ပျားရည်လို့ ပြောလိုက်ရင် အသား အရေ လှစေတဲ့ ၊ အလှအပ အတွက် အရမ်း အသုံးဝင်တဲ့ အရာလို့ လူတွေက သိ ကြ ပါ တယ် ။ ဒါပေ မယ့် ပျားရည် မှာ တခြား အကျိုးကျေးဇူးတွေ အများကြီး ရှိပါ သေးတယ် ။ အိပ်ရာ ဝင်ခါနီးတိုင်းမှာ ပျားရည်ကို စားပေး မယ်ဆိုရင် ဒီလို အံ့မခန်း အကျိုးကျေးဇူး တွေ ရရှိ နိုင်တယ် ဆိုတာကတော့ သိတဲ့ သူတွေ ရှား ပါ တယ် ။ ဒီတော့ ပျားရည် စား ခြင်း ဖြင့် ခန္ဓာကိုယ် အတွက် ရလာတဲ့ အကျိုးကျေးဇူးလေး တွေကို အခုပဲ ဖတ်ကြည့် ပြီး မျှ ေ၀ လိုက် နော် ။
( ၁ ) ကောင်းကောင်း အိပ်ပျော်စေတယ်
ပျားရည်မှာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ tryptophan, amino acid တို့ ပါဝင် တာကြောင့် ညအိပ် ခါနီး ပျားရည် တစ်ဇွန်းကို ရေ နွေး နွေးနဲ့ ရောပြီး သောက်ပေး မယ်ဆိုရင်ကောင်း ကောင်း အိပ်ပျော် စေပါတယ် ။
( ၂ ) သွေးတိုး ရောဂါ မဖြစ်အောင် ကာကွယ် ပေးတယ်
သွေးတိုး ရောဂါဟာ နောက်ပိုင်း မှာ နှလုံးကို အပြင်းအထန် ထိခိုက် စေပြီး အသက် သေဆုံးတဲ့အထိ ဖြစ်စေ နိုင်တာကြောင့် ပေါ့ဆလို့ မရတဲ့ ရောဂါ တစ်မျိုးပါ ။ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝ တာကြောင့် အိပ်ရာဝင် ခါနီးတိုင်း တစ်ဇွန်း စားပေးရင် သွေးတိုး ရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ် ။
( ၃ ) သွေးကြောထဲ အဆီ မပိတ်အောင် တားဆီးပေးတယ်
အစား အသောက်ကြောင့် ခန္ဓာကိုယ် ထဲမှာ မလိုအပ် တဲ့ အဆီပိုတွေ အချိန်တိုင်းမှာ ဖြစ်ပေါ်နေပြီး အဲ့ဒီ အဆီပို တွေက သွေးကြော ထဲကို ရောက်လာ ပါတယ် ။ သွေးကြောထဲမှာ မလို အပ်တဲ့ အဆီပိုတွေ များလာတဲ့ အခါ နှလုံးရောဂါ ၊ ဆီးချိုရောဂါတွေ ဖြစ်စေ နိုင်ပြီး သွေး ကြော ထဲ အဆီတွေ စုပုံပြီး သွေးကြော ပိတ်တာတွေ ဖြစ်စေ နိုင်ပါတယ် ။ ပျားရည်က သွေးကြောထဲ ရောက် နေ တဲ့ ခန္ဓာကိုယ်က မလို အပ်တဲ့ အဆီပို တွေကို ကျေပျက် စေတာကြောင့် နေ့တိုင်း စားသုံး ပေးသင့် ပါတယ် ။
( ၄ ) ကိုယ်ခံအား ကောင်းစေတယ်
ပျားရည်ကို ညတိုင်း အိပ်ရာ မဝင်ခင် စားသုံးပေး တာဟာ နှာစေး ၊ ချောင်းဆိုး ၊ အအေးမိတာလိုမျိုး အပရိက ရောဂါတွေ လွယ်လွယ် နဲ့ မဖြစ်အောင် ၊ ကူးစက်ရောဂါ တွေ လွယ်လွယ်နဲ့ မကူးစက်အောင် တားဆီး ပေးနိုင်ပါတယ် ။
( ၅ ) အဆီတွေကို လောင်ကျွမ်း စေတယ်
သင်က ဝတဲ့သူ တစ်ယောက် ဆိုရင်တော့ ပျားရည်ကို သေချာ ပေါက် စားပေး သင့်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ပျားရည်မှာ ခန္ဓာကိုယ် ထဲက ဇီဝရုပ် ဖြစ်ပျက်နှုန်းကို တိုးမြှင့် ပေးမယ့် ဓာတ် တွေ အများအပြား ပါဝင်တာ ကြောင့် ခန္ဓာကိုယ် ထဲက အဆီ တွေကို လောင်ကျွမ်း စေပါတယ် ။ ဒါကြောင့် ကိုယ် အလေးချိန် ချဖို့ ကြိုးစား နေတဲ့သူတွေ လေ့ကျင့်ခန်း လုပ်နေ ချိန်မှာ ညဘက် ပျားရည် အနည်းငယ်ကို စားသုံး ပေးမယ်ဆို အဆီ မြန်မြန် ကျပါလိမ့်မယ် ။
( ၆ ) အိုမင်း ရင့်ရော်မှုကို တားဆီးပေးတယ်
ပျားရည်မှာ ဓာတ်တိုး ဆန့်ကျင် နိုင်တဲ့ အစွမ်းတွေ အပြည့်အဝ ရှိတာကြောင့် ပျားရည်ကို အသားအရေ ထိန်းသိမ်းဖို့ ၊ မျက်နှာ ပေါင်းတင်ဖို့ သုံးကြ သလိုပဲ ၊ ညတိုင်း အိပ်ရာ မဝင်ခင်မှာ ပျားရည် တစ်ဇွန်းကို ရေနွေးနဲ့ ရောထားတဲ့ အရည် တစ်ခွက်ကို သောက်ပေး ရုံနဲ့မျက်နှာ မှာ အ ရေး အ ကြောင်း တွေ မဖြစ်အောင် တားဆီး ပေးနိုင် ပါတယ် ။
( ၇ ) စိတ်ကျ ရောဂါ မဖြစ်အောင် တားဆီး ပေးတယ်
ပျားရည်ကို သောက်သုံး ပေးတာက ဦးနှောက်မှာ စိတ်ဖိစီး မှုကို ဖြစ်စေတဲ့ ဓာတ်တွေကို ချေဖျက် ပေးနိုင်တာကြောင့် နာတာရှည် စိတ်ကျရောဂါ မဖြစ်အောင် တားဆီး ပေးနိုင်ပါတယ် ။
Zawgyi
ပ်ားရည္လို႔ ေျပာလိုက္ရင္ အသား အေရ လွေစတဲ့ ၊ အလွအပ အတြက္ အရမ္း အသုံးဝင္တဲ့ အရာလို႔ လူေတြက သိ ၾက ပါ တယ္ ။ ဒါေပ မယ့္ ပ်ားရည္ မွာ တျခား အက်ိဳးေက်းဇူးေတြ အမ်ားႀကီး ရွိပါ ေသးတယ္ ။ အိပ္ရာ ဝင္ခါနီးတိုင္းမွာ ပ်ားရည္ကို စားေပး မယ္ဆိုရင္ ဒီလို အံ့မခန္း အက်ိဳးေက်းဇူး ေတြ ရရွိ ႏိုင္တယ္ ဆိုတာကေတာ့ သိတဲ့ သူေတြ ရွား ပါ တယ္ ။ ဒီေတာ့ ပ်ားရည္ စား ျခင္း ျဖင့္ ခႏၶာကိုယ္ အတြက္ ရလာတဲ့ အက်ိဳးေက်းဇူးေလး ေတြကို အခုပဲ ဖတ္ၾကည့္ ၿပီး မွ် ေ၀ လိုက္ ေနာ္ ။
( ၁ ) ေကာင္းေကာင္း အိပ္ေပ်ာ္ေစတယ္
ပ်ားရည္မွာ ခႏၶာကိုယ္ အတြက္ လိုအပ္တဲ့ tryptophan, amino acid တို႔ ပါဝင္ တာေၾကာင့္ ညအိပ္ ခါနီး ပ်ားရည္ တစ္ဇြန္းကို ေရ ေႏြး ေႏြးနဲ႔ ေရာၿပီး ေသာက္ေပး မယ္ဆိုရင္ေကာင္း ေကာင္း အိပ္ေပ်ာ္ ေစပါတယ္ ။
( ၂ ) ေသြးတိုး ေရာဂါ မျဖစ္ေအာင္ ကာကြယ္ ေပးတယ္
ေသြးတိုး ေရာဂါဟာ ေနာက္ပိုင္း မွာ ႏွလုံးကို အျပင္းအထန္ ထိခိုက္ ေစၿပီး အသက္ ေသဆုံးတဲ့အထိ ျဖစ္ေစ ႏိုင္တာေၾကာင့္ ေပါ့ဆလို႔ မရတဲ့ ေရာဂါ တစ္မ်ိဳးပါ ။ ပ်ားရည္မွာ ဓာတ္တိုးဆန႔္က်င္ ပစၥည္းေတြ ႂကြယ္ဝ တာေၾကာင့္ အိပ္ရာဝင္ ခါနီးတိုင္း တစ္ဇြန္း စားေပးရင္ ေသြးတိုး ေရာဂါ မျဖစ္ေအာင္ ကာကြယ္ ေပးႏိုင္ပါတယ္ ။
( ၃ ) ေသြးေၾကာထဲ အဆီ မပိတ္ေအာင္ တားဆီးေပးတယ္
အစား အေသာက္ေၾကာင့္ ခႏၶာကိုယ္ ထဲမွာ မလိုအပ္ တဲ့ အဆီပိုေတြ အခ်ိန္တိုင္းမွာ ျဖစ္ေပၚေနၿပီး အဲ့ဒီ အဆီပို ေတြက ေသြးေၾကာ ထဲကို ေရာက္လာ ပါတယ္ ။ ေသြးေၾကာထဲမွာ မလို အပ္တဲ့ အဆီပိုေတြ မ်ားလာတဲ့ အခါ ႏွလုံးေရာဂါ ၊ ဆီးခ်ိဳေရာဂါေတြ ျဖစ္ေစ ႏိုင္ၿပီး ေသြး ေၾကာ ထဲ အဆီေတြ စုပုံၿပီး ေသြးေၾကာ ပိတ္တာေတြ ျဖစ္ေစ ႏိုင္ပါတယ္ ။ ပ်ားရည္က ေသြးေၾကာထဲ ေရာက္ ေန တဲ့ ခႏၶာကိုယ္က မလို အပ္တဲ့ အဆီပို ေတြကို ေက်ပ်က္ ေစတာေၾကာင့္ ေန႔တိုင္း စားသုံး ေပးသင့္ ပါတယ္ ။
( ၄ ) ကိုယ္ခံအား ေကာင္းေစတယ္
ပ်ားရည္ကို ညတိုင္း အိပ္ရာ မဝင္ခင္ စားသုံးေပး တာဟာ ႏွာေစး ၊ ေခ်ာင္းဆိုး ၊ အေအးမိတာလိုမ်ိဳး အပရိက ေရာဂါေတြ လြယ္လြယ္ နဲ႔ မျဖစ္ေအာင္ ၊ ကူးစက္ေရာဂါ ေတြ လြယ္လြယ္နဲ႔ မကူးစက္ေအာင္ တားဆီး ေပးႏိုင္ပါတယ္ ။
( ၅ ) အဆီေတြကို ေလာင္ကြၽမ္း ေစတယ္
သင္က ဝတဲ့သူ တစ္ေယာက္ ဆိုရင္ေတာ့ ပ်ားရည္ကို ေသခ်ာ ေပါက္ စားေပး သင့္ပါတယ္ ။ ဘာလို႔လဲ ဆိုေတာ့ ပ်ားရည္မွာ ခႏၶာကိုယ္ ထဲက ဇီဝ႐ုပ္ ျဖစ္ပ်က္ႏႈန္းကို တိုးျမႇင့္ ေပးမယ့္ ဓာတ္ ေတြ အမ်ားအျပား ပါဝင္တာ ေၾကာင့္ ခႏၶာကိုယ္ ထဲက အဆီ ေတြကို ေလာင္ကြၽမ္း ေစပါတယ္ ။ ဒါေၾကာင့္ ကိုယ္ အေလးခ်ိန္ ခ်ဖို႔ ႀကိဳးစား ေနတဲ့သူေတြ ေလ့က်င့္ခန္း လုပ္ေန ခ်ိန္မွာ ညဘက္ ပ်ားရည္ အနည္းငယ္ကို စားသုံး ေပးမယ္ဆို အဆီ ျမန္ျမန္ က်ပါလိမ့္မယ္ ။
( ၆ ) အိုမင္း ရင့္ေရာ္မႈကို တားဆီးေပးတယ္
ပ်ားရည္မွာ ဓာတ္တိုး ဆန႔္က်င္ ႏိုင္တဲ့ အစြမ္းေတြ အျပည့္အဝ ရွိတာေၾကာင့္ ပ်ားရည္ကို အသားအေရ ထိန္းသိမ္းဖို႔ ၊ မ်က္ႏွာ ေပါင္းတင္ဖို႔ သုံးၾက သလိုပဲ ၊ ညတိုင္း အိပ္ရာ မဝင္ခင္မွာ ပ်ားရည္ တစ္ဇြန္းကို ေရေႏြးနဲ႔ ေရာထားတဲ့ အရည္ တစ္ခြက္ကို ေသာက္ေပး ႐ုံနဲ႔မ်က္ႏွာ မွာ အ ေရး အ ေၾကာင္း ေတြ မျဖစ္ေအာင္ တားဆီး ေပးႏိုင္ ပါတယ္ ။
( ၇ ) စိတ္က် ေရာဂါ မျဖစ္ေအာင္ တားဆီး ေပးတယ္
ပ်ားရည္ကို ေသာက္သုံး ေပးတာက ဦးေႏွာက္မွာ စိတ္ဖိစီး မႈကို ျဖစ္ေစတဲ့ ဓာတ္ေတြကို ေခ်ဖ်က္ ေပးႏိုင္တာေၾကာင့္ နာတာရွည္ စိတ္က်ေရာဂါ မျဖစ္ေအာင္ တားဆီး ေပးႏိုင္ပါတယ္ ။