Knowledge ထီပေါက်စဉ်

ထီထိုးထားသူများ လိမ်နည်းအသစ်နဲ့ အလိမ် မခံရအောင် သေချာဖတ်ပြီး ကူညီရှယ်ပေးကြပါ

Written by Aung Lay

မိုး ယံေ႐ႊလမင္းႏွင့္ျမတ္ဆုကုေဋ ထီဆိုင္နာမည္သုံးပီ အႀကီးစားလိမ္လည္မႈေတြ ရွိေနလို႔ မေန႔ညက ကိုယ္ေတြ႕ျဖစ္ရပ္တစ္ခုကို sharing လုပ္ခ်င္ပါတယ္။ည9နာရီေလာက္ MT ဆီကို Phဆက္လာပါတယ္ က်ေတာ္က မိုးယံကပါ အမ မိုးယံမွာဒီph no ေပးပီ ထီထိုးဖူးပါ သလားဆိုပီေမးလာပါတယ္ ဟုကဲ့ထိုးဖူးပါတယ္လို႔ (တကယ္ေတာ့တသက္လုံး ထီတေစာင္ေတာင္မထိုးခဲ့ဖူးပါဘူး ဘယ္လိုနည္းနဲ႔လိမ္ေတာ့မလဲဆိုတာသိခ်င္လို႔ေျပာလိုက္တာပါ ညႀကီးအခ်ိန္မေတာ္ ဘယ္ထီဆိုင္ သူေဌးကမွ ph မဆက္ႏိုင္ပါဘူး )

က်ေတာ့္ကို က်ေတာ့္သူေဌးက ဆက္ခိုင္းလို႔ဆက္လိုက္တာပါတဲ့ သူေဌးနဲ႔တိုက္႐ိုက္ph ေျပာေစခ်င္ပါတယ္ တဲ့ အခ်ိန္ေပးႏိုင္မလား တဲ့ ဟုကဲ့ေပးႏိုင္ပါတယ္ ဆိုေတာ့ က်ေတာ့္ 1.2မိနစ္ေနရင္ ph ျပန္ဆက္ပါမယ္ ေစာင့္ေနပါဆိုပီ 9:15hr ေလာက္က်ဆက္လာပါတယ္ က်ေတာ့္ မိုးယံထီဆိုင္က ပိုင္ရွင္သူေဌး ဦးမ်ိဳးၫႊန႔္ပါတဲ့ (ထီဆိုင္ပိုင္ရွင္သူေဌးအစစ္ နာမည္ကိုပါအလြဲသုံးစားလုပ္တာပါ)က်ေတာ့္တိုထီဆိုင္က လတိုင္း ဆုႀကီးနံပါတ္ နဲ႔နည္းနည္းေလးကပ္လြဲတဲ့ သူေတြကိုလတိုင္း37ေယာက္ ရဲ႕ph no ေတြ စာရင္းျပဳစုထားပါတယ္တဲ့ အဲ့ထဲကမွ တႏွစ္တႀကိမ္ ဒီဝါတြင္းမွာ ေတာင္တန္းသာသနာျပဳဆရာေတာ္တဦးဆီမွာ ph no ေတြေပးပီ ကံထူးသူကိုေ႐ြးေပးပါတယ္ တဲ့ အဲ့ကံထူးသူက ဒီph no ျဖစ္ပါတယ္ အရမ္းကံေကာင္းပါတယ္ ဆိုပီ မက္လုံးေတြစုံေနေအာင္ေပးပါတယ္။

ဒီလအတြက္ ထီလက္မွတ္ကို ဆရာေတာ္က သိႏၶိတင္ေပးပီ အမတို႔ဆီကိုလာပို႔ခ်င္လို႔ လိပ္စာေလးေပးပါတဲ့ လုံးဝေသာင္းဆုေပါက္မွာပါတဲ့ က်ေတာ္တို႔အားလုံးစီစဥ္ပီပါပီတဲ့ ဒါေပမဲ့ စည္းကမ္းခ်က္ေတြေတာ့ရွိတယ္လိုက္နာမွသာလွ်င္ ေပါက္မွာပါတဲ့။မနက္ 6နာရီ မွာ ေရခ်မ္း ဆီမီး အေမႊးတိုင္အိမ္ကဘုရားမွာကပ္လႉေပးပါတဲ့ ေနာက္တခုက အဲ့မွာဇာတ္လမ္းစ တာပါပဲ ထီလက္မွတ္ဖိုးကိုက်ေတာ့္တို႔အေနနဲ႔ဆိုမယူပါဘူးတဲ့ ဒါေပမဲ့ ဆရာေတာ္က ကာယံကံရွင္ရဲ႕ ေခြၽးနည္းစာပါမွသာလွ်င္ ျဖစ္မွာဆိုလို႔ သိႏၶိ တင္ခ 5သိန္း 6 ေသာင္းက်ပါတယ္ တဲ့ မနက္ျဖန္ မနက္ 8နာရီမွာ လႉရမွာျဖစ္တဲ့အတြက္ အျမန္ဆုံး wave money နဲ႔ပို႔ေပးပါတဲ့ မတက္ႏိုင္ပါဘူးလို႔ေျပာေတာ့ အာ့ဆို စတိ အေနနဲ႔ 1သိန္း1ေသာင္းေလာက္ဆိုရပါတယ္တဲ့။

က်ေတာ့္ဘက္က ဘာကူညီႏိုင္မလဲတဲ့ က်ေတာ့္တြက္အဲ့ေငြက မေျပာပ ေလာက္ပါဘူးတဲ့အမ တို႔အတြက္ပါတဲ့ ေနာက္စည္းကမ္းတခုက က်ေတာ့္ တို႔ဘက္ကထီလာမပို႔မခ်င္း ကိုယ့္မိသားစု ကလြဲတျခားသူစိမ္းတဦးတေယာက္ကိုမွ ခုကိစၥ ိုမေျပာျပရပါဘူးတဲ့ (လူလိမ္ကလည္ေတာ့လည္တယ္တပတ္မျပည့္တာခက္တယ္ )ခု ည ဆက္ရတာကလဲ ဆရာေတာ္ က ခုခ်ိန္မွာဆက္ရမယ္ လို႔မိန႔္ထားလို႔ပါတဲ့ မနက္ျဖန္ေန႔လည္ 12နာရီကို အမ ေနတဲ့ေနရာ လက္မွတ္လာပို႔ေပးပါမယ္ တဲ့ ဟုကဲ့ ပိုက္ဆံ မနက္မွ စီစဥ္ၾကည့္ပါမယ္လို႔ေျပာပီပဲ ph ခ်လိုက္တယ္။မနက္က် အေစာႀကီး 6ခြဲေလာက္တည္းက ph ေတြေခၚပါတယ္ 7hr ေက်ာ္ေလာက္မွ ph ကိုင္လိုက္ေတာ့ က်ေတာ့္ အမေနတဲ့ေနရာကို ထီလက္မွတ္ပို႔ေပးဖို႔ ညတြင္းခ်င္းပဲစီစဥ္ပီပါပီတဲ့ 8hr မထိုးခင္ ပိုက္ဆံ လြဲေပးပါတဲ့ ဟုကဲ့ပဲေျပာပီး (တကယ္ေတာ့လူလိမ္ေတြကိုလြဲဖို႔အစီစဥ္လုံးဝကိုမရွိတာပါ)

8hr ေက်ာ္ေလာက္မွ ဒီမွာက wave money မရွိလို႔ (တကယ္ကရွိပါတယ္ )ဘဏ္က ေနပဲလြဲပါမယ္ မွတ္ပုံတင္နံပါတ္ ေပးပါလို႔ေျပာလိုက္တည္းက ခုခ်ိန္ထိ ph ျပန္ဆက္မလာေတာ့ဘူး သူတို႔ လိမ္ဖို႔ လူေ႐ြးလိုက္တာ မွားသြားပီ ဆိုတာသိသြားလို႔ျဖစ္မယ္ သူတို႔ 8hr လြဲခိုင္းရတဲ့အေၾကာင္းရင္းက မိုးယံ ပင္မ ဆိုင္ႀကီးကိုက မနက္ 9hr မွ ph ဆက္လို႔ရတယ္ဆိုတာ သူတို႔သိထားေလာက္တယ္။မိုးယံေ႐ႊလမင္း ႏွင့္ ျမတ္ဆုကုေဋ ရဲ႕ ပင္မထီဆိုင္ႀကီးကိုလဲ ph ဆက္အေၾကာင္းၾကားပီပါပီ 9ခြဲေက်ာ္မွဆက္လို႔ရတယ္သူတို႔ဆီမွာအဲ့ဒါမ်ိဳးလုံးဝ မရွိတဲ့အေၾကာင္း ပိုက္ဆံမလြဲပါနဲ႔လို႔ေျပာပါတယ္။MT ကတျခားသူေတြ အလိမ္မခံေစခ်င္လို႔ ကိုယ္ေတြ႕ျဖစ္ရပ္ကို မွ်ေဝျခင္းျဖစ္ပါတယ္ လူလိမ္နဲ႔ ေျပာထားတဲ့ record ေတြ လဲရွိပါတယ္ တင္မရလို႔ပါ သူငယ္ခ်င္းေတြလဲျပန္လည္ shareေပးေစခ်င္ပါတယ္ အဲ့ဒါမွ လူလိမ္ေတြ ဆက္လိမ္ဖို႔အင္အားေလ်ာ့မွာပါ စာရွည္သြားရင္ sorryပါေနာ္…လူလိမ္ရဲ႕ ph no 09894600965 ;09894601047

Credit: Myint Myint Thu Facebook Account မွကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။

Unicode

မိုး ယံရွှေလမင်းနှင့်မြတ်ဆုကုဋေ ထီဆိုင်နာမည်သုံးပီ အကြီးစားလိမ်လည်မှုတွေ ရှိနေလို့ မနေ့ညက ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို sharing လုပ်ချင်ပါတယ်။ည9နာရီလောက် MT ဆီကို Phဆက်လာပါတယ် ကျတော်က မိုးယံကပါ အမ မိုးယံမှာဒီph no ပေးပီ ထီထိုးဖူးပါ သလားဆိုပီမေးလာပါတယ် ဟုကဲ့ထိုးဖူးပါတယ်လို့ (တကယ်တော့တသက်လုံး ထီတစောင်တောင်မထိုးခဲ့ဖူးပါဘူး ဘယ်လိုနည်းနဲ့လိမ်တော့မလဲဆိုတာသိချင်လို့ပြောလိုက်တာပါ ညကြီးအချိန်မတော် ဘယ်ထီဆိုင် သူဌေးကမှ ph မဆက်နိုင်ပါဘူး )

ကျတော့်ကို ကျတော့်သူဌေးက ဆက်ခိုင်းလို့ဆက်လိုက်တာပါတဲ့ သူဌေးနဲ့တိုက်ရိုက်ph ပြောစေချင်ပါတယ် တဲ့ အချိန်ပေးနိုင်မလား တဲ့ ဟုကဲ့ပေးနိုင်ပါတယ် ဆိုတော့ ကျတော့် 1.2မိနစ်နေရင် ph ပြန်ဆက်ပါမယ် စောင့်နေပါဆိုပီ 9:15hr လောက်ကျဆက်လာပါတယ် ကျတော့် မိုးယံထီဆိုင်က ပိုင်ရှင်သူဌေး ဦးမျိုးညွှန့်ပါတဲ့ (ထီဆိုင်ပိုင်ရှင်သူဌေးအစစ် နာမည်ကိုပါအလွဲသုံးစားလုပ်တာပါ)ကျတော့်တိုထီဆိုင်က လတိုင်း ဆုကြီးနံပါတ် နဲ့နည်းနည်းလေးကပ်လွဲတဲ့ သူတွေကိုလတိုင်း37ယောက် ရဲ့ph no တွေ စာရင်းပြုစုထားပါတယ်တဲ့ အဲ့ထဲကမှ တနှစ်တကြိမ် ဒီဝါတွင်းမှာ တောင်တန်းသာသနာပြုဆရာတော်တဦးဆီမှာ ph no တွေပေးပီ ကံထူးသူကိုရွေးပေးပါတယ် တဲ့ အဲ့ကံထူးသူက ဒီph no ဖြစ်ပါတယ် အရမ်းကံကောင်းပါတယ် ဆိုပီ မက်လုံးတွေစုံနေအောင်ပေးပါတယ်။

ဒီလအတွက် ထီလက်မှတ်ကို ဆရာတော်က သိန္ဓိတင်ပေးပီ အမတို့ဆီကိုလာပို့ချင်လို့ လိပ်စာလေးပေးပါတဲ့ လုံးဝသောင်းဆုပေါက်မှာပါတဲ့ ကျတော်တို့အားလုံးစီစဉ်ပီပါပီတဲ့ ဒါပေမဲ့ စည်းကမ်းချက်တွေတော့ရှိတယ်လိုက်နာမှသာလျှင် ပေါက်မှာပါတဲ့။မနက် 6နာရီ မှာ ရေချမ်း ဆီမီး အမွှေးတိုင်အိမ်ကဘုရားမှာကပ်လှူပေးပါတဲ့ နောက်တခုက အဲ့မှာဇာတ်လမ်းစ တာပါပဲ ထီလက်မှတ်ဖိုးကိုကျတော့်တို့အနေနဲ့ဆိုမယူပါဘူးတဲ့ ဒါပေမဲ့ ဆရာတော်က ကာယံကံရှင်ရဲ့ ချွေးနည်းစာပါမှသာလျှင် ဖြစ်မှာဆိုလို့ သိန္ဓိ တင်ခ 5သိန်း 6 သောင်းကျပါတယ် တဲ့ မနက်ဖြန် မနက် 8နာရီမှာ လှူရမှာဖြစ်တဲ့အတွက် အမြန်ဆုံး wave money နဲ့ပို့ပေးပါတဲ့ မတက်နိုင်ပါဘူးလို့ပြောတော့ အာ့ဆို စတိ အနေနဲ့ 1သိန်း1သောင်းလောက်ဆိုရပါတယ်တဲ့။

ကျတော့်ဘက်က ဘာကူညီနိုင်မလဲတဲ့ ကျတော့်တွက်အဲ့ငွေက မပြောပ လောက်ပါဘူးတဲ့အမ တို့အတွက်ပါတဲ့ နောက်စည်းကမ်းတခုက ကျတော့် တို့ဘက်ကထီလာမပို့မချင်း ကိုယ့်မိသားစု ကလွဲတခြားသူစိမ်းတဦးတယောက်ကိုမှ ခုကိစ္စ ိုမပြောပြရပါဘူးတဲ့ (လူလိမ်ကလည်တော့လည်တယ်တပတ်မပြည့်တာခက်တယ် )ခု ည ဆက်ရတာကလဲ ဆရာတော် က ခုချိန်မှာဆက်ရမယ် လို့မိန့်ထားလို့ပါတဲ့ မနက်ဖြန်နေ့လည် 12နာရီကို အမ နေတဲ့နေရာ လက်မှတ်လာပို့ပေးပါမယ် တဲ့ ဟုကဲ့ ပိုက်ဆံ မနက်မှ စီစဉ်ကြည့်ပါမယ်လို့ပြောပီပဲ ph ချလိုက်တယ်။မနက်ကျ အစောကြီး 6ခွဲလောက်တည်းက ph တွေခေါ်ပါတယ် 7hr ကျော်လောက်မှ ph ကိုင်လိုက်တော့ ကျတော့် အမနေတဲ့နေရာကို ထီလက်မှတ်ပို့ပေးဖို့ ညတွင်းချင်းပဲစီစဉ်ပီပါပီတဲ့ 8hr မထိုးခင် ပိုက်ဆံ လွဲပေးပါတဲ့ ဟုကဲ့ပဲပြောပီး (တကယ်တော့လူလိမ်တွေကိုလွဲဖို့အစီစဉ်လုံးဝကိုမရှိတာပါ)

8hr ကျော်လောက်မှ ဒီမှာက wave money မရှိလို့ (တကယ်ကရှိပါတယ် )ဘဏ်က နေပဲလွဲပါမယ် မှတ်ပုံတင်နံပါတ် ပေးပါလို့ပြောလိုက်တည်းက ခုချိန်ထိ ph ပြန်ဆက်မလာတော့ဘူး သူတို့ လိမ်ဖို့ လူရွေးလိုက်တာ မှားသွားပီ ဆိုတာသိသွားလို့ဖြစ်မယ် သူတို့ 8hr လွဲခိုင်းရတဲ့အကြောင်းရင်းက မိုးယံ ပင်မ ဆိုင်ကြီးကိုက မနက် 9hr မှ ph ဆက်လို့ရတယ်ဆိုတာ သူတို့သိထားလောက်တယ်။မိုးယံရွှေလမင်း နှင့် မြတ်ဆုကုဋေ ရဲ့ ပင်မထီဆိုင်ကြီးကိုလဲ ph ဆက်အကြောင်းကြားပီပါပီ 9ခွဲကျော်မှဆက်လို့ရတယ်သူတို့ဆီမှာအဲ့ဒါမျိုးလုံးဝ မရှိတဲ့အကြောင်း ပိုက်ဆံမလွဲပါနဲ့လို့ပြောပါတယ်။MT ကတခြားသူတွေ အလိမ်မခံစေချင်လို့ ကိုယ်တွေ့ဖြစ်ရပ်ကို မျှဝေခြင်းဖြစ်ပါတယ် လူလိမ်နဲ့ ပြောထားတဲ့ record တွေ လဲရှိပါတယ် တင်မရလို့ပါ သူငယ်ချင်းတွေလဲပြန်လည် shareပေးစေချင်ပါတယ် အဲ့ဒါမှ လူလိမ်တွေ ဆက်လိမ်ဖို့အင်အားလျော့မှာပါ စာရှည်သွားရင် sorryပါနော်…လူလိမ်ရဲ့ ph no 09894600965 ;09894601047

Credit: Myint Myint Thu Facebook Account မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

About the author

Aung Lay

Leave a Comment