အိမ်ထောင် သက် (၁၆) နှစ်ပြည့်သွားေ ပမယ့် ကြည်လဲ့လဲ့ဦးအေ ပါ် အရင်ကအ တိုင်း ရင်ခုန်ပြီး ချစ်နေသေးတယ်ဆိုတဲ့ ဇာနည်
ဆံပင်တိုတိုကပ်ကပ်လေးနဲ့ တစ်ချိန်က ပရိသတ်တိုင်းချစ်ခဲ့ရတဲ့ မင်းသမီးချောလေး ကြည်လဲ့လဲ့ဦးဟာ သရုပ်ဆောင် ဇာနည်နဲ့ (၂၀၀၄)ခုနှစ်မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးသွားခဲ့ပေမယ့် ပရိသတ်တွေကတော့ ဇာနည်နဲ့ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံကို ဒီနေ့ဒီအချိန်ထိ သတိတရ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံက အနုပညာလုပ်ငန်းတွေ ရပ်နားလိုက်ပြီး သားသမီးသုံးယောက်ကိုသာ အချိန်ပေးဂရုစိုက်နေကြတာ ဖြစ်ပါတယ်။
ဒီကနေ့ မေလ (၂၈)ရက်နေ့ကတော့ ဇာနည်နဲ့ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၁၆)နှစ် ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ မင်္ဂလာသက်တမ်း (၁၆)နှစ်ပြည့်မှာ ဇာနည်က “Happy Anniversaryပါ မိန်းမ❤❤❤ လွန်ခဲ့တဲ့(၁၅)နှစ်ကလည်း ဒီနေ့အတိုင်း မနက်ဖြန်အတွက်ကို ဒီနေ့လိုပဲရင်ခုန်ခဲ့မိပါတယ်။ အခုတော့ အိမ်ထောင်သက်လည်း( ၁၆ )နှစ်ပြည့်ပါပြီ။ အရင်ကထက်လည်း ပိုချစ်ပြီး မနက်ဖြန်အတွက်ကိုလည်းအရင်ကထက်ပိုရင်ခုန်မိနေပါသည် ” ဆိုပြီး ဇနီးလေး ကြည်လဲ့လဲ့ဦးကို ချစ်စကားပြောထားပါတယ်။
ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးကတော့ အိမ်ထောင်သက် (၁၆)နှစ်အတွင်း တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြင်နာမှုတွေနဲ့ လွှမ်းခြုံရစ်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံလည်း အိမ်ထောင်သက် (၁၆)နှစ်ပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင် ချစ်ရတဲ့မိသားစုလေးနဲ့ ရာသက်ပန်ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Zawgyi
အိမ္ေထာင္ သက္ (၁၆) ႏွစ္ျပည့္သြားေ ပမယ့္ ၾကည္လဲ့လဲ့ဦးအေ ပၚ အရင္ကအ တိုင္း ရင္ခုန္ၿပီး ခ်စ္ေနေသးတယ္ဆိုတဲ့ ဇာနည္
ဆံပင္တိုတိုကပ္ကပ္ေလးနဲ႔ တစ္ခ်ိန္က ပရိသတ္တိုင္းခ်စ္ခဲ့ရတဲ့ မင္းသမီးေခ်ာေလး ၾကည္လဲ့လဲ့ဦးဟာ သ႐ုပ္ေဆာင္ ဇာနည္နဲ႔ (၂၀၀၄)ခုႏွစ္မွာ လက္ထပ္ခဲ့တာ ျဖစ္ပါတယ္။ အိမ္ေထာင္က်ၿပီးေနာက္ပိုင္း အႏုပညာလုပ္ငန္းေတြနဲ႔ အလွမ္းေဝးသြားခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ ဇာနည္နဲ႔ၾကည္လဲ့လဲ့ဦးတို႔ ဇနီးေမာင္ႏွံကို ဒီေန႔ဒီအခ်ိန္ထိ သတိတရ အားေပးခ်စ္ခင္ေနၾကဆဲ ျဖစ္ပါတယ္။ ဇာနည္နဲ႔ ၾကည္လဲ့လဲ့ဦးတို႔ ဇနီးေမာင္ႏွံက အႏုပညာလုပ္ငန္းေတြ ရပ္နားလိုက္ၿပီး သားသမီးသုံးေယာက္ကိုသာ အခ်ိန္ေပးဂ႐ုစိုက္ေနၾကတာ ျဖစ္ပါတယ္။
ဒီကေန႔ ေမလ (၂၈)ရက္ေန႔ကေတာ့ ဇာနည္နဲ႔ၾကည္လဲ့လဲ့ဦးတို႔ ဇနီးေမာင္ႏွံရဲ့ မဂၤလာသက္တမ္း (၁၆)ႏွစ္ ျပည့္တဲ့ေန႔ေလးပဲ ျဖစ္ပါတယ္။ မဂၤလာသက္တမ္း (၁၆)ႏွစ္ျပည့္မွာ ဇာနည္က “Happy Anniversaryပါ မိန္းမ❤❤❤ လြန္ခဲ့တဲ့(၁၅)ႏွစ္ကလည္း ဒီေန႔အတိုင္း မနက္ျဖန္အတြက္ကို ဒီေန႔လိုပဲရင္ခုန္ခဲ့မိပါတယ္။ အခုေတာ့ အိမ္ေထာင္သက္လည္း( ၁၆ )ႏွစ္ျပည့္ပါၿပီ။ အရင္ကထက္လည္း ပိုခ်စ္ၿပီး မနက္ျဖန္အတြက္ကိုလည္းအရင္ကထက္ပိုရင္ခုန္မိေနပါသည္ ” ဆိုၿပီး ဇနီးေလး ၾကည္လဲ့လဲ့ဦးကို ခ်စ္စကားေျပာထားပါတယ္။
ဇာနည္နဲ႔ ၾကည္လဲ့လဲ့ဦးကေတာ့ အိမ္ေထာင္သက္ (၁၆)ႏွစ္အတြင္း တစ္ေယာက္ကိုတစ္ေယာက္ ဂ႐ုစိုက္ၾကင္နာမႈေတြနဲ႔ လႊမ္းျခဳံရစ္ပတ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဇာနည္နဲ႔ ၾကည္လဲ့လဲ့ဦးတို႔ ဇနီးေမာင္ႏွံလည္း အိမ္ေထာင္သက္ (၁၆)ႏွစ္ျပည့္မွသည္ ေနာက္ႏွစ္ေပါင္းမ်ားစြာတိုင္ ခ်စ္ရတဲ့မိသားစုေလးနဲ႔ ရာသက္ပန္ေပ်ာ္ရႊင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။