ကလေးဝမြို့နယ် တွင် ဆီဘောက်ဆာကားကြီး ဖြတ်မောင်း စဉ် တံတားကျိုး ကျမှု ဖြစ်ပွား
ယနေ့မေ ၃၀ ရက်နေ့တွင် ကလေးဝမြို့နယ်၌ ဆီဘောက်ဆာကားကြီး ဖြတ်သန်းမောင်းနှင်စဉ် တံတားကျိုးကျမှု ဖြစ်ပွားခဲ့ကြောင်း ကလေးဝမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်လင်းထံမှ သိရသည်။
“ဆီဘောက်ဆာကားက မော်လိုက်မြို့ကို ဆီသွားပို့တာပါ။ လိပ်ပုပ်ချောင်းတံတားကို ဖြတ်သန်းရာမှာ တံတားကျိုးကျတယ်။ ဘေလီတံတားရော၊ ကားရောပြုတ်ကျသွားတယ်။ ယာဉ်တန်ချိန်နဲ့ မနိုင်လို့ပြုတ်ကျတယ်လို့ထင်တယ်။ တံတားကတည့်တည့်ပြုတ်ကျတာ။ ဆီတွေပါတယ်။ ဒါပေမယ့်ပေါက်ကွဲမှုမဖြစ်ဘူး” ဟု ဦးဇော်လင်းက ပြောသည်။
ဆီဘောက်ဆာကားကြီးသည် ကလေးဝမြို့မှမော်လိုက်မြို့သို့သွားစဉ် ကလေးဝမြို့နယ် ကလေးဝ-မော်လိုက်ကားလမ်း လိပ်ပုပ်ချောင်းတံတားပေါ် ဖြတ်သန်းစဉ် တံတားကျိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တံတားကျိုးကျပြီး ကားပြုတ်ကျမှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက် ကလေးဝမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မစိန်နယ်မြေရဲစခန်းက အရေးယူဆောင်ရွက်ထားသည်။
Zawgyi
ကေလးဝၿမိဳ႕နယ္ တြင္ ဆီေဘာက္ဆာကားႀကီး ျဖတ္ေမာင္း စဥ္ တံတားက်ဳိး က်မႈ ျဖစ္ပြား
ယေန႔ေမ ၃၀ ရက္ေန႕တြင္ ကေလးဝၿမိဳ႕နယ္၌ ဆီေဘာက္ဆာကားႀကီး ျဖတ္သန္းေမာင္းႏွင္စဥ္ တံတားက်ိဳးက်မႈ ျဖစ္ပြားခဲ့ေၾကာင္း ကေလးဝၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးဦးေဇာ္လင္းထံမွ သိရသည္။
“ဆီေဘာက္ဆာကားက ေမာ္လိုက္ၿမိဳ႕ကို ဆီသြားပို႔တာပါ။ လိပ္ပုပ္ေခ်ာင္းတံတားကို ျဖတ္သန္းရာမွာ တံတားက်ိဳးက်တယ္။ ေဘလီတံတားေရာ၊ ကားေရာျပဳတ္က်သြားတယ္။ ယာဥ္တန္ခ်ိန္နဲ႔ မႏိုင္လို႔ျပဳတ္က်တယ္လို႔ထင္တယ္။ တံတားကတည့္တည့္ျပဳတ္က်တာ။ ဆီေတြပါတယ္။ ဒါေပမယ့္ေပါက္ကြဲမႈမျဖစ္ဘူး” ဟု ဦးေဇာ္လင္းက ေျပာသည္။
ဆီေဘာက္ဆာကားႀကီးသည္ ကေလးဝၿမိဳ႕မွေမာ္လိုက္ၿမိဳ႕သို႔သြားစဥ္ ကေလးဝၿမိဳ႕နယ္ ကေလးဝ-ေမာ္လိုက္ကားလမ္း လိပ္ပုပ္ေခ်ာင္းတံတားေပၚ ျဖတ္သန္းစဥ္ တံတားက်ိဳးမႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
တံတားက်ိဳးက်ၿပီး ကားျပဳတ္က်မႈေၾကာင့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို႔ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သည့္အတြက္ ကေလးဝၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မစိန္နယ္ေျမရဲစခန္းက အေရးယူေဆာင္႐ြက္ထားသည္။