News

ရန်ကုန်-မန္တလေး အမြန်လမ်း နောက်ဆုံးရအခြေအနေ

Written by Aung Lay






———-

ရန်ကုန်-မန္တလေး အမြန်လမ်း[20-MAR-21] [19:00]

ပြီးခဲ့တဲ့ရက်ပိုင်းက ၃၉ မိုင် (ဘောနက်ကြီး) နားမှာ ပစ်ခတ်မှုတွေ ရှိတယ်လို့ စစ်ကောင်စီ သတင်းစာက ကြေညာခဲ့ပေမယ့် အမြန်လမ်းမကြီးပေါ်မှာတော့ အထူးတလည် ပိတ်ဆို့စစ်ဆေးနေတာမရှိပါ။

ယခင် ၃၉ မိုင် ဘောနက်ကြီးဂိတ်မှာ စစ်ဆေးနေခဲ့ပေမယ့် ယခုတော့ မန္တလေးဘက်ကအလာ မိုင်တိုင် ၄၂ အမြှောက်တပ်ရှေ့မှာ စစ်ဆေးရေးရှိနေပါတယ်။ ဒါပေမယ့် ဝတ်ကျေတန်းကျေပဲ စစ်တာပါ။

ကျန်တဲ့နေရာတွေကတော့ မိုင်တိုင် ၈၂/၃ တဝိုက် စစ်ကားတစ်စီး၊ တပ်စိတ်တစ်စိတ်စာပဲရှိပါတယ်။ ဒါပေမယ့် အစစ်အဆေးမရှိပါ။ ဆိုရရင် အမြန်လမ်းတခုလုံး ပွင့်နေဆဲပါ။

ဒါပေမယ့် ဒီအချက်အလက်တွေဟာ ဒီနေ့ ည ၇ နာရီအထိ ရထားတဲ့အချက်အလက်တွေ ဖြစ်တဲ့အတွက် အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်ခင်ဗျာ။

About the author

Aung Lay

Leave a Comment