ၾကားသိရသမ်ွ

ဆ ရာ/မများ ကျူ ရှင်သင်ပါက ဥပဒေ နှစ်ခုဖြင့် အရေးယူမည်

Written by Aung Lay

အစိုးရခန္႔ အေျခခံပညာေက်ာင္း ဆရာ/မမ်ား က်ဴရွင္သင္ပါက ဥပေဒ ႏွစ္ခုျဖင့္ အေရးယူမည္။အေျခခံပညာေက်ာင္းမ်ားဖြင့္လွစ္ရာတြင္ စာသင္ခ်ိန္ငါးမ်ိဳးသတ္မွတ္ ဖြင့္လွစ္မည္ျဖစ္ၿပီး အစိုးရခန႔္ အေျခခံပညာဆရာ၊ ဆရာမမ်ားအေနျဖင့္ က်ဴရွင္သင္ၾကားပါက ဥပေဒႏွစ္ခုျဖင့္ အေရးယူခံရမည္ျဖစ္ေၾကာင္း အမ်ိဳးသားလႊတ္ေတာ္ပညာေရးျမႇင့္တင္မွုေကာ္မတီ အတြင္းေရးမွူး ဦးေက်ာ္တုတ္က ျမန္မာတိုင္းမ္သို့ ေမ ၂၇ ရက္တြင္ ေျပာသည္။

စာသင္ခန္းအတြင္း ေက်ာင္းသားတစ္ဦးႏွင့္ တစ္ဦး ၆ ေပအကြာအေဝးထက္ မေလ်ာ့ဘဲ တစ္ရက္လၽွင္ ေက်ာင္းသား ၂ဝ ဦးျဖင့္ သင္ၾကားနိုင္မည့္ေက်ာင္းကို ပုံမွန္စာသင္ခ်ိန္(ပုံမွန္ေက်ာင္း)အျဖစ္ သတ္မွတ္ၿပီး၊ေက်ာင္းသားဦးေရ ၂၀ ထက္ပိုေသာ၊ တစ္သုတ္တက္ေက်ာင္းမ်ားကို နံနက္၊ ေန႔လယ္ ႏွစ္ခ်ိန္ခြဲသင္ရန္ ႏွင့္ ေက်ာင္းသား ထပ္မ်ားပါက နံနက္၊ ေန႔လယ္ႏွစ္ခ်ိန္မွာပင္ တစ္ရက္ျခား ေက်ာင္းခ်ိန္ သတ္မွတ္ထားေၾကာင္း

ပညာေရးဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက အေျခခံပညာေက်ာင္းမ်ားဖြင့္လွစ္ရန္ ျပင္ဆင္ထားမွုႏွင့္ပတ္သက္ၿပီး ေမ၂၇ရက္တြင္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအား ရွင္းလင္းေျပာၾကားရာတြင္ ထည့္သြင္း ေျပာၾကားခဲ့သည္ဟု ဦးေက်ာ္တုတ္ကေျပာသည္။ရန္ကုန္ကဲ့သို့ နံနက္ႏွင့္ ေန႔လယ္ႏွစ္ခ်ိန္ေက်ာင္းျဖစ္ပါက ႏွစ္သုတ္တက္ တစ္ရက္ျခားႏွင့္ ႏွစ္သုတ္တက္ တစ္ပတ္ျခား ေက်ာင္းခ်ိန္မ်ား သတ္မွတ္ထားေၾကာင္း

ဦးေက်ာ္တုတ္က ေျပာသည္။“ စာသင္ခ်ိန္က ၅မ်ိဳးမွာ ေက်ာင္းသား အရမ္းမ်ားတဲ့ ေက်ာင္းေတြက ခုံနံပါတ္ဘယ္ေလာက္ကေန ဘယ္ေလာက္ ထိ ပထမ တစ္ရက္မွာ တက္ၿပီး ေနာက္ရက္မွာကေတာ့ ခုံနံပါတ္ဘယ္ေလာက္ထိ တက္ရမယ္ဆိုတာမ်ိဳး ျဖစ္သြားမယ္။

ေက်ာင္းသားအရမ္းမ်ားရင္ေတာ့ တစ္ပတ္ျခားတစ္ခါ ေက်ာင္းတက္ရမယ္’’ဟု ဦးေက်ာ္တုတ္က ေျပာသည္။COVID-19 ကပ္ေရာဂါ ကာလအတြင္း အစိုးခန႔္ဆရာ၊ ဆရာမမ်ားအေနျဖင့္ က်ဴရွင္စာသင္ဝိုင္းမ်ားဖြင့္လွစ္ သင္ၾကားပါက ဝန္ႀကီးဌာနက ဥပေဒႏွစ္ခုျဖင့္အေရးယူဖြယ္ရွိၿပီး အထူးၾကပ္မတ္မည္ဟု ဆိုသည္။

“ဒီတစ္ႏွစ္ကေတာ့ အစိုးရခန႔္ ဆရာေတြကို က်ဴရွင္ေတြ၊ စာက်က္ဝိုင္းေတြမွာ စာလုံးဝမျပဖို့ဆိုၿပီး ဝန္ႀကီးက ေျပာသြားတယ္။သတ္မွတ္ခ်က္နဲ႔မညီတဲ့ စာက်င္ဝိုင္း၊ က်ဴရွင္ေတြကိုအေရးယူတဲ့အခါမွာ ဥပေဒ ႏွစ္ခု (သဘာဝေဘးအႏၲရာယ္ဆိုင္ရာဥပေဒႏွင့္ ေရာဂါထိန္းခ်ဳပ္ ေရးဥပေဒ)နဲ႔အေရးယူနိုင္တယ္ဆိုတာ အားလုံးလည္း သိထားၾကလိမ့္မယ္ထင္ပါတယ္’’ဟု ဦးေက်ာ္တုတ္ကေျပာသည္။

ဝန္ႀကီးက ကိုယ္ပိုင္ေက်ာင္းမ်ားႏွင့္ ေဘာ္ဒါေဆာင္မ်ားအေနျဖင့္ သီးျခားခြင့္ျပဳရန္ ေျပာဆိုျခင္းမရွိေသာ္လည္း COVID-19 ကာလအတြင္း ဖြင့္လွစ္မည့္ေက်ာင္းမ်ားအေနျဖင့္ ကုလသမဂၢႏွင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ညႊန္ၾကားခ်က္အတိုင္း ဖြင့္လွစ္ရမည္ဟု ဆိုသည္။

The Myanmar Time

Unicode

အစိုးရခန့် အခြေခံပညာကျောင်း ဆရာ/မများ ကျူရှင်သင်ပါက ဥပဒေ နှစ်ခုဖြင့် အရေးယူမည်။အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် စာသင်ချိန်ငါးမျိုးသတ်မှတ် ဖွင့်လှစ်မည်ဖြစ်ပြီး အစိုးရခန့် အခြေခံပညာဆရာ၊ ဆရာမများအနေဖြင့် ကျူရှင်သင်ကြားပါက ဥပဒေနှစ်ခုဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူး ဦးကျော်တုတ်က မြန်မာတိုင်းမ်သို့ မေ ၂၇ ရက်တွင် ပြောသည်။

စာသင်ခန်းအတွင်း ကျောင်းသားတစ်ဦးနှင့် တစ်ဦး ၆ ပေအကွာအဝေးထက် မလျော့ဘဲ တစ်ရက်လျှင် ကျောင်းသား ၂ဝ ဦးဖြင့် သင်ကြားနိုင်မည့်ကျောင်းကို ပုံမှန်စာသင်ချိန်(ပုံမှန်ကျောင်း)အဖြစ် သတ်မှတ်ပြီး၊ကျောင်းသားဦးရေ ၂၀ ထက်ပိုသော၊ တစ်သုတ်တက်ကျောင်းများကို နံနက်၊ နေ့လယ် နှစ်ချိန်ခွဲသင်ရန် နှင့် ကျောင်းသား ထပ်များပါက နံနက်၊ နေ့လယ်နှစ်ချိန်မှာပင် တစ်ရက်ခြား ကျောင်းချိန် သတ်မှတ်ထားကြောင်း

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်ထားမှုနှင့်ပတ်သက်ပြီး မေ၂၇ရက်တွင် လွှတ်တော် ကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်ဟု ဦးကျော်တုတ်ကပြောသည်။ရန်ကုန်ကဲ့သို့ နံနက်နှင့် နေ့လယ်နှစ်ချိန်ကျောင်းဖြစ်ပါက နှစ်သုတ်တက် တစ်ရက်ခြားနှင့် နှစ်သုတ်တက် တစ်ပတ်ခြား ကျောင်းချိန်များ သတ်မှတ်ထားကြောင်း

ဦးကျော်တုတ်က ပြောသည်။“ စာသင်ချိန်က ၅မျိုးမှာ ကျောင်းသား အရမ်းများတဲ့ ကျောင်းတွေက ခုံနံပါတ်ဘယ်လောက်ကနေ ဘယ်လောက် ထိ ပထမ တစ်ရက်မှာ တက်ပြီး နောက်ရက်မှာကတော့ ခုံနံပါတ်ဘယ်လောက်ထိ တက်ရမယ်ဆိုတာမျိုး ဖြစ်သွားမယ်။

ကျောင်းသားအရမ်းများရင်တော့ တစ်ပတ်ခြားတစ်ခါ ကျောင်းတက်ရမယ်’’ဟု ဦးကျော်တုတ်က ပြောသည်။COVID-19 ကပ်ရောဂါ ကာလအတွင်း အစိုးခန့်ဆရာ၊ ဆရာမများအနေဖြင့် ကျူရှင်စာသင်ဝိုင်းများဖွင့်လှစ် သင်ကြားပါက ဝန်ကြီးဌာနက ဥပဒေနှစ်ခုဖြင့်အရေးယူဖွယ်ရှိပြီး အထူးကြပ်မတ်မည်ဟု ဆိုသည်။

“ဒီတစ်နှစ်ကတော့ အစိုးရခန့် ဆရာတွေကို ကျူရှင်တွေ၊ စာကျက်ဝိုင်းတွေမှာ စာလုံးဝမပြဖို့ဆိုပြီး ဝန်ကြီးက ပြောသွားတယ်။သတ်မှတ်ချက်နဲ့မညီတဲ့ စာကျင်ဝိုင်း၊ ကျူရှင်တွေကိုအရေးယူတဲ့အခါမှာ ဥပဒေ နှစ်ခု (သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေနှင့် ရောဂါထိန်းချုပ် ရေးဥပဒေ)နဲ့အရေးယူနိုင်တယ်ဆိုတာ အားလုံးလည်း သိထားကြလိမ့်မယ်ထင်ပါတယ်’’ဟု ဦးကျော်တုတ်ကပြောသည်။

ဝန်ကြီးက ကိုယ်ပိုင်ကျောင်းများနှင့် ဘော်ဒါဆောင်များအနေဖြင့် သီးခြားခွင့်ပြုရန် ပြောဆိုခြင်းမရှိသော်လည်း COVID-19 ကာလအတွင်း ဖွင့်လှစ်မည့်ကျောင်းများအနေဖြင့် ကုလသမဂ္ဂနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း ဖွင့်လှစ်ရမည်ဟု ဆိုသည်။

The Myanmar Time

About the author

Aung Lay

Leave a Comment