Health

အချို့လူတွေမှာ ဘာကြောင့် ခြင် ပိုကိုက်ခံရတာလဲ?

Written by Aung Lay

အချို့ လူများ သည် အိမ် အပြင် ထွက်သည် နှင့် ခြင်ကိုက် ခံရလေ့ ရှိပြီး အချို့တွင် ခြင် တောထဲ သွားနေ သော်လည်း ခြင် တစ်ကောင် မျှ အကိုက် မခံ ရပေ ။ ခြင် များသည် သွေးနံ့ကို မိုင်ပေါင်း များစွာ ကပင် အနံ့ ရသော်လည်း သွေးနံ့ကို မူတည် ၍ ကိုက် ရ မည့် အရာကို ရွေး ချယ် လေ့ မရှိ ။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ ထုတ်လွှတ် လျက်ရှိသည့် ပစ်မှတ် ကိုသာ ရွေးကိုက် လေ့ ရှိ သည် ။

လူတို့ သည် အောက်စီဂျင် ကို ရှူသွင်း ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ကို ရှူ ထုတ် သည် ။ ထို့ ကြောင့် ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လုပ်မှု ပိုများသူ များကို ခြင် များက အဓိက ပစ်မှတ်ထား တတ် သည် ။

ဝဖြိုးသူ များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ကာဗွန်ဒိုင်အောက်ဆိုဒ် ပို ထုတ် လွှတ်သောကြောင့် ခြင် ပိုကိုက်ခံ ရလေ့ ရှိသည် ။ အရေပြား ပေါ်တွင် ခြင် လာရောက် နားခို သော် လည်း အရေပြား အထူ အပါး ကို လိုက် ၍ ခြင် များ က ကိုက်သင့် / မကိုက်သင့် ဆုံးဖြတ် ကြသည် ။

အမျိုးသမီး များသည် အရေပြား ပိုပါးသော ကြောင့် ခြင် ကိုက်ခံရ ရန် ပိုမို လွယ်ကူသည် ။ အရေပြား ပိုပါးသည့် ခန္ဓာကိုယ် အစိတ်အပိုင်း များသည်လည်း ခြင် ပိုကိုက်ခံ ရတတ်သည် ။

သွေးအုပ်စု များစွာ ရှိသည့် အနက် ‘ O ’ သွေး အုပ်စုရှင် များကို ခြင် ပိုကိုက်လေ့ ရှိသည် ။ခြင်၏ နှာမောင်းကို ဖြတ်တောက် ပြီး သွေးအုပ်စု များစွာ ပါဝင်သည့် လူများ ထံ ပျံသန်း စေရာ ခြင် များသည် ‘ O ’ သွေး အုပ်စုရှင်များ ထံ၌ သာ နားသည်ကို တွေ့ရ သည် ။ ခြင်များ သည် အချိုကို လည်း ကြိုက် တတ် သည် ။ အချို့ လူများ၏ အရေပြားတွင် အချို ဓါတ်ဆောင် သည့် saccharide ဓါတ် များ ရှိသောကြောင့် ခြင် ပို ကိုက်ခံ ရ တတ် သည် ။

Credit :

Zawgyi

အခ်ိဳ႕ လူမ်ား သည္ အိမ္ အျပင္ ထြက္သည္ ႏွင့္ ျခင္ကိုက္ ခံရေလ့ ရွိၿပီး အခ်ိဳ႕တြင္ ျခင္ ေတာထဲ သြားေန ေသာ္လည္း ျခင္ တစ္ေကာင္ မွ် အကိုက္ မခံ ရေပ ။ ျခင္ မ်ားသည္ ေသြးနံ႔ကို မိုင္ေပါင္း မ်ားစြာ ကပင္ အနံ႔ ရေသာ္လည္း ေသြးနံ႔ကို မူတည္ ၍ ကိုက္ ရ မည့္ အရာကို ေ႐ြး ခ်ယ္ ေလ့ မရွိ ။ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓါတ္ေငြ႕ ထုတ္လႊတ္ လ်က္ရွိသည့္ ပစ္မွတ္ ကိုသာ ေ႐ြးကိုက္ ေလ့ ရွိ သည္ ။

လူတို႔ သည္ ေအာက္စီဂ်င္ ကို ရႉသြင္း ၿပီး ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ကို ရႉ ထုတ္ သည္ ။ ထို႔ ေၾကာင့္ ကာဗြန္ဒိုင္ ေအာက္ဆိုဒ္ ထုတ္လုပ္မႈ ပိုမ်ားသူ မ်ားကို ျခင္ မ်ားက အဓိက ပစ္မွတ္ထား တတ္ သည္ ။

ဝၿဖိဳးသူ မ်ားႏွင့္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ားသည္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ပို ထုတ္ လႊတ္ေသာေၾကာင့္ ျခင္ ပိုကိုက္ခံ ရေလ့ ရွိသည္ ။ အေရျပား ေပၚတြင္ ျခင္ လာေရာက္ နားခို ေသာ္ လည္း အေရျပား အထူ အပါး ကို လိုက္ ၍ ျခင္ မ်ား က ကိုက္သင့္ / မကိုက္သင့္ ဆုံးျဖတ္ ၾကသည္ ။

အမ်ိဳးသမီး မ်ားသည္ အေရျပား ပိုပါးေသာ ေၾကာင့္ ျခင္ ကိုက္ခံရ ရန္ ပိုမို လြယ္ကူသည္ ။ အေရျပား ပိုပါးသည့္ ခႏၶာကိုယ္ အစိတ္အပိုင္း မ်ားသည္လည္း ျခင္ ပိုကိုက္ခံ ရတတ္သည္ ။

ေသြးအုပ္စု မ်ားစြာ ရွိသည့္ အနက္ ‘ O ’ ေသြး အုပ္စုရွင္ မ်ားကို ျခင္ ပိုကိုက္ေလ့ ရွိသည္ ။ျခင္၏ ႏွာေမာင္းကို ျဖတ္ေတာက္ ၿပီး ေသြးအုပ္စု မ်ားစြာ ပါဝင္သည့္ လူမ်ား ထံ ပ်ံသန္း ေစရာ ျခင္ မ်ားသည္ ‘ O ’ ေသြး အုပ္စုရွင္မ်ား ထံ၌ သာ နားသည္ကို ေတြ႕ရ သည္ ။ ျခင္မ်ား သည္ အခ်ိဳကို လည္း ႀကိဳက္ တတ္ သည္ ။ အခ်ိဳ႕ လူမ်ား၏ အေရျပားတြင္ အခ်ိဳ ဓါတ္ေဆာင္ သည့္ saccharide ဓါတ္ မ်ား ရွိေသာေၾကာင့္ ျခင္ ပို ကိုက္ခံ ရ တတ္ သည္ ။

Credit :

About the author

Aung Lay

Leave a Comment