Baydin

ခရမ်းရောင်ကို ကြိုက်တတ်သူတွေမှာတွေ့ရတတ်တဲ့ အရည်အချင်း (၆) မျိုး

Written by Aung Lay

ခရမ်းရောင်ကို ကြိုက်တတ်သူတွေမှာတွေ့ရတတ်တဲ့ အရည်အချင်း (၆) မျိုး

ခရမ်းရောင်ဟာ တည်ငြိမ်တဲ့အပြာရောင်နဲ့အင်အားပြင်းတဲ့အနီရောင်တို့ကိုပေါင်းစပ်ထားတဲ့အရောင်ဖြစ်ပါတယ်။ ခရမ်းရောင်က စွမ်းအားရှိခြင်း၊ အဆင့်အတန်းမြင့်ခြင်း၊ ရည်မှန်းချက်ကြီးခြင်း၊ ချမ်းသာကြွယ်ဝခြင်း စတဲ့ ကောင်းသောအဓိပ္ပါယ်တွေကိုဆောင်ပါတယ်။ ဒါဆို ခရမ်းရောင်ကိုကြိုက်တဲ့သူတွေရဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေးကရော ဘယ်လိုများရှိနေမလဲ။ စိတ်ဝင်စားစရာပါပဲနော် …။

(၁) လိုချင်တာကိုမရရအောင် ယူတတ်ခြင်း

ခရမ်းရောင်ကိုမှ ကြိုက်တဲ့သူတွေဟာ အစွဲအလန်းကြီးသူတွေဖြစ်ပြီး သူတို့ရဲ့စိတ်ဆန္ဒတွေနဲ့ပတ်သက်ရင် ပိုပြီးဆိုးတတ်ပါတယ်။ သူတို့စိတ်ထဲကလိုချင်တာ၊ ဖြစ်ချင်တာတွေကို မရရအောင်ကြိုးစားယူတတ်တဲ့သူတွေ၊ ရည်မှန်းထားတဲ့နေရာတစ်ခုမရောက်မချင်း အရှုံးမပေးတဲ့သူ၊ မရပ်တန့်သူတွေ ဖြစ်ပါတယ် …။

(၂) သင်ယူနိုင်စွမ်း မြင့်မားခြင်း

သူတို့တွေဟာ ဘယ်လိုအခြေအနေရောက်ရောက်သင်ယူတာကိုမရပ်တန့်လိုက်ဘဲ ကိုယ့်ထက်အသက်ကြီးသူ၊ ငယ်သူ၊ ရာထူးကြီးသူ၊ လက်အောင်ငယ်သားမခွဲခြားဘဲ ပညာယူစရာရှိရင် ယူပါတယ်။ ဘယ်လိုလူမျိုးနဲ့တွေ့တွေ့၊ ဘယ်လိုပတ်ဝန်းကျင်ကိုပဲရောက်ရောက်ကိုယ့်အတွက်အမြတ်ထွက်အောင် သင်ယူတတ်တဲ့သူတွေပါ …။

(၃) အမှီအခိုကင်းကင်း ရပ်တည်လိုခြင်း

သူတို့ဟာ ဘယ်သူ့ကိုမှအောက်မကျို့ချင်၊ မမှီခိုချင်ဘဲ အမှီအခိုကင်းကင်းရပ်တည်လိုတဲ့စိတ်၊ သူများဆီကရယူလိုတဲ့စိတ်ထက် ကိုယ့်ဘက်ကပေးချင်တဲ့စိတ်၊ မိသားစုကိုဦးဆောင်လိုတဲ့ စိတ်မျိုးရှိကြပါတယ် …။

(၄) စိတ်ကူးယဉ်ဆန်ခြင်း

ဖြစ်ချင်တာ၊ လုပ်ချင်တာတွေကို မရရအောင်လုပ်တတ်လို့၊ ဘယ်သူ့ကိုမှမမှီခိုတတ်လို့ သူတို့စိတ်ကခက်ထန်ကြမ်းတမ်းမယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ်ချစ်ရတဲ့သူနဲ့ပတ်သက်လာရင် ထင်မထားလောက်အောင် နူးညံ့သွားတတ်ပြီး စိတ်ကူးယဉ်ဆန်တဲ့ အပြုအမူမျိုးတွေ ရှိတတ်ပါတယ် …။

(၅) အတွေးအခေါ်ကောင်းခြင်း

ခရမ်းရောင်ကြိုက်သူတွေက ဆက်စပ်တွေးခေါ်နိုင်တဲ့နေရာမှာ တခြားသူတွေထက် ပိုတော်ပါတယ်။ သူတို့တွေဟာ ဘယ်လိုအခြေအနေရောက်ရောက်အမြဲမပြတ်သင်ယူနေတတ်တာမို့ ကိုယ့်အတွက်အကျိုးရှိတဲ့အရာ၊ အကျိုးမဲ့တဲ့အရာ၊ အဆိုး၊ အကောင်း စတာတွေကို ကောင်းကောင်းခွဲခြားတတ်ပါတယ်။ ကိုယ့်ဘဝအတွက်ဘယ်လိုအတွေးအခေါ်မျိုးရှိရမယ်ဆိုတာ ကောင်းကောင်းသိတဲ့ သူတွေပေါ့ …။

(၆) ဖန်တီးနိုင်စွမ်းကောင်းခြင်း

အတွေးအခေါ်ကောင်းတဲ့အပြင် ဖန်တီးနိုင်စွမ်းကောင်းတာကလည်း သူတို့တွေပါပဲ။ အလုပ်တစ်ခုကို အတူတူလုပ်ကြပေမယ့် သူများထက်ပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းနားလည်တာက ခရမ်းရောင်ကိုကြိုက်တတ်တဲ့သူတွေရဲ့အရည်အချင်းပါ။ ဖန်တီးနိုင်စွမ်းကောင်းတာက သူတို့ကို အမြဲရှေ့ရောက်နေစေတဲ့ အချက်ပါပဲ …။ ။

Credit – RAY

Zawgyi

ခရမ္းေရာင္ကို ၾကိဳက္တတ္သူေတြမွာေတြ႕ရတတ္တဲ့ အရည္အခ်င္း (၆) မ်ိဳး

ခရမ္းေရာင္ဟာ တည္ျငိမ္တဲ့အျပာေရာင္နဲ႕အင္အားျပင္းတဲ့အနီေရာင္တို႕ကိုေပါင္းစပ္ထားတဲ့အေရာင္ျဖစ္ပါတယ္။ ခရမ္းေရာင္က စြမ္းအားရွိျခင္း၊ အဆင့္အတန္းျမင့္ျခင္း၊ ရည္မွန္းခ်က္ၾကီးျခင္း၊ ခ်မ္းသာၾကြယ္ဝျခင္း စတဲ့ ေကာင္းေသာအဓိပၸါယ္ေတြကိုေဆာင္ပါတယ္။ ဒါဆို ခရမ္းေရာင္ကိုၾကိဳက္တဲ့သူေတြရဲ႕ စိတ္ေနစိတ္ထားနဲ႕ ကိုယ္ရည္ကိုယ္ေသြးကေရာ ဘယ္လိုမ်ားရွိေနမလဲ။ စိတ္ဝင္စားစရာပါပဲေနာ္ …။

(၁) လိုခ်င္တာကိုမရရေအာင္ ယူတတ္ျခင္း

ခရမ္းေရာင္ကိုမွ ၾကိုက္တဲ့သူေတြဟာ အစြဲအလန္းၾကီးသူေတြျဖစ္ျပီး သူတို႕ရဲ႕စိတ္ဆႏၵေတြနဲ႕ပတ္သက္ရင္ ပိုျပီးဆိုးတတ္ပါတယ္။ သူတို႕စိတ္ထဲကလိုခ်င္တာ၊ ျဖစ္ခ်င္တာေတြကို မရရေအာင္ၾကိုးစားယူတတ္တဲ့သူေတြ၊ ရည္မွန္းထားတဲ့ေနရာတစ္ခုမေရာက္မခ်င္း အရံႈးမေပးတဲ့သူ၊ မရပ္တန္႕သူေတြ ျဖစ္ပါတယ္ …။

(၂) သင္ယူနိုင္စြမ္း ျမင့္မားျခင္း

သူတို႕ေတြဟာ ဘယ္လိုအေျခအေနေရာက္ေရာက္သင္ယူတာကိုမရပ္တန္႕လိုက္ဘဲ ကိုယ့္ထက္အသက္ၾကီးသူ၊ ငယ္သူ၊ ရာထူးၾကီးသူ၊ လက္ေအာင္ငယ္သားမခြဲျခားဘဲ ပညာယူစရာရွိရင္ ယူပါတယ္။ ဘယ္လိုလူမ်ိဳးနဲ႕ေတြ႕ေတြ႕၊ ဘယ္လိုပတ္ဝန္းက်င္ကိုပဲေရာက္ေရာက္ကိုယ့္အတြက္အျမတ္ထြက္ေအာင္ သင္ယူတတ္တဲ့သူေတြပါ …။

(၃) အမွီအခိုကင္းကင္း ရပ္တည္လိုျခင္း

သူတို႕ဟာ ဘယ္သူ႕ကိုမွေအာက္မက်ိဳ႕ခ်င္၊ မမွီခိုခ်င္ဘဲ အမွီအခိုကင္းကင္းရပ္တည္လိုတဲ့စိတ္၊ သူမ်ားဆီကရယူလုိတဲ့စိတ္ထက္ ကိုယ့္ဘက္ကေပးခ်င္တဲ့စိတ္၊ မိသားစုကိုဦးေဆာင္လိုတဲ့ စိတ္မ်ိဳးရွိၾကပါတယ္ …။

(၄) စိတ္ကူးယဥ္ဆန္ျခင္း

ျဖစ္ခ်င္တာ၊ လုပ္ခ်င္တာေတြကို မရရေအာင္လုပ္တတ္လို႕၊ ဘယ္သူ႕ကိုမွမမွီခိုတတ္လို႕ သူတို႕စိတ္ကခက္ထန္ၾကမ္းတမ္းမယ္လို႕ မထင္လိုက္ပါနဲ႕။ ကိုယ္ခ်စ္ရတဲ့သူနဲ႕ပတ္သက္လာရင္ ထင္မထားေလာက္ေအာင္ နူးညံ့သြားတတ္ျပီး စိတ္ကူးယဉ္ဆန္တဲ့ အျပဳအမူမ်ိဳးေတြ ရွိတတ္ပါတယ္ …။

(၅) အေတြးအေခၚေကာင္းျခင္း

ခရမ္းေရာင္ၾကိုက္သူေတြက ဆက္စပ္ေတြးေခၚနိုင္တဲ့ေနရာမွာ တျခားသူေတြထက္ ပိုေတာ္ပါတယ္။ သူတို႕ေတြဟာ ဘယ္လိုအေျခအေနေရာက္ေရာက္အျမဲမျပတ္သင္ယူေနတတ္တာမို႕ ကိုယ့္အတြက္အက်ိဳးရွိတဲ့အရာ၊ အက်ိဳးမဲ့တဲ့အရာ၊ အဆိုး၊ အေကာင္း စတာေတြကို ေကာင္းေကာင္းခြဲျခားတတ္ပါတယ္။ ကိုယ့္ဘဝအတြက္ဘယ္လိုအေတြးအေခၚမ်ိဳးရွိရမယ္ဆိုတာ ေကာင္းေကာင္းသိတဲ႔ သူေတြေပါ့ …။

(၆) ဖန္တီးနိုင္စြမ္းေကာင္းျခင္း

အေတြးအေခၚေကာင္းတဲ့အျပင္ ဖန္တီးနိုင္စြမ္းေကာင္းတာကလည္း သူတို႕ေတြပါပဲ။ အလုပ္တစ္ခုကို အတူတူလုပ္ၾကေပမယ့္ သူမ်ားထက္ပိုေကာင္းေအာင္ဘယ္လိုလုပ္ရမလဲဆိုတာ ေကာင္းေကာင္းနားလည္တာက ခရမ္းေရာင္ကိုၾကိုက္တတ္တဲ့သူေတြရဲ႕အရည္အခ်င္းပါ။ ဖန္တီးနို္င္စြမ္းေကာင္းတာက သူတို႕ကို အျမဲေရွ႕ေရာက္ေနေစတဲ့ အခ်က္ပါပဲ …။ ။

Credit – RAY

About the author

Aung Lay

Leave a Comment