ထူးဆန်းထွေလာ

ရှားပါးမျိုးစိတ် ဝင် အသေကောင် ပန်းပွင့်ကြီး” (ရုပ်သံ)

Written by Aung Lay

“ရွား ပါးမ်ိဳးစိတ္ဝင္ အေသေကာင္ပန္းပြင့္ႀကီး”ဆိုတဲ့အမည္နဲ႔ ဆန္းျပားတဲ့ အဆင္းနဲ႔ ပန္းပြင့္ႀကီးရဲ႕ ပုံေတြကို ေဖ့စ္ဘြတ္ခ္အင္တာ နက္လူမႈကြန္ရက္ေပၚမွာ က်ယ္က်ယ္ျပန႔္ျပန႔္ မွ်ေဝမႈေတြ ျပဳလုပ္ေနၾကၿပီး နာမည္ႀကီးေနပါတယ္။

အဆိုပါ ပန္းပြင့္ရဲ႕ ပုံေတြကိုေတာ့ Nang Mee Mee အမည္နဲ႔ ေဖ့စ္ဘြတ္ခ္ အသုံးျပဳသူ တေယာက္က ခုလိုေရးသားၿပီး မွ်ေဝထားခဲ့တာပါ။

“အိမ္ေနာက္ေဖးက ၿခံထဲမွာ အပြင့္အႀကီးႀကီး ပြင့္ေနတာလွလိုက္တာ။ အျပင္ပန္း ၾကည့္ရင္း အရမ္းလွတယ္ ပုပ္ေစာ္နံလို႔ မခံႏိုင္ပါ။ တၿခံလုံး ပုပ္နံ႔ေတြ လႈိင္လို႔။ ေနာက္မွ အေျဖေတြ႕ေတာ့တယ္ ဒီအပြင့္ႀကီး။ (တခ်ိဳ႕လူေတြလိုေပါ့ ႐ုပ္ကေလးကလွပါရဲ႕ စိတ္ေန စိတ္ထားကပုပ္)၊ ဘာပန္းလဲ…သိလား”

အဲဒီပို႔စ္ေအာက္မွာေတာ့ ကြဲျပားျခားနားတဲ့ မွတ္ခ်က္ေတြနဲ႔အတူ တမဟုတ္ခ်င္း နာမည္ႀကီးေနခဲ့ၿပီး တခ်ိဳ႕က ထူးဆန္းတဲ့ ပန္းပြင့္ႀကီးက ဘာပန္းလဲ၊ ဘယ္လိုအမ်ိဳးအစားလဲစတဲ့ မွတ္ခ်က္ေတြနဲ႔ ေမးျမန္းမႈေတြလည္း ရွိေနခဲ့ကာ တခ်ိဳ႕ကေတာ့ ဒါဟာ နိမိတ္မရွိတဲ့ အေလာင္းပန္းႀကီး၊ အိမ္မွာ မစိုက္သင့္ဘူးလို႔ မွတ္ခ်က္ေပးတာေတြလည္း ရွိေနတာ ျဖစ္ပါတယ္။

မွတ္ခ်က္ေပးသူတေယာက္ကေတာ့ ဒီပန္းပြင့္ႀကီးနဲ႔ ပတ္သက္ၿပီး “ဒီအေသေကာင္ ပန္းပြင့္က အပြင့္ရဲ႕အရွည္ဟာ ၁၅ေပေလာက္ထိျမင့္တက္ႏိုင္တဲ့ ကမာၻအႀကီးဆုံး ပန္းပြင့္ ေတြထဲပါဝင္ပါတယ္။ တပြင့္ထဲမွာအဖိုအမဝတ္ဆံပါတယ္။ ပန္းပြင့္ေနတဲ့အခါေတြမွာ ပုတ္ေဆြးေနတဲ့ အေလာင္းေကာင္ရဲ႕ အနံ႔ေတြရွိလို႔ အေသေကာင္ပန္းလို႔ေခၚၾကတယ္။ ဘာလို႔ အပုတ္နံ႔ထြက္လဲဆိုရင္ မ်ိဳးဆက္ပြားဖို႔ အတြက္ အသားစား insects ေတြ ယင္ေကာင္ေတြရဲ႕ အကူအညီယူဖို႔အတြက္ဆြဲေဆာင္ခ်င္လို႔ အပုတ္နံ႔နဲ႔အပူခ်ိန္ရွိတာေၾကာင့္ အေသေကာင္ ထင္ၿပီး insects ေတြလာနားၾကပါေတာ့တယ္။

ဒါေပမဲ့ အေကာင္ေတြကလည္း စားစရာ မဟုတ္လို႔ ျပန္ထြက္သြားၾကေပမဲ့ ဝတ္မႈံေတြ ပါသြားေတာ့ မ်ိဳးပြါးဖို႔ အေထာက္အပံ့ ေတာ့ရတယ္။ ဒီပန္းပြင့္က တခါပြင့္ဖို႔ႏွစ္မ်ားစြာအခ်ိန္ယူရတဲ့အတြက္ သူဟာ ကမာၻ႔ရွား ပါး အပင္ေတြထဲပါဝင္ေနပါေသးတယ္။ ဒီပုံက ေျမက်စ္လို႔ အပြင့္ေသးေနေသးတာ တကယ္ဆိုရင္ ဒီထက္ ၃ ဆေလာက္အထိ ႀကီးႏိုင္ပါတယ္။ ႐ုကၡေဗဒနဲ႔ဘြဲ႕ရထားလို႔ လိုက္ ရွာရသေလာက္ေရးလိုက္တာပါ”လို႔ မွတ္ခ်က္ေရးထားတာကိုလည္း ေတြ႕ရပါတယ္။

လတ္တေလာမွာေတာ့ ဒီပန္းပြင့္ႀကီးနဲ႔ ပတ္သက္ၿပီး ထင္ရာျမင္ရာ မွတ္ခ်က္ေတြ နဲ႔ သို႔ေလာသို႔ေလာ ျဖစ္ေနသူေတြအတြက္ ပို႔စ္ပိုင္ရွင္က ႐ုပ္သံဗြီဒီယိုဖိုင္နဲ႔ ခုလိုေရးသားခဲ့ၿပီး ထပ္မံမွ်ေဝထားခဲ့တာပါ။

“ကဲ ေရာ့ Video File မေျဖခ်င္ေတာ့ဘူးေနာ္။ နန္းမီးတို႔ရဲ႕ ကခ်င္ျပည္နယ္ မိုးညႇင္း ခ႐ိုင္ မိုးညႇင္းၿမိဳ႕နယ္ အင္းေတာ္ႀကီးေဒသ ” နန္႔မြန္းၿမိဳ႕” ၿမိဳ႕မအေနာက္ရပ္ကြက္ အိမ္အေနာက္ၿခံထဲမွာ ပြင့္တာပါရွင္။ မနက္ျဖန္မွ ေသခ်ာ႐ိုက္ေပးမယ္”

 

Unicode

“ရှား ပါးမျိုးစိတ်ဝင် အသေကောင်ပန်းပွင့်ကြီး”ဆိုတဲ့အမည်နဲ့ ဆန်းပြားတဲ့ အဆင်းနဲ့ ပန်းပွင့်ကြီးရဲ့ ပုံတွေကို ဖေ့စ်ဘွတ်ခ်အင်တာ နက်လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေမှုတွေ ပြုလုပ်နေကြပြီး နာမည်ကြီးနေပါတယ်။

အဆိုပါ ပန်းပွင့်ရဲ့ ပုံတွေကိုတော့ Nang Mee Mee အမည်နဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူ တယောက်က ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

“အိမ်နောက်ဖေးက ခြံထဲမှာ အပွင့်အကြီးကြီး ပွင့်နေတာလှလိုက်တာ။ အပြင်ပန်း ကြည့်ရင်း အရမ်းလှတယ် ပုပ်စော်နံလို့ မခံနိုင်ပါ။ တခြံလုံး ပုပ်နံ့တွေ လှိုင်လို့။ နောက်မှ အဖြေတွေ့တော့တယ် ဒီအပွင့်ကြီး။ (တချို့လူတွေလိုပေါ့ ရုပ်ကလေးကလှပါရဲ့ စိတ်နေ စိတ်ထားကပုပ်)၊ ဘာပန်းလဲ…သိလား”

အဲဒီပို့စ်အောက်မှာတော့ ကွဲပြားခြားနားတဲ့ မှတ်ချက်တွေနဲ့အတူ တမဟုတ်ချင်း နာမည်ကြီးနေခဲ့ပြီး တချို့က ထူးဆန်းတဲ့ ပန်းပွင့်ကြီးက ဘာပန်းလဲ၊ ဘယ်လိုအမျိုးအစားလဲစတဲ့ မှတ်ချက်တွေနဲ့ မေးမြန်းမှုတွေလည်း ရှိနေခဲ့ကာ တချို့ကတော့ ဒါဟာ နိမိတ်မရှိတဲ့ အလောင်းပန်းကြီး၊ အိမ်မှာ မစိုက်သင့်ဘူးလို့ မှတ်ချက်ပေးတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးသူတယောက်ကတော့ ဒီပန်းပွင့်ကြီးနဲ့ ပတ်သက်ပြီး “ဒီအသေကောင် ပန်းပွင့်က အပွင့်ရဲ့အရှည်ဟာ ၁၅ပေလောက်ထိမြင့်တက်နိုင်တဲ့ ကမ္ဘာအကြီးဆုံး ပန်းပွင့် တွေထဲပါဝင်ပါတယ်။ တပွင့်ထဲမှာအဖိုအမဝတ်ဆံပါတယ်။ ပန်းပွင့်နေတဲ့အခါတွေမှာ ပုတ်ဆွေးနေတဲ့ အလောင်းကောင်ရဲ့ အနံ့တွေရှိလို့ အသေကောင်ပန်းလို့ခေါ်ကြတယ်။ ဘာလို့ အပုတ်နံ့ထွက်လဲဆိုရင် မျိုးဆက်ပွားဖို့ အတွက် အသားစား insects တွေ ယင်ကောင်တွေရဲ့ အကူအညီယူဖို့အတွက်ဆွဲဆောင်ချင်လို့ အပုတ်နံ့နဲ့အပူချိန်ရှိတာကြောင့် အသေကောင် ထင်ပြီး insects တွေလာနားကြပါတော့တယ်။

ဒါပေမဲ့ အကောင်တွေကလည်း စားစရာ မဟုတ်လို့ ပြန်ထွက်သွားကြပေမဲ့ ဝတ်မှုံတွေ ပါသွားတော့ မျိုးပွါးဖို့ အထောက်အပံ့ တော့ရတယ်။ ဒီပန်းပွင့်က တခါပွင့်ဖို့နှစ်များစွာအချိန်ယူရတဲ့အတွက် သူဟာ ကမ္ဘာ့ရှား ပါး အပင်တွေထဲပါဝင်နေပါသေးတယ်။ ဒီပုံက မြေကျစ်လို့ အပွင့်သေးနေသေးတာ တကယ်ဆိုရင် ဒီထက် ၃ ဆလောက်အထိ ကြီးနိုင်ပါတယ်။ ရုက္ခဗေဒနဲ့ဘွဲ့ရထားလို့ လိုက် ရှာရသလောက်ရေးလိုက်တာပါ”လို့ မှတ်ချက်ရေးထားတာကိုလည်း တွေ့ရပါတယ်။

လတ်တလောမှာတော့ ဒီပန်းပွင့်ကြီးနဲ့ ပတ်သက်ပြီး ထင်ရာမြင်ရာ မှတ်ချက်တွေ နဲ့ သို့လောသို့လော ဖြစ်နေသူတွေအတွက် ပို့စ်ပိုင်ရှင်က ရုပ်သံဗွီဒီယိုဖိုင်နဲ့ ခုလိုရေးသားခဲ့ပြီး ထပ်မံမျှဝေထားခဲ့တာပါ။

“ကဲ ရော့ Video File မဖြေချင်တော့ဘူးနော်။ နန်းမီးတို့ရဲ့ ကချင်ပြည်နယ် မိုးညှင်း ခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ” နန့်မွန်းမြို့” မြို့မအနောက်ရပ်ကွက် အိမ်အနောက်ခြံထဲမှာ ပွင့်တာပါရှင်။ မနက်ဖြန်မှ သေချာရိုက်ပေးမယ်”

About the author

Aung Lay

Leave a Comment