ရန္ ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ တိုင္းအစိုးရ အဖြဲ႕ဝင္ေတြကို ဒီေန႔ ေမလ (၂၉) ရက္ေန႔ မနက္ပိုင္းက ကိုစည္သူျမင့္ဆိုသူက ဗိုလ္တေထာင္ၿမိဳ႕မရဲစခန္းကို သြားေရာက္တိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။
ဗိုလ္တေထာင္ရဲစခန္းက တိုင္ၾကားမႈကို လက္ခံထားၿပီးေတာ့ အမႈေတာ့ မဖြင့္ေသးဘဲ တရားလိုရဲ႕ ကုိယ္ေရးအခ်က္အလက္ေတြကုိ ယူထားၿပီး ျပန္လည္အေၾကာင္းၾကားေပးမယ္လုိ႔ ရဲစခန္းကအေၾကာင္းျပန္ခဲ့တယ္လုိ႔ သိရပါတယ္။
ေမလ(၂၄)ရက္ေန႔က လူစုလူေဝးနဲ႔ ရွင္ဥပဂုတၱမေထရ္ျမတ္ ေဖာင္ေတာ္ေရခ်တဲ့အခမ္းအနားကို ဗိုလ္တေထာင္ ၿမိဳ႕နယ္ ဗိုလ္တေထာင္ဆိပ္ကမ္းမွာ ျပဳလုပ္ခဲ့တဲ့အတြက္ေၾကာင့္ အခုလုိ တုိင္ၾကားရျခင္း ျဖစ္ေၾကာင္း ဦးစည္သူျမင့္က ေျပာပါတယ္။
Credit
Unicode
ရန် ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအစိုးရ အဖွဲ့ဝင်တွေကို ဒီနေ့ မေလ (၂၉) ရက်နေ့ မနက်ပိုင်းက ကိုစည်သူမြင့်ဆိုသူက ဗိုလ်တထောင်မြို့မရဲစခန်းကို သွားရောက်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်တထောင်ရဲစခန်းက တိုင်ကြားမှုကို လက်ခံထားပြီးတော့ အမှုတော့ မဖွင့်သေးဘဲ တရားလိုရဲ့ ကိုယ်ရေးအချက်အလက်တွေကို ယူထားပြီး ပြန်လည်အကြောင်းကြားပေးမယ်လို့ ရဲစခန်းကအကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။
မေလ(၂၄)ရက်နေ့က လူစုလူဝေးနဲ့ ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချတဲ့အခမ်းအနားကို ဗိုလ်တထောင် မြို့နယ် ဗိုလ်တထောင်ဆိပ်ကမ်းမှာ ပြုလုပ်ခဲ့တဲ့အတွက်ကြောင့် အခုလို တိုင်ကြားရခြင်း ဖြစ်ကြောင်း ဦးစည်သူမြင့်က ပြောပါတယ်။