လူတော်တော် များများက ငိုချင်တဲ့စိတ် ဖြစ်လာတဲ့ အခါ မငိုဘဲ ထိန်း ချုပ် ထား တတ် ကြ ပါ တယ် ။ တ ကယ် တော့ ငို တာ ဟာ လူတစ် ယောက် အတွက် လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပြီး ကျန်းမာရေး အတွက်လည်း အ ထောက်အကူ ပြုတဲ့ အပြုအမူ ဖြစ် ပါ တယ် ။ ငိုတဲ့ သူ တွေ ကျန်းမာရေး ပိုကောင်းရခြင်း အကြောင်းပြချက်တွေ က တော့ ဒီ မှာ ပါ ။
( ၁ ) နာကျင်မှုတွေကို သက်သာစေတယ်
ငိုလိုက်တဲ့ အခါ ရင်ထဲက နာကျင်မှု အစိုင်အခဲတွေကို အရည် ဖျော်လိုက်သလို ဖြစ်တာကြောင့် သင့် ခံစားချက်တွေကို အတိုင်းအတာ တစ်ခု အထိ သက်သာ စေ ပါ တယ် ။
( ၂ ) ကိုယ်ချင်းစာနိုင်စွမ်းကို တိုးစေတယ်
ဝမ်းနည်း တတ်တဲ့ သူတွေဟာ တခြားသူတွေ ကို ဝမ်းနည်းအောင် လုပ်ဖို့ ဝန်လေး တတ်ကြပါ တယ် ။ ခံစားမှု တစ်ခုခု ကြောင့် တစ်ခါ ငို ကြွေး လိုက်တိုင်း ကိုယ်ချင်းစာ စိတ် အနည်း ငယ် တိုးတိုး လာ ပါ သတဲ့ ။
( ၃ ) ခန္ဓာကိုယ်အတွက် ကောင်းတယ်
ငိုချင်လောက်တဲ့ စိတ် ခံစားမှု တစ်ခုခု ဖြစ်လာတဲ့ အခါ မငိုဘဲ ထိန်း ချုပ် ထား လိုက် ရင် ခန္ဓာကိုယ် အတွက် ကောင်း တဲ့ ဟော်မုန်း တွေ မထွက် လာ တော့ ဘဲ စိတ်ဖိစီးမှု တွေ ဖြစ်လာ စေပြီး ခေါင်းကိုက် စေ နိုင် ပါ တယ် ။ အဲ့ဒီလို မကြာခဏ ထိန်းချုပ်တာ များလာရင် စိတ်ဖိစီးမှု များ လာ ပြီး ခေါင်းကိုက် ရောဂါ ဖြစ် တဲ့ အထိ ဖြစ် စေ ပါ တယ် ။ ငိုလိုက်တဲ့ အခါ စိတ်ခံစားချက် ကောင်းစေတဲ့ ဟော်မုန်း တွေကို ထုတ်ပေး တာကြောင့် ခန္ဓာကိုယ်ကျန်းမာရေး အတွက် ကောင်းကောင်းကြီး အထောက်အကူ ဖြစ်စေ ပါ တယ် ။
( ၄ ) တခြားသူတွေနဲ့ အဆက်အသွယ် လုပ်ဖို့ အကူအညီ ပေးနိုင်တယ်
ငိုကြွေး တယ် ဆိုတာ ခံစားချက် တွေကို ထုတ်ပြ လိုက် တာ ပါ ။ တကယ်လို့ သင်က တစ်ယောက်တည်း ရှိတဲ့ အချိန်မှ တိတ်တိတ်လေး ငိုမယ် ဆိုရင်တော့ မသိ ပေမယ့် တစ်ယောက်ယောက် ရှေ့မှာ ငိုလိုက်မယ် ဆိုရင် သူ နဲ့ သင် နဲ့ နဂိုကထက် ပိုရင်းနှီး သွား ပါ လိမ့် မယ် တဲ့ ။
( ၅ ) သန်မာတဲ့ လူတစ်ယောက် ဖြစ်လာစေတယ်
ခံစားချက်တစ်ခုကို သိမ်းဆည်းသယ်ဆောင်ထားတာထက် ဖွင့်ထုတ်လိုက်တာက သင့်ကို ပေါ့ပါးစေမှာပါ။ အဲ့ဒီလို ဖွင့်ထုတ်လိုက်တဲ့အခါ ရှေ့ဆက်ဖို့ ပိုအဆင်ပြေစေတာကို တွေ့ရမှာပါ။
( ၆ ) လူတွေရဲ့ ယုံကြည်မှုကို ပိုရနိုင်တယ်
သင်ဟာ အ ပေါင်းအသင်းတွေ ရှေ့မှာ ငိုတတ်တဲ့သူ ဆိုရင် သူတို့က သင်ဟာ ခံစားချက်တွေကို ဖုံးကွယ် မထားဘူးလို့ မှတ်ယူပြီး သူတို့ရဲ့ ယုံကြည်မှုကို ပို ရ နိုင် ပါ တယ် ။
( ၇ ) ခံစားချက်တွေကို မျှတ စေတယ်
မငိုဘဲ ထိန်းချုပ် ထားတဲ့ အခါ ခံစားချက်တွေက စုပုံ လာပြီး အစိုင်အခဲ ဖြစ် လာ ပါ တယ် ။ အဲ့ဒီ အခါ နောက်ထပ် ခံစားချက်တွေ ဖြစ် လာ ရင် ခံနိုင်ရည် မရှိတော့ တာ မျိုး ၊ ပျော်ရွှင်မှုတွေ ကို လည်း အပြည့်အ၀ မခံစား နိုင်တော့ တာမျိး ဖြစ် တတ် ပါ တယ် ။ ငိုလိုက် မယ်ဆိုရင် တော့ အဲ့ဒီ ပြဿနာတွေ ပြေလည် သွားပြီး အရာရာကို ပေါ့ပေါ့ ပါးပါး ခံစား နိုင် သွားမှာ ပါ ။
Zawgyi
လူေတာ္ေတာ္ မ်ားမ်ားက ငိုခ်င္တဲ့စိတ္ ျဖစ္လာတဲ့ အခါ မငိုဘဲ ထိန္း ခ်ဳပ္ ထား တတ္ ၾက ပါ တယ္ ။ တ ကယ္ ေတာ့ ငို တာ ဟာ လူတစ္ ေယာက္ အတြက္ လိုအပ္တဲ့ အရာတစ္ခု ျဖစ္ၿပီး က်န္းမာေရး အတြက္လည္း အ ေထာက္အကူ ျပဳတဲ့ အျပဳအမူ ျဖစ္ ပါ တယ္ ။ ငိုတဲ့ သူ ေတြ က်န္းမာေရး ပိုေကာင္းရျခင္း အေၾကာင္းျပခ်က္ေတြ က ေတာ့ ဒီ မွာ ပါ ။
( ၁ ) နာက်င္မႈေတြကို သက္သာေစတယ္
ငိုလိုက္တဲ့ အခါ ရင္ထဲက နာက်င္မႈ အစိုင္အခဲေတြကို အရည္ ေဖ်ာ္လိုက္သလို ျဖစ္တာေၾကာင့္ သင့္ ခံစားခ်က္ေတြကို အတိုင္းအတာ တစ္ခု အထိ သက္သာ ေစ ပါ တယ္ ။
( ၂ ) ကိုယ္ခ်င္းစာႏိုင္စြမ္းကို တိုးေစတယ္
ဝမ္းနည္း တတ္တဲ့ သူေတြဟာ တျခားသူေတြ ကို ဝမ္းနည္းေအာင္ လုပ္ဖို႔ ဝန္ေလး တတ္ၾကပါ တယ္ ။ ခံစားမႈ တစ္ခုခု ေၾကာင့္ တစ္ခါ ငို ေႂကြး လိုက္တိုင္း ကိုယ္ခ်င္းစာ စိတ္ အနည္း ငယ္ တိုးတိုး လာ ပါ သတဲ့ ။
( ၃ ) ခႏၶာကိုယ္အတြက္ ေကာင္းတယ္
ငိုခ်င္ေလာက္တဲ့ စိတ္ ခံစားမႈ တစ္ခုခု ျဖစ္လာတဲ့ အခါ မငိုဘဲ ထိန္း ခ်ဳပ္ ထား လိုက္ ရင္ ခႏၶာကိုယ္ အတြက္ ေကာင္း တဲ့ ေဟာ္မုန္း ေတြ မထြက္ လာ ေတာ့ ဘဲ စိတ္ဖိစီးမႈ ေတြ ျဖစ္လာ ေစၿပီး ေခါင္းကိုက္ ေစ ႏိုင္ ပါ တယ္ ။ အဲ့ဒီလို မၾကာခဏ ထိန္းခ်ဳပ္တာ မ်ားလာရင္ စိတ္ဖိစီးမႈ မ်ား လာ ၿပီး ေခါင္းကိုက္ ေရာဂါ ျဖစ္ တဲ့ အထိ ျဖစ္ ေစ ပါ တယ္ ။ ငိုလိုက္တဲ့ အခါ စိတ္ခံစားခ်က္ ေကာင္းေစတဲ့ ေဟာ္မုန္း ေတြကို ထုတ္ေပး တာေၾကာင့္ ခႏၶာကိုယ္က်န္းမာေရး အတြက္ ေကာင္းေကာင္းႀကီး အေထာက္အကူ ျဖစ္ေစ ပါ တယ္ ။
( ၄ ) တျခားသူေတြနဲ႔ အဆက္အသြယ္ လုပ္ဖို႔ အကူအညီ ေပးႏိုင္တယ္
ငိုေႂကြး တယ္ ဆိုတာ ခံစားခ်က္ ေတြကို ထုတ္ျပ လိုက္ တာ ပါ ။ တကယ္လို႔ သင္က တစ္ေယာက္တည္း ရွိတဲ့ အခ်ိန္မွ တိတ္တိတ္ေလး ငိုမယ္ ဆိုရင္ေတာ့ မသိ ေပမယ့္ တစ္ေယာက္ေယာက္ ေရွ႕မွာ ငိုလိုက္မယ္ ဆိုရင္ သူ နဲ႔ သင္ နဲ႔ နဂိုကထက္ ပိုရင္းႏွီး သြား ပါ လိမ့္ မယ္ တဲ့ ။
( ၅ ) သန္မာတဲ့ လူတစ္ေယာက္ ျဖစ္လာေစတယ္
ခံစားခ်က္တစ္ခုကို သိမ္းဆည္းသယ္ေဆာင္ထားတာထက္ ဖြင့္ထုတ္လိုက္တာက သင့္ကို ေပါ့ပါးေစမွာပါ။ အဲ့ဒီလို ဖြင့္ထုတ္လိုက္တဲ့အခါ ေရွ႕ဆက္ဖို႔ ပိုအဆင္ေျပေစတာကို ေတြ႕ရမွာပါ။
( ၆ ) လူေတြရဲ႕ ယုံၾကည္မႈကို ပိုရႏိုင္တယ္
သင္ဟာ အ ေပါင္းအသင္းေတြ ေရွ႕မွာ ငိုတတ္တဲ့သူ ဆိုရင္ သူတို႔က သင္ဟာ ခံစားခ်က္ေတြကို ဖုံးကြယ္ မထားဘူးလို႔ မွတ္ယူၿပီး သူတို႔ရဲ႕ ယုံၾကည္မႈကို ပို ရ ႏိုင္ ပါ တယ္ ။
( ၇ ) ခံစားခ်က္ေတြကို မွ်တ ေစတယ္
မငိုဘဲ ထိန္းခ်ဳပ္ ထားတဲ့ အခါ ခံစားခ်က္ေတြက စုပုံ လာၿပီး အစိုင္အခဲ ျဖစ္ လာ ပါ တယ္ ။ အဲ့ဒီ အခါ ေနာက္ထပ္ ခံစားခ်က္ေတြ ျဖစ္ လာ ရင္ ခံႏိုင္ရည္ မရွိေတာ့ တာ မ်ိဳး ၊ ေပ်ာ္႐ႊင္မႈေတြ ကို လည္း အျပည့္အ၀ မခံစား ႏိုင္ေတာ့ တာမ်ိး ျဖစ္ တတ္ ပါ တယ္ ။ ငိုလိုက္ မယ္ဆိုရင္ ေတာ့ အဲ့ဒီ ျပႆနာေတြ ေျပလည္ သြားၿပီး အရာရာကို ေပါ့ေပါ့ ပါးပါး ခံစား ႏိုင္ သြားမွာ ပါ ။