News မိုးလေဝသ

မုန်တိုင်းတစ်လုံး မေလ တတိယပတ်မှာ ဖြစ်ပေါ်လာနိုင်

Written by Aung Lay

မုန်တိုင်းဖြစ်ပေါ်လာနိုင်သည့် ရက်အချိန်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာမြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သောမုန်တိုင်းတစ်လုံး မေလတတိယပတ်မှာ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ဧပြီလမိုးကြို/မိုးဦးခန့်မှန်းချက်မှာ ကြိုတင်ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါတယ်။

ယခင် ခန့်မှန်းချက်ထက်၃ရက်လောက်နောက်ကျပြီးမှဖြစ်လာမှာမို့ အနီးကပ်updateသတင်း ထပ်မံထုတ်ပြန်ပေးခြင်းသာ ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း ကိုကိုးကျွန်း၏အနောက်ဘက်တွင် ယခုမေလ ၂၂-၂၃ရက်နေ့တွင် လေထုမငြိမ်သက်မှုဖြစ်ပေါ်လာရာမှ မေလ ၂၄ နေ့တွငလေဖိအားနည်းရပ်ဝန်းတစ်ခု အဖြစ်သို့ရောက်ရှိလာနိုင်ပါတယ်။

အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်အားကောင်းလာပြီး မေလ ၂၅ရက်နေ့မှာ မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့ခန့်မှန်းတွက်ချက်ရရှိထားပါတယ်။

မုန်တိုင်းလမ်းကြောင်းလမ်းကြောင်းအနေနဲ့ကတော့ မြောက်(သို့)အနောက်-မြောက်ဘက် ဘင်္ဂလားဒေ့ရ်ှရဲ့ အရှေ့တောင်ဘက်ကိုဦးတည်ရွေ့လျား သွားနိုင်တယ်လို့တော့ ကနဦး ခန့်မှန်းပါတယ်။

မုန်တိုင်းပြင်းအား

ယခုဖြစ်ပေါ်လာမဲ့မုန်တိုင်းဟာ စုဖွဲ့မှု၊ ရစ်ခွေမှုနှင့် ရေငွေ့ပါဝင်မှုတွေက အားကောင်းနိုင်တော့ မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတစ်လျောက်မှာ အဖျက်စွမ်းအားကြီးမားနိုင်လို့ ကြိုတင်ပြင်ဆင်မှုအားနည်းရင်တော့အပျက်အစီးများနိုင်ပါတယ်။

အထူးသဖြင့် မြန်မာ့ပင်လယ်ပြင်မှ ရေလုပ်သားများသတိထားသင့်ပါတယ်။

မြန်မာနိုင်ငံ အပေါ်အကျိုးသက်ရောက်မှုမြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုအနေ့နဲ့ကတော့မေလ ၂၅မှ ဇွန် ၂ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ခုလုံးနေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းပါတယ်။

အထူးသဖြင့်ရခိုင်ပြည်နယ်၊ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့အထိတောင် ခန့်မှန်းတွက်ချက်ရရှိထားပါတယ်။

ပြီးခဲ့အပတ်စဉ်ခန့်မှန်းချက်မှာ ကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်းမြန်မာနိုင်ငံအလယ်ပိုင်းအပါအဝင် မိုးနည်းဒေသအချို့မှာအခုရက်ပိုင်းထဲ မိုးပြတ်ပြီးနေ့အပူချိန်များတိုးနေနိုင်ပါတယ်။

သို့သော် ယခင်အကြံပြုထားတဲ့အတိုင်း စိုက်ပျိုးရေးပြုလုပ်မည့် တောင်သူများအနေဖြင့် မိုးနည်းချိန်တွင်ထယ်ရေးပြင်ထားကြဖို့ကိုလဲ ဆက်လက် အကြံပြုတင်ပြလိုပါတယ်။

လာမည့်မေလ ၂၅မှ ဇွန်လ၂ရက်နေ့အတွင်းမြန်မာနိုင်ငံတစ်ခုလုံး မိုးရွာသွန်းဖို့ရှိတော့ ထယ်ရေးအောက်ချိန်မိုးရွာသွန်းလာပါက အချိန်မီအသင့်စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာ့ပင်လယ်ပြင်ဖြစ်တဲ့ မုတ္တမကွေ့၊ရခိုင်၊မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ လေပြင်းများတိုက်ခတ်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်လို့ ရေလုပ်သားများပင်လယ်ပြင်တွင်ခုတ်မောင်းသွားလာနေသော လှေနှင့်သင်္ဘောများအဆိုပါရက်တွေမှာ သတိထားင့်ကြောင်းအကြံပြုတင်ပြလိုပါတယ်။

အုပ်လုပ်ငန်းလုပ်ကိုင်နေသူများ၊ ဆားလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့်လဲ ရာသီဥတု အခြေအနေများကိုကြိုတင်သိရှိနားလည်ပြီး မိမိတို့ရဲ့ လုပ်ငန်းလိုအပ်ချက်များအပေါ်မှုတည်ပြီး လိုအပ်သလိုဆက်လက်လုပ်ဆာင်နိုင်အောင် ကြိုတင်ခန့်မှန်းထုတ်ပြန် တင်ပြပေးလိုက်ရပါတယ် ခင်ဗျာ။

မိုးလေဝသဖြစ်စဉ်များသည် အချိန်နှင့်အမျှ ပြောင်းလဲနေသောကြောင့် အပြောင်းအလဲအနည်းငယ်ရှိနိုင်လို့ကျွန်တော်ရဲ့နေ့စဉ်သတင်းထုတ်ပြန်ချက်များ၊အနီးကပ်Updateသတင်းခန့်မှန်းချက်များနှင့် မိုးလေဝသနှင့်ဇလဗေညွန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်များကိုသာစောင့်ကြည်စေလိုပါတယ်။

ကျွန်တော်တင်ပေးနေသော မိုးလေဝသ နေ့စဉ်ခန့်မှန်းချက် အပတ်စဉ်နှင့် လစဉ်ကဲ့သို့သော ရက်ဝေးခန့်မှန်းချက်များကို အမြဲတမ်းဖတ်ရှုလိုပါကကျွန်တော်အကောင့်
ကိုFollowedလုပ်ထားခြင်း နှင့် See First လုပ်ထားခြင်းတို့ဖြင့် ကျွန်တော်သတင်းတင်ပေးလိုက်တိုင်းမြင်တွေ့ရနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

တောင်သူဦးကြီးများလဲ သီးနှံးပင်များအထွက်တိုးပြီး မြေကြီးကရွှေသီးသလို အောင်မြင်ဖြစ်ထွန်းပြီး တိုးတက် ကြီးပွားကြပါစေ….

Creditဝေဖြိုးဟန်( လေကြောင်းမိုးလေဝသ)

About the author

Aung Lay

Leave a Comment