News

ယနေ့ မေလ ၉ ရက်အတွက် မြန်မာနိုင်ငံ အရပ်ရပ်မှ သတင်းပေါင်းချုပ်

Written by Aung Lay

မေလ ၉ ရက်နေ့ သတင်းများ အကျဉ်းချုပ်—-

– ရွှေဘိုမြို့တွင် ယမန်နေ့က စစ်တပ်ကဖမ်းဆီးသွားတဲ့ ကဗျာဆရာခက်သီ ကျဆုံး

– မြင်းမူတွင် စစ်တပ်က ပြည်သူများကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးနေ

-ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်ကောင်စီကခန့်ထားတဲ့ စည်ပိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခံရ

– ကနီတွင် စစ်တပ်က ပြည်သူပိုင်ပစ္စည်းများကိုလုယူပြီး ပစ်ခတ်သောင်းကျန်းနေ

– စစ်ကောင်စီကို ဘဏ္ဍာရေးပံ့ပိုးမှုဖြတ်တောက်ရန် အစိုးရအေဂျင်စီ ၇ ခုနှင့် ကုမ္ပဏီ ၁၂ ခုကို ဂျပန်နိုင်ငံသားများ တောင်းဆို

– ရန်ကုန် မြို့နယ်အချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်း

– စစ်ကောင်စီနဲ့ပူးပေါင်းရန် ကမ်းလှမ်းချက်ကို မန္တလေးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်း ၁၁၆ ဖွဲ့က ငြင်းဆို

– ပြည်သူ့ကာကွယ်ရေးတပ် – ပြင်ဦးလွင် ဖွဲ့စည်းပြီးကြောင်း ကြေညာ

– မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာ

– ပြည်သူများကို လက်နက်အားကိုးပြီး အကြမ်းဖက်နှောက်ယှက်ခြင်းမပြုရန် ချင်းလဲန်းကာကွယ်ရေးတပ် – ကန်ပက်လက်က စစ်တပ်ကို သတိပေး

– ပြည်သူ့ကာကွယ်ရေးတပ် PDF – သန်လျင် ဖွဲ့စည်းပြီးကြောင်း ကြေညာ

– ကနီမြို့နယ် ကင်းရွာသားတဦးကို စစ်တပ်ကပစ်သတ်၊ ၁ ရက်အကြာမှ အလောင်းပြန်လုယူပြီး သင်္ဂြိုလ်ခဲ့ရ

– ချင်းလဲန်းကာကွယ်ရေးတပ် CDF – ဟားခါးက စစ်တပ်စခန်းတခုကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး

– မန္တလေးသံဃသပိတ်စစ်ကြောင်း ရက်ပေါင်း ၉၀ မြောက် ချီတက်ဆန္ဒပြ

– ထိုင်းနိုင်ငံဖက်ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်များ မြန်မာဖက်ပြန်လာ

– မြင်းခြံ CB ဘဏ်၊ ရိုးမဘဏ်၊ ကညနရုံးနဲ့ MyTel ရုံးတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား

– ကညွတ်ကွင်းမြို့နယ် ကျွန်းတောလမ်းရှိနေအိမ်တခုတွင် အသံဗုံးပေါက်ကွဲမှုဖြစ်ပွား

– စစ်အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများ ချီတက်ဆန္ဒပြ

– ဘားအံမြို့မရဲစခန်းရှေ့နှင့် စည်ပင်သာယာရုံးအနီးတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား

– ပြည်မြို့မှာ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရ

– ကွတ်ခိုင်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်တပ် တိုက်ပွဲပြင်းထန်နေ

– နယ်စပ်ဒေသများက မော်တော်ဆိုင်ကယ်တင်သွင်းခွင့်ကို စစ်ကောင်စီပိတ်ပင်

– နတ်မောက်မြို့နယ်က ဒေသခံ ၇ ဦးကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီး

– မင်းပြားမြို့နယ်တွင် လက်နက်ကြီးကျည်ကိုထုခွဲရာမှ ပေါက်ကွဲပြီး ၃ ဦးဒဏ်ရာရ

– ကနီမြို့နယ် ကျေးရွာများကို စစ်တပ်ကအငြိုးထားပြီး အကြမ်းဖက်ပစ်ခတ် ဖမ်းဆီးနေ

– တိုကျို၌ မြန်မာအပါအဝင် ၆ နိုင်ငံက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ

– စစ်ကောင်စီကကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများစာရင်းကို စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

– CDM ပညာရေးဝန်ထမ်း တစ်သောင်းခန့် ရာထူးမှထုတ်ပယ်ခံရသော်လည်း CDM ဆက်လုပ်မည်

– ကနီမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်တပ် တိုက်ပွဲဖြစ်

– ကချင်၊ ဝိုင်းမော်မြို့နယ်တွင် KIA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်

– စစ်ကိုင်းပညာရေးတက္ကသိုလ်က ဆရာ/မ ၁၅၆ ဦး တာဝန်မှရပ်ဆိုင်းခံရ

– ငါန်းဇွန်မြို့နယ်က NLD ပါတီဝင်တဦးကို စစ်တပ်ကဖမ်းဆီး

– မိုးကုတ်မြို့တွင် ဆယ်အိမ်မှူးအပါအဝင် ပြည်သူ ၁၁ ဦးကို စစ်တပ်ကအကြမ်းဖက်ဖမ်းဆီး

– စစ်ကိုင်းတိုင်း ပုလဲမြို့က သပိတ်ခေါင်းဆောင်တဦး ဖမ်းဆီးခံရ

-ကန့်ဘလူမြို့နယ် နေအိမ်များမှ ရွှေငွေများကို စစ်တပ်ကလုယက်သောင်းကျန်းနေ

– မန္တလေးမြို့တော်ပန်းဈေးက ဆိုင်ခန်းခများကို ခြိမ်းခြောက်တောင်းခံနေ

– မင်္ဂလာဒုံ၊ လမ်းမပေါ် We Want Democracy စာတန်းရေးသားနေစဉ် လူငယ်တဦး ဖမ်းဆီးခံရ

-မြင်းမူတွင် စစ်တပ်ကပစ်သတ်ခဲ့တဲ့ လူငယ်တဦး မိသားစုထံဆက်သွယ်မရသေး

-NUG အစိုးရ၊ CRPH နဲ့ ပြည်သူ့ကာကွယ်ရေးတပ်များကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လူသတ်ဓားပြတိုက်နေသည့် အာဏာသိမ်းစစ်တပ်က ကြေညာ

– အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးမှုများကြားက ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံအဝှမ်း စစ်အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် သပိတ်မှောက်ရေး ချီတက်ဆန္ဒပြ

– မြင်းမူတွင် ယနေ့ အကြမ်းဖက်လူသတ်ဖက်ဆစ် စစ်ကောင်စီ၏ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးသူမှာ ကိုအောင်ရဲလွင်ဖြစ်ပြီး မန်းလေး-မြင်းမူ ခရီးသည်တင်ယာဉ်မောင်းဖြစ်သည်ဟု သိရ

-ဂျပန်ရောက် မြန်မာတွေ ပြည်သူ့အစိုးရအသစ် NUG ကို ထောက်ခံကြိုဆို

Source – KTHU

About the author

Aung Lay

Leave a Comment