News

နေပြည်တော်က အိမ်တော် လုံခြုံရေး ရဲ ၁ ဦး CDM ဝင်၊ သမ္မတကြီး ဦးဝင်းမြင့်အခြေအနေ ထုတ်ဖော်ပြောဆို

Written by Aung Lay

ေနျပည္ေတာ္က အိမ္ေတာ္ေတြကို လုံျခဳံေရးယူရတဲ့ ရဲတပ္ရင္းတခုက တပ္သားတေယာက္ ျပည္သူ႔ဘက္က ရပ္တည္တဲ့ CDM မွာ ပူးေပါင္းပါဝင္လာၿပီး ဖမ္းဆီးခံရတဲ့ သမၼတႀကီး ဦးဝင္းျမင့္ရဲ့ အေျခအေနကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ရဲတပ္ရင္း ၁၈ ဟာ ေနျပည္ေတာ္က လႊတ္ေတာ္နဲ႔ အႀကီးအကဲအိမ္ေတာ္ေတြကို လုံျခဳံေရး တာဝန္ယူရတဲ့ တပ္ရင္းတခုျဖစ္ၿပီး ရဲတပ္သား ကိုလင္းလင္းထူး (ကိုယ္ပိုင္အမွတ္ လ ၂၀၅၅၃ဝ)ဟာ ျပည္သူ႔ဘက္ကေန ရပ္တည္လာခဲ့တာပါ။

“ကိုယ့္ျပည္သူကို ကိုယ္ျပန္သတ္တာမ်ိဳး က်ေနာ္ မလုပ္နိုင္ဘူး။ ဒါေၾကာင့္ တပ္ရင္းကေန ခြင့္တင္ၿပီး ထြက္လာတယ္ ။ ဒီေန႔ေတာ့ DM လုပ္တယ္ဆိုတာ ေၾကညာလိုက္တယ္” လို႔ တပ္သား ကိုလင္းလင္းထူးက ေျပာပါတယ္။

သူဟာ ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္က အာဏာသိမ္းတဲ့ေန႔အထိ ျပည္ေထာင္စုလႊတ္ေတာ္နာယကရဲ့ အိမ္ေတာ္မွာ လုံျခဳံေရးတာဝန္ယူခဲ့ရၿပီး အဲဒီေန႔ ညပိုင္းမွာေတာ့ စစ္ေၾကာင္း႐ုံးကို ျပန္လာခဲ့ရတယ္လို႔ ဆိုပါတယ္။

“ေန႔လယ္မွာ က်ေနာ္တို႔အားလုံး အေဆာင္မွာ ျပန္ၿပီး အိပ္ေနရတယ္။ ဘာမွမလုပ္ရဘူး၊ ၿပီးေတာ့ ပစၥည္းေတြသိမ္းၿပီး ဝ ဘုရားနား (လႊတ္ေတာ္အဝင္ဂိတ္နား)က စစ္ေၾကာင္း႐ုံးကို သြားရတယ္။ အဲဒီမွာညအိပ္ၿပီး ေနာက္ေန႔မွာ သမၼတဦးဝင္းျမင့္ကိုထားတဲ့ အိမ္ေတာ္ကို သြားရတယ္”လို႔ ေျပာပါတယ္။

သမၼတ ဦးဝင္းျမင့္ကို အိမ္ေတာ္ေတြထဲက တခုျဖစ္တဲ့ A 29 မွာ ထိန္းသိမ္းထားၿပီး အတြင္းအျပင္မွာ စစ္သားနဲ႔ ရဲေတြ ေစာင့္ၾကပ္ထားတယ္လို႔ သူက ဆိုပါတယ္။

“အိမ္ေတာ္ထဲမွာက အၾကမ္းဖက္(ႏွိမ္နင္းေရး)အဖြဲ႕က စစ္ဝတ္စုံနဲ႔လူေတြရွိတယ္။ အျပင္မွာက က်ေနာ္တို႔တပ္ရင္းက ရဲေတြနဲ႔ စစ္သားေတြ ရွိတယ္။ က်ေနာ္တို႔ အဲဒီကိုေရာက္ၿပီးေတာ့ ကင္းေမၽွာ္စင္ ၆ ခု ေဆာက္ရတယ္။ သမၼတႀကီးတို႔လင္မယားက မနက္နဲ႔ ညေနမွာ အိမ္ေရွ႕ကိုထြက္ၿပီး လမ္းေလၽွာက္ၾကတယ္။ အဲအခ်ိန္မွာဆို က်ေနာ္တို႔က ေမၽွာ္စင္ေပၚကေန ေသခ်ာေစာင့္ၾကည့္ရတယ္” လို႔ သူက ေျပာပါတယ္

အဲဒီအိမ္ေတာ္ကို ထမင္းပို႔ဖို႔အတြက္ ကားေလး ၁ စီးနဲ႔ လူ ၂ ေယာက္ပဲ အျမဲ ပုံမွန္ ဝင္ထြက္ေလ့ရွိတယ္လို႔လည္း သူက ဆိုပါတယ္။

Credit : ဒီဗီြဘီ

———–

နေပြည်တော်က အိမ်တော်တွေကို လုံခြုံရေးယူရတဲ့ ရဲတပ်ရင်းတခုက တပ်သားတယောက် ပြည်သူ့ဘက်က ရပ်တည်တဲ့ CDM မှာ ပူးပေါင်းပါဝင်လာပြီး ဖမ်းဆီးခံရတဲ့ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ အခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရဲတပ်ရင်း ၁၈ ဟာ နေပြည်တော်က လွှတ်တော်နဲ့ အကြီးအကဲအိမ်တော်တွေကို လုံခြုံရေး တာဝန်ယူရတဲ့ တပ်ရင်းတခုဖြစ်ပြီး ရဲတပ်သား ကိုလင်းလင်းထူး (ကိုယ်ပိုင်အမှတ် လ ၂၀၅၅၃ဝ)ဟာ ပြည်သူ့ဘက်ကနေ ရပ်တည်လာခဲ့တာပါ။

“ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်တာမျိုး ကျနော် မလုပ်နိုင်ဘူး။ ဒါကြောင့် တပ်ရင်းကနေ ခွင့်တင်ပြီး ထွက်လာတယ် ။ ဒီနေ့တော့ DM လုပ်တယ်ဆိုတာ ကြေညာလိုက်တယ်” လို့ တပ်သား ကိုလင်းလင်းထူးက ပြောပါတယ်။

သူဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းတဲ့နေ့အထိ ပြည်ထောင်စုလွှတ်တော်နာယကရဲ့ အိမ်တော်မှာ လုံခြုံရေးတာဝန်ယူခဲ့ရပြီး အဲဒီနေ့ ညပိုင်းမှာတော့ စစ်ကြောင်းရုံးကို ပြန်လာခဲ့ရတယ်လို့ ဆိုပါတယ်။

“နေ့လယ်မှာ ကျနော်တို့အားလုံး အဆောင်မှာ ပြန်ပြီး အိပ်နေရတယ်။ ဘာမှမလုပ်ရဘူး၊ ပြီးတော့ ပစ္စည်းတွေသိမ်းပြီး ဝ ဘုရားနား (လွှတ်တော်အဝင်ဂိတ်နား)က စစ်ကြောင်းရုံးကို သွားရတယ်။ အဲဒီမှာညအိပ်ပြီး နောက်နေ့မှာ သမ္မတဦးဝင်းမြင့်ကိုထားတဲ့ အိမ်တော်ကို သွားရတယ်”လို့ ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို အိမ်တော်တွေထဲက တခုဖြစ်တဲ့ A 29 မှာ ထိန်းသိမ်းထားပြီး အတွင်းအပြင်မှာ စစ်သားနဲ့ ရဲတွေ စောင့်ကြပ်ထားတယ်လို့ သူက ဆိုပါတယ်။

“အိမ်တော်ထဲမှာက အကြမ်းဖက်(နှိမ်နင်းရေး)အဖွဲ့က စစ်ဝတ်စုံနဲ့လူတွေရှိတယ်။ အပြင်မှာက ကျနော်တို့တပ်ရင်းက ရဲတွေနဲ့ စစ်သားတွေ ရှိတယ်။ ကျနော်တို့ အဲဒီကိုရောက်ပြီးတော့ ကင်းမျှော်စင် ၆ ခု ဆောက်ရတယ်။ သမ္မတကြီးတို့လင်မယားက မနက်နဲ့ ညနေမှာ အိမ်ရှေ့ကိုထွက်ပြီး လမ်းလျှောက်ကြတယ်။ အဲအချိန်မှာဆို ကျနော်တို့က မျှော်စင်ပေါ်ကနေ သေချာစောင့်ကြည့်ရတယ်” လို့ သူက ပြောပါတယ်

အဲဒီအိမ်တော်ကို ထမင်းပို့ဖို့အတွက် ကားလေး ၁ စီးနဲ့ လူ ၂ ယောက်ပဲ အမြဲ ပုံမှန် ဝင်ထွက်လေ့ရှိတယ်လို့လည်း သူက ဆိုပါတယ်။

Credit : ဒီဗွီဘီ

About the author

Aung Lay

Leave a Comment