News

နောက်ဆုံးအချိန်အထိ မင်းတပ်မြို့လေးကို ခုခံကာကွယ်ပေးရင်းနဲ့ပဲ ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းလေးအကြောင်း

Written by Aung Lay

နောက်ဆုံးအချိန်အထိတိုင်အောင် မင်းတပ်မြို့လေးကို အစွမ်းကုန် ခုခံကာကွယ်ပေးရင်းနဲ့ပဲ ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းလေးအကြောင်း

လူစုခွဲဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားမှာ ကျဆုံးသူတွေ တဖြည်းဖြည်းနဲ့ များပြားလာခဲ့ပြီပဲ ဖြစ်ပါတယ် ။ ဒီကာလအတွင်းမှာပဲ လူငယ်တွေ၊ သက်ကြီးရွယ်အိုတွေသာမက ငယ်ရွယ်သေးတဲ့ ကလေးငယ်တွေပါ အသက်ပေးခဲ့ရတာလည်း ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့မေလ (၁၃)ရက်နေ့ကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့မှာရှိတဲ့ ပြည်သူတွေခမျာ အင်အားသုံးဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ဒါကြောင့် မနေ့က မင်းတပ်မြို့မှာ လူငယ်တစ်ဦး ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။ သူ့ရဲ့နာမည်ကတော့ Salai Thang Hung Thang ဖြစ်ပြီး (၁၀)တန်းမယ့် ကျောင်းသားတစ်ဦးပဲ ဖြစ်ပါတယ် ။

“Chinland Defense Force” ရဲ့အဖွဲ့ဝင်လည်းဖြစ်တဲ့ Thang Hung Thang က နောက်ဆုံးအချိန်အထိတိုင်အောင် သူတို့မြို့လေးအတွက် အစွမ်းကုန် ကာကွယ်ခုခံပေးရင်းနဲ့ပဲ အသက်ပေးသွားခဲ့ရတာ ဖြစ်ပါတယ် ။

Thang Hung Thang က “သူ့ဘဝတက်လမ်းအတွက် အများကြီးရည်မှန်းထားပြီး ပြင်ဆင်နေတဲ့သူဖြစ်ကြောင်း၊ လိမ္မာလွန်းလို့ မိသားစုဝင်တွေအားလုံးက ဝိုင်းချစ်ရတဲ့သူဖြစ်ကြောင်း၊ မောင်နှမတွေအပေါ် အမြဲသည်းခံပေးပြီး သူငယ်ချင်း၊ဆွေမျိုးတွေနဲ့လည်း အတတ်နိုင်ဆုံး အဆင်ပြေပြေနေတဲ့သူဖြစ်ကြောင်း” ကို မိသားစုဝင်ဦးက လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားပြောပြထားပါသေးတယ်။

မင်းတပ်မြို့က သူရဲကောင်းလေးရဲ့ပေးဆပ်မှုအတွက် “Chinland Defense Force” ကလည်း လေးစားဂုဏ်ပြုပြီး မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိကြောင်း စာတစ်စောင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ် ။

crd-original

About the author

Aung Lay

Leave a Comment