ထမင်း ဖိုး မရှိ လို့ မတ်ပဲကြော် စားပြီး ရုန်း ကန် ခဲ့တဲ့ဘဝကို ပြောပြ ခဲ့တဲ့ ညီညီမောင်(စမ်းချောင်း)
ညီ ညီမောင်(စမ်းချောင်း) ကတော့ ကွင်းသုသု ဆိုပြီး ပရိသတ်တွေ ချစ်ခင်အားပေးလာတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ပါ။ ယောကျာ်းဆန်တဲ့မျက်နှာပုံစံကြောင့် ဝေဖန်သူတွေများစွာရှိပေမယ့် ဖြူစင်တဲ့စိတ်ထားလေးနဲ့ သုသုကိုတော့ အခုဆို အားပေးချစ်ခင်သူတွေများစွာ ရှိလာပြီ ဖြစ်ပါတယ်။
အခုလို နာမည်ကြီး မိ တ်ကပ်ပညာရှင် တစ်ယောက်အဖြစ် ရပ်တည် လာနိုင်အောင် ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ အောက်ခြေက စခဲ့ရတာဖြစ်ပြီး အခု Covid-19 ကာလ အလုပ်တွေရပ်နားထားရချိန်မှာတော့ လွန်ခဲ့တဲ့အတိတ်ကာလက အမှတ်တရတွေကို ပြန်ပြောင်းပြောပြလျက်ရှိပါတယ်။ ဒီနေ့မှာလည်း လွန်ခဲ့တဲ့ (၁၈) နှစ်က ပုံရိပ်တချို့နဲ့အတူ ခက်ခဲခဲ့တဲ့ဘဝအခြေအနေကို ပြောပြခဲ့ပါတယ်။ “ကြိုးစားရုန်းကန်ခဲ့ရတဲ့ ဘဝ အမှတ်တရလေးပါ… အဲ့အချိန်က ဘားလမ်း မာမီအောင် ဆိုင်သွားရင် ပိုက်ဆံအိတ်ထဲ ငွေ (၂၀၀)ရာပဲပါတယ်… တပတ် လုပ်အားခ (၅၀၀၀)ရတယ် လိုင်းကား စီးသွားတာ အသွား(၂၀)အပြန် (၂၀) ပေးရတယ်… နေ့လည်ခင်းသူများတွေလို ထမင်းဝယ်မစားနိုင်တော့ လမ်းထိပ်က မတ်ပဲကြော်(၅၀)တန်စား ပြီးနေရတယ် အိမ်အတွက် ပိုက်ဆံအပိုမသုံးနိုင်ခဲ့ပါဘူး… ဒါပေမဲ့ အလုပ်သမား ဘဝပျော်တယ် ဘာအပူပင်မှမရှိဘူး အချိန်တန် လုပ်အားခရ အလုပ်သွား ပင်ပန်းပေမဲ့ ပျော်တယ်” ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…
အရင်တုန်းက ခက်ခက်ခဲခဲနဲ့ ရုန်းကန်လာခဲ့တဲ့ ညီညီမောင် ကတော့ အခုဆို Queen သုသုဆိုပြီး နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်လာရုံမကဘဲ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာရတဲ့အထိ အောင်မြင်လာပါပြီနော်။ ကြိုးစားခဲ့တာတွေအတွက် ဒီထက်မက အောင်မြင်မှု အသီးအပွင့်တွေ ခံစားနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Source – Nyi Nyi Maung
Zawgyi
ထမင္း ဖိုး မရွိ လို႔ မတ္ပဲေၾကာ္ စားၿပီး ႐ုန္း ကန္ ခဲ့တဲ့ဘဝကို ေျပာျပ ခဲ့တဲ့ ညီညီေမာင္(စမ္းေခ်ာင္း)
ညီ ညီေမာင္(စမ္းေခ်ာင္း) ကေတာ့ ကြင္းသုသု ဆိုၿပီး ပရိသတ္ေတြ ခ်စ္ခင္အားေပးလာတဲ့ မိတ္ကပ္ပညာရွင္တစ္ေယာက္ပါ။ ေယာက်ာ္းဆန္တဲ့မ်က္ႏွာပုံစံေၾကာင့္ ေဝဖန္သူေတြမ်ားစြာရွိေပမယ့္ ျဖဴစင္တဲ့စိတ္ထားေလးနဲ႔ သုသုကိုေတာ့ အခုဆို အားေပးခ်စ္ခင္သူေတြမ်ားစြာ ရွိလာၿပီ ျဖစ္ပါတယ္။
အခုလို နာမည္ႀကီး မိ တ္ကပ္ပညာရွင္ တစ္ေယာက္အျဖစ္ ရပ္တည္ လာႏိုင္ေအာင္ ကိုယ္ပိုင္အရည္အခ်င္းအျပည့္နဲ႔ ေအာက္ေျခက စခဲ့ရတာျဖစ္ၿပီး အခု Covid-19 ကာလ အလုပ္ေတြရပ္နားထားရခ်ိန္မွာေတာ့ လြန္ခဲ့တဲ့အတိတ္ကာလက အမွတ္တရေတြကို ျပန္ေျပာင္းေျပာျပလ်က္ရွိပါတယ္။ ဒီေန႔မွာလည္း လြန္ခဲ့တဲ့ (၁၈) ႏွစ္က ပုံရိပ္တခ်ိဳ႕နဲ႔အတူ ခက္ခဲခဲ့တဲ့ဘဝအေျခအေနကို ေျပာျပခဲ့ပါတယ္။ “ႀကိဳးစား႐ုန္းကန္ခဲ့ရတဲ့ ဘဝ အမွတ္တရေလးပါ… အဲ့အခ်ိန္က ဘားလမ္း မာမီေအာင္ ဆိုင္သြားရင္ ပိုက္ဆံအိတ္ထဲ ေငြ (၂၀၀)ရာပဲပါတယ္… တပတ္ လုပ္အားခ (၅၀၀၀)ရတယ္ လိုင္းကား စီးသြားတာ အသြား(၂၀)အျပန္ (၂၀) ေပးရတယ္… ေန႔လည္ခင္းသူမ်ားေတြလို ထမင္းဝယ္မစားႏိုင္ေတာ့ လမ္းထိပ္က မတ္ပဲေၾကာ္(၅၀)တန္စား ၿပီးေနရတယ္ အိမ္အတြက္ ပိုက္ဆံအပိုမသုံးႏိုင္ခဲ့ပါဘူး… ဒါေပမဲ့ အလုပ္သမား ဘဝေပ်ာ္တယ္ ဘာအပူပင္မွမရွိဘူး အခ်ိန္တန္ လုပ္အားခရ အလုပ္သြား ပင္ပန္းေပမဲ့ ေပ်ာ္တယ္” ဆိုၿပီး ေရးသားမွ်ေဝခဲ့ပါတယ္ ပရိသတ္ႀကီးေရ…
အရင္တုန္းက ခက္ခက္ခဲခဲနဲ႔ ႐ုန္းကန္လာခဲ့တဲ့ ညီညီေမာင္ ကေတာ့ အခုဆို Queen သုသုဆိုၿပီး နာမည္ႀကီးမိတ္ကပ္ပညာရွင္တစ္ေယာက္ျဖစ္လာ႐ုံမကဘဲ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြပါ ႐ိုက္ကူးလာရတဲ့အထိ ေအာင္ျမင္လာပါၿပီေနာ္။ ႀကိဳးစားခဲ့တာေတြအတြက္ ဒီထက္မက ေအာင္ျမင္မႈ အသီးအပြင့္ေတြ ခံစားႏိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။
Source – Nyi Nyi Maung