပင္ကင္းကင္းနဲ႔ ေနထိုင္ခဲ့ရသူတစ္ဦး ျဖစ္ပါတယ္။
အစစအရာရာ လိုေလေသးမရွိ ၿပီးျပည့္စုံတဲ့ နႏၵာလႈိင္တို႔ မိသားစုက အလႉအတန္းမွာလည္း ရက္ေရာသူတစ္ေယာက္ျဖစ္ၿပီး နႏၵာလႈိင္ကိုယ္တိုင္ကလည္း ႏိုင္ငံေတာ္က ေပးအပ္ခ်ီးျမႇင့္တဲ့ သီရိသုဓမၼသိဂႌဘြဲ႕တံဆိပ္ကို ရရွိထားသူ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အေနအထိုင္ပိရိၿပီး ဘာသာ၊ သာသနာအက်ိဳးကို သယ္ပိုးတတ္တဲ့ နႏၵာလႈိင္တို႔ တစ္မိသားစုလုံးကို ခ်စ္ခင္စြာနဲ႔ အားေပးၾကတာပဲ ျဖစ္ပါတယ္။
နႏၵာလႈိင္ကေတာ့ သူမခင္ပြန္းရဲ႕ ကုသိုလ္အစုစုအတြက္ ထပ္တူဝမ္းသာ ပီတိျဖစ္ေနမယ္ဆိုတာ ေသခ်ာပါတယ္။ ပရိသတ္ႀကီးလည္း နႏၵာလႈိင္တို႔ မိသားစုရဲ႕ ကုသိုလ္ေလးကို ထပ္တူပီတိျဖစ္ ဝမ္းသာေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။
———–
(၄၄) နှစ်ပြည့်မွေးနေ့မှာ ဘာသာရေးနဲ့ ကိုဗစ်ကာကွယ်ဆေးအတွက် သိန်းပေါင်း (၅၀၀၀)တိတိလှူဒါန်းသွားမယ့် နန္ဒာလှိုင်ရဲ့ခင်ပွန်း ဦးဇေသီဟ
နိုင်ငံကျော် မင်းသမီးချော နန္ဒာလှိုင်ကတော့ မိဘလက်ထပ်ကတည်းက မတောင့်မတ မကြောင့် မကျနေထိုင်ခဲ့ရသူဖြစ်ပြီး အိမ်ထောင်ကျပြီးသွားချိန်မှာလည်း ခင်ပွန်းဖြစ်သူကြောင့် အပူအပင်ကင်းကင်းနဲ့ နေထိုင်ခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။
အစစအရာရာ လိုလေသေးမရှိ ပြီးပြည့်စုံတဲ့ နန္ဒာလှိုင်တို့ မိသားစုက အလှူအတန်းမှာလည်း ရက်ရောသူတစ်ယောက်ဖြစ်ပြီး နန္ဒာလှိုင်ကိုယ်တိုင်ကလည်း နိုင်ငံတော်က ပေးအပ်ချီးမြှင့်တဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို ရရှိထားသူ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အနေအထိုင်ပိရိပြီး ဘာသာ၊ သာသနာအကျိုးကို သယ်ပိုးတတ်တဲ့ နန္ဒာလှိုင်တို့ တစ်မိသားစုလုံးကို ချစ်ခင်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။
နန္ဒာလှိုင်ကတော့ သူမခင်ပွန်းရဲ့ ကုသိုလ်အစုစုအတွက် ထပ်တူဝမ်းသာ ပီတိဖြစ်နေမယ်ဆိုတာ သေချာပါတယ်။ ပရိသတ်ကြီးလည်း နန္ဒာလှိုင်တို့ မိသားစုရဲ့ ကုသိုလ်လေးကို ထပ်တူပီတိဖြစ် ဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။
Source: Zay Thiha’s fb , Cele Connections (crd)