ၾကားသိရသမ်ွ

အစိုးရက ချပေးတဲ့ ထောက်ပံ့ကြေး ကိစ္စ ဖောင်အကြောင်း သိရှိစေရန်…

Written by Aung Lay

အစိုးရခ်ေပး တဲ့ ေထာက္ပံ့ေငြကိစၥမွာ မေလ်ာက္တတ္ မသိနားမလည္သူေတြ အမ်ားႀကီး ရွိႏိုင္တာမို႔ အႀကံေပးတဲ့အေနနဲ႔ ဒီပို႔စ္ ေရးတင္ေပးလိုက္ပါတယ္။

အေျခခံလူတန္းစားေတြကိုသာ ေထာက္ပံ့စရိတ္ေပးမွာ ျဖစ္တဲ့အတြက္ ကိုယ္ဟာ ဘယ္လိုအမ်ိဳးစားထဲမွာ အက်ဳံးဝင္သလဲဆိုတာ အရင္ၾကည့္ပါ။

ဥပမာ – ေဈးသည္လား။ ယာဥ္ေမာင္းလား။ ဆိုင္ကယ္တကၠစီဆြဲသူလား။ အကုန္ပါဝင္ပါတယ္။

ကားပိုင္ဆိုင္သူ စားေသာက္ဆိုင္ပိုင္သူ ေက်ာက္စက္ပိုင္ရွင္ ေက်ာက္ခန္းပိုင္ရွင္ ဆိုင္ခန္းပိုင္ရွင္ေတြ မပါဝင္ပါဘူး။

အေျခခံလူတန္းစား ေခါင္းစဥ္ေအာက္မွာ ဝင္တဲ့သူေတြဟာ မိမိရပ္ကြက္မႉးေတြဆီ တခါတည္းသြားၿပီး ေဖာင္ျဖည့္ၾကပါ။

တျခား နီးစပ္သူေတြ အခ်င္းခ်င္း လက္တို႔ၾကပါ။

ကိုယ္တိုင္က ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးဆီ မွာ ေဖာင္မျဖည့္ဘဲ ေထာက္ပံ့ေၾကး မရဘူးဆိုၿပီး အျပစ္တင္ ရန္လုပ္ရင္ လုပ္တဲ့သူ အမွားပါ။

အေျခေနဆိုး အတိုင္းတာထက္လြန္ၿပီး ရပ္ေက်းကို ဆဲဆိုေဆာ္ကားရင္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ဥပေဒ ပုဒ္မေတြနဲ႔ အေရးယူခံရႏိုင္ ပါတယ္။

ဒါ့ေၾကာင့္ ခုလို စာရင္းေကာက္ေနခ်ိန္မွာ နံမည္စာရင္းသြားေပးၾကပါ။

ေဈးတန္းမွာ ေဈးေရာင္းသည့္ ေဈးသည္အားလုံး၊ ယာဥ္ေမာင္းအားလုံး၊ တကၠစီသမားမ်ား အားလုံး၊ အလုပထုတ္ခံရသည့္ ဝန္ထမ္းမ်ား အားလုံး၊ ပန္းရံသမားမ်ား အားလုံး၊ ေက်ာက္ခန္းသမားမ်ား၊ ၿခံလုပ္သား ပ်ိဳးလုပ္သားမ်ား၊

ေန႔စဥ္ဝင္ေငြမရွိတဲ့ လက္လုပ္လက္စားမ်ား၊ ကြမ္းယာသည္မ်ား ကုမၸဏီမွာ ေန႔စားဝန္ထမ္း၊ ယာယီဝန္ထမ္းမ်ား အားလုံး အလုပ္ကိုင္ မရွိသူမ်ား အားလုံး အစိုးရေထာက္ပံ့ေၾကး ေလ်ာက္ထားႏိုင္ ပါတယ္။

ျပည္သူတစ္ေယာက္ ရပိုင္ခြင့္ျဖစ္တဲ့ အတြက္ မေၾကာက္မ႐ြံ ရဲတင္းသြားေရာက္ ေလ်ာက္ထားၾကပါ တိုက္တြန္း ပါတယ္။

ခ်စ္ခင္ေလးစားလွ်က္

မသိလိုက္ပဲ မရွိရေလေအာင္ လို႔ မွ်ေဝေပးလိုက္ ပါတယ္။

Unicode

အစိုးရချပေး တဲ့ ထောက်ပံ့ငွေကိစ္စမှာ မလျောက်တတ် မသိနားမလည်သူတွေ အများကြီး ရှိနိုင်တာမို့ အကြံပေးတဲ့အနေနဲ့ ဒီပို့စ် ရေးတင်ပေးလိုက်ပါတယ်။

အခြေခံလူတန်းစားတွေကိုသာ ထောက်ပံ့စရိတ်ပေးမှာ ဖြစ်တဲ့အတွက် ကိုယ်ဟာ ဘယ်လိုအမျိုးစားထဲမှာ အကျုံးဝင်သလဲဆိုတာ အရင်ကြည့်ပါ။

ဥပမာ – ဈေးသည်လား။ ယာဉ်မောင်းလား။ ဆိုင်ကယ်တက္ကစီဆွဲသူလား။ အကုန်ပါဝင်ပါတယ်။

ကားပိုင်ဆိုင်သူ စားသောက်ဆိုင်ပိုင်သူ ကျောက်စက်ပိုင်ရှင် ကျောက်ခန်းပိုင်ရှင် ဆိုင်ခန်းပိုင်ရှင်တွေ မပါဝင်ပါဘူး။

အခြေခံလူတန်းစား ခေါင်းစဉ်အောက်မှာ ဝင်တဲ့သူတွေဟာ မိမိရပ်ကွက်မှူးတွေဆီ တခါတည်းသွားပြီး ဖောင်ဖြည့်ကြပါ။

တခြား နီးစပ်သူတွေ အချင်းချင်း လက်တို့ကြပါ။

ကိုယ်တိုင်က ရပ်ကွက် အုပ်ချုပ်ရေးမှူးဆီ မှာ ဖောင်မဖြည့်ဘဲ ထောက်ပံ့ကြေး မရဘူးဆိုပြီး အပြစ်တင် ရန်လုပ်ရင် လုပ်တဲ့သူ အမှားပါ။

အခြေနေဆိုး အတိုင်းတာထက်လွန်ပြီး ရပ်ကျေးကို ဆဲဆိုဆော်ကားရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မတွေနဲ့ အရေးယူခံရနိုင် ပါတယ်။

ဒါ့ကြောင့် ခုလို စာရင်းကောက်နေချိန်မှာ နံမည်စာရင်းသွားပေးကြပါ။

ဈေးတန်းမှာ ဈေးရောင်းသည့် ဈေးသည်အားလုံး၊ ယာဉ်မောင်းအားလုံး၊ တက္ကစီသမားများ အားလုံး၊ အလုပထုတ်ခံရသည့် ဝန်ထမ်းများ အားလုံး၊ ပန်းရံသမားများ အားလုံး၊ ကျောက်ခန်းသမားများ၊ ခြံလုပ်သား ပျိုးလုပ်သားများ၊

နေ့စဉ်ဝင်ငွေမရှိတဲ့ လက်လုပ်လက်စားများ၊ ကွမ်းယာသည်များ ကုမ္ပဏီမှာ နေ့စားဝန်ထမ်း၊ ယာယီဝန်ထမ်းများ အားလုံး အလုပ်ကိုင် မရှိသူများ အားလုံး အစိုးရထောက်ပံ့ကြေး လျောက်ထားနိုင် ပါတယ်။

ပြည်သူတစ်ယောက် ရပိုင်ခွင့်ဖြစ်တဲ့ အတွက် မကြောက်မရွံ ရဲတင်းသွားရောက် လျောက်ထားကြပါ တိုက်တွန်း ပါတယ်။

ချစ်ခင်လေးစားလျှက်

မသိလိုက်ပဲ မရှိရလေအောင် လို့ မျှဝေပေးလိုက် ပါတယ်။

About the author

Aung Lay

Leave a Comment