ၾကားသိရသမ်ွ

ဗစ်တိုးရီးယား ကိစ္စနှင့်ပတ်သက်တဲ့ ရဲအရာရှိကြီးများကို ပြစ်ဒဏ်ချထားပြီ

Written by Aung Lay






#Myanmar_Online_News

Unicode

နေပြည်တော်တွင်ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားကလေးငယ်ကိစ္စ နှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီး ၃ ဦးကို ရာထူးတိုးမြှင့်ခြင်း ရပ်ဆိုင်းသည့် ပြစ်ဒဏ်ချထားကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ နေပြည်တော်၌ ပြုလုပ်နေသော အွန်လိုင်းဗီဒီယို press briefing သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

အဆိုပါဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီး ၃ ဦးကို ရာထူးတိုးမြှင့်ခြင်း ရပ်ဆိုင်းသည့်ပြစ်ဒဏ် ချမှတ်ထားကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။ သို့သော် မည်သည့်ရဲအရာရှိကြီးများကို အရေးယူခြင်းဖြစ်ကြောင်းကိုမူ နာမည်နှင့်တကွပြောဆိုခြင်းမရှိကြောင်း တွေ့ရသည်။

ဗစ်တိုးရီးယားအမှုကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် နစ်နာသူ ကလေးငယ်၏ အမည်အရင်းအပါအဝင် အချက်အလက်အားလုံးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းစာမျက်နှာ ရဲဇာနည်တွင် ထုတ်ပြန်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယင်းအပေါ် ပြည်သူလူထုကဝေဖန်ခဲ့ပြီး ရဲတပ်ဖွဲ့ကို အရေးယူရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Photo – ဗစ်တိုးရီးယားကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ

#Myanmar_Online_News

About the author

Aung Lay

Leave a Comment