Knowledge

သင့်အိမ် ကို ကံကောင်းခြင်းတွေ ဆောင်ကျဉ်းပေးနိုင် တဲ့ အဆောင်ေ ယာင် အပြင်အဆင်များ

Written by Aung Lay

သင့်အိမ် ကို ကံကောင်းခြင်းတွေ ဆောင်ကျဉ်းပေးနိုင် တဲ့ အဆောင်ေ ယာင် အပြင်အဆင်များ

ရွှေခေ တ်ပရိသတ်တွေ အတွက်အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ မိမိတို့ရဲ့ နေအိမ်တွေမှာ ရိုးရှင်းလွယ်ကူလှတဲ့ နည်းလမ်း၊ အဆောင်ယောင် လေးတွေနဲ့ ကံကြမ္မာကောင်းတွေ ရရှိအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။

တစ်ခုမှာချင်တာက ဒါဟာ ဘာသာရေးနဲ့ သက်ဆိုင်တဲ့အယူ မျိုးတွေမဟုတ်ဘဲ နိုင်ငံတကာက ယုံကြည်မှု ဓလေ့ထုံးတမ်းတွေသာဖြစ်တယ်ဆိုတာကို တော့ကြိုတင်ပြီး အသိပေးပါရစေနော် ။

၁။ အိမ်တံခါးအရောင်

ကံကောင်းစေတဲ့ အိမ်လေးတစ်လုံးဖြစ်ဖို့အတွက် ပထမဆုံးအနေနဲ့ ပြင်ဆင်သင့်တာကတော့ အိမ်ရဲ့တံခါးမကြီးပဲဖြစ်ပါတယ်။ နာမည်ကျော် တရုတ်ဗေဒင်ဆရာကြီး ဖုန်းရွှဲ့ (Feng Shui) ရဲ့ အဆိုအရတော့ အိမ်တံခါးရဲ့ အရောင်ကို အိမ်မျက်နှာမူတဲ့ဘက်ပေါ်မူတည်ပြီး အရောင်ချယ်သခြင်းက သင့်အိမ်ကို ကံကောင်းခြင်းတွေဆောင်ကျဉ်းပေးနိုင်ပါသတဲ့။

အကယ်၍သင့်အိမ်က တောင်အရပ်ကိုမျက်နှာမူထားတယ် ဆိုရင် တံခါးကို အနီရောင် (သို့) လိမ္မော်ရောင်၊ မြောက်အရပ်ကိုမျက်နှာမူရင်တော့ အပြာရောင် (သို့) အနက်ရောင်၊ အရှေ့ဘက်ဆိုရင် အညိုရောင် (သို့) အစိမ်းရောင်၊ အနောက်ဘက်ဆိုရင်တော့ အဖြူရောင် (သို့) မီးခိုးရောင် ခြယ်မှုန်းထားသင့်တယ်လို့ ၎င်းကဆိုထားပါတယ်။

၂။ ဆင်ရုပ်

ဆင်ဆိုတာကတော့ သတ္တဝါတွေထဲမှာ အရွယ်အစားကြီးမားပြီး သိမ်မွေ့တဲ့သတ္တဝါတွေဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာဝင်တော်တော်များများကလည်း ဆင်ဟာ သစ္စာစောင့်သိမှုနဲ့ တည်ကြည်ခန့်ညားမှုရဲ့ သင်္ကေတလို့ယူဆထားကြပါတယ်။

ဒီပုံလေးမှာပါတဲ့ဆင်ရုပ်လေးကတော့ သူ့ရဲ့နှာမောင်းကို အပေါ်မြှောက်ထားတာက လာဘ်လာဘတွေကို ခေါ်တဲ့ သဘောဆောင်ပြီး သူ့ရဲ့ အစွယ်တွေကတော့ သင့်အိမ်ကို ကျရောက်လာနိုင်တဲ့ ဘေးအန္တရာယ်ရန်စွယ်တွေကို ကာကွယ်တိုက်ထုတ် ပေးမှာဖြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဒီလို ဆင်ရုပ်ကလေးတစ်ရုပ်လောက်ကို သင့်အိမ်မှာထားရှိသင့်ပါတယ်။

၃။ မြင်းခွာများ

အိုင်းရစ်လူမျိုးတွေရဲ့အယူအဆမှာတော့ မြင်းခွာတွေကို ကံကောင်းခြင်းသင်္ကေတလို့ သတ်မှတ်ထားကြပါတယ်။ တစ်ချို့ကတော့ မြင်းခွာတွေဟာ မကောင်းဆိုးဝါးရန်ကနေ ကာကွယ်မှုပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မြင်းခွာတွေကို အိမ်တံခါးမှာ ချိတ်ဆွဲထားခြင်းက ကံကောင်းစေသလို မကောင်းဆိုးဝါးတွေ ရန်ကလည်း ကာကွယ်ပြီးသားဖြစ်စေနိုင်မှာပါ။

၄။ လတ်ဆက်ပြီးတောက်ပတဲ့ ပန်းများ

လတ်ဆက်တဲ့ပန်းများကို အိမ်အတွင်းအလှဆင်ထားရှိခြင်းက သင့်ထံကို စိတ်ပျော်ရွှင်ကြည်နူးမှုနဲ့ ကောင်းမွန်လှပတဲ့ အနာဂတ်တွေ ဆောင်ကျဉ်းပေးနိုင်တယ်လို့ ဖုန်းရွှဲ့ (Feng Shui) ကဆိုထားပါတယ်။ အထူးသဖြင့်တောက်ပတဲ့ အရောင်အသွေးရှိတဲ့ ပန်းတွေကို အိမ်ရဲ့ဧည့်ခန်းလိုနေရာမျိုးမှာ အလှဆင်ထားရှိခြင်းက ရွှေငွေ များ သင့်အိမ်ကို စီးဆင်းဝင်ရောက်လာစေနိုင်ပါသတဲ့။

၅။ ဝါးပင်များ

အရှေ့တိုင်းအယူအဆမှာတော့ ကံဆိုးမိုးမှောင်ကျမှုအတွက် အကောင်းဆုံးကုထုံးတစ်ခုက ဝါးပင် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝါးပင်တွေဟာ စိတ်ကိုငြိမ်းချမ်းမှုပေးစွမ်းနိုင်ပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်စွမ်း လည်း ရှိပါသတဲ့။ တရုတ်လူမျိုးတွေကတော့ ဝါးပင်တွေဟာ အိမ်ရဲ့စီးပွားကို တိုးတက်စေတဲ့ ရွှေပင် ငွေပင်တွေလို့တောင် ယုံကြည်ထားကြတယ်လို့ သိရပါတယ်။

၆။ ဝက်ရုပ်

ဥရောပမှာ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ သမိုင်းကြောင်းအယူအဆတစ်ခုရှိပါတယ်။ လွန်ခဲ့တဲ့ အလယ်ခေတ်လောက်က ဥရောပနိုင်ငံတွေက မွေးမြူရေးလုပ်ငန်းတွေမှာ ကျွဲ၊ နွား၊ ကြက် စတဲ့ တိရိစ္ဆာန်တွေကို စီးပွားဖြစ်မွေးမြူကြပေမယ့်ထင်သလိုဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် ဝက်ကိုမွေးမြူကြတဲ့ အခါမှာတော့ အတော်လေးကို အဆင်ပြေပြီး စီးပွားဖြစ်ထွန်းခဲ့တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။

ဒါကြောင့် ဥရောပနိုင်ငံတွေမှာ ဝက်သင်္ကေတဟာ ချမ်းသာကြွယ်ဝခြင်းနဲ့ ကံကောင်းခြင်းရဲ့ အတိတ်နိမိတ်လို့ ယနေ့တိုင် ယုံကြည်ထားကြပါတယ်။ အထူးသဖြင့် ဂျာမနီနိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဝက်ရုပ်ကလေးတွေ ဟာလည်း အိမ်တွင်းအလှဆင်ဖို့သင့်တော်တဲ့ ပစ္စည်းတစ်ခုဖြစ်လာခဲ့ပါတယ်။

၇။ ရွှေငါးများ

ရွှေငါးလေးတွေက သင့်အိမ်ကိုကျရောက်လာနိုင်တဲ့ အပျက်စွမ်းအားတွေကို စုပ်ယူထားနိုင်စွမ်းရှိတယ်လို့ ဖုန်းရွှဲ့ (Feng Shui) နိယာမမှာဖော်ပြထားပါတယ်။ ဒါတင်မကေသေးဘဲ သူတို့က သင့်အိမ်မသားစုကို ကျန်းမာပျော်ရွှင်ခြင်း နဲ့ ကြွယ်ဝမှုတွေကို ပေးစွမ်းနိုင်ပါသတဲ့။ ဒါပေမယ့် ရွှေငါးလေးတွေရဲ့ အကောင်အရေအတွက် ကတော့အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ (၉) ကောင်မွေးမြူထားခြင်းပဲ ဖြစ်ပါတယ်။ ရွှေငါး (၉) ကောင် လာဘ်ကိုဆောင်ဆိုတာ ဒါကိုဆိုလိုတာ ထင်ပါရဲ့နော် ။

ဟုတ်ကဲ့ အခုဖော်ပြပေးခဲ့တာကတော့ ကံကြမ္မာနဲ့သက်ဆိုင်တဲ့ အစီအရင် တွေကြောင့်နာမည်ကျော်ခဲ့တဲ့ တရုတ်ဗေဒင် ပညာရှင်ကြီး ဖုန်းရွှဲ့ (Feng Shui) ရဲ့ နည်းနာမတွေ နဲ့ အခြားပညာရှင်တွေရဲ့ အဆိုတွေ၊ ကမ္ဘာ့နိုင်ငံအသီးသီးက ယုံကြည်မှုတွေကို တစ်ဆင့်ပြန်လည် ကိုးကားပြီး ဝေမျှပေးခြင်းပဲဖြစ်ပါတယ်။ ရွှေခတ်ပရိသတ်တွေအားလုံးလဲ ကျန်းမာပျော်ရွှင်ပြီး ကံကောင်းခြင်းတွေနဲ့ ပြည့်စုံတဲ့ မိသားစုဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Zawgyi

သင့္အိမ္ ကို ကံေကာင္းျခင္းေတြ ေဆာင္က်ဥ္းေပးနိုင္ တဲ့ အေဆာင္ေ ယာင္ အျပင္အဆင္မ်ား

ေရႊေခ တ္ပရိသတ္ေတြ အတြက္အခုတစ္ေခါက္ေဖာ္ျပေပးခ်င္တဲ့ အေၾကာင္းအရာေလးကေတာ့ မိမိတို႔ရဲ့ ေနအိမ္ေတြမွာ ရိုးရွင္းလြယ္ကူလွတဲ့ နည္းလမ္း၊ အေဆာင္ေယာင္ ေလးေတြနဲ႔ ကံၾကမၼာေကာင္းေတြ ရရွိေအာင္ ျပဳလုပ္နိုင္မယ့္နည္းလမ္းေလးေတြပဲျဖစ္ပါတယ္။

တစ္ခုမွာခ်င္တာက ဒါဟာ ဘာသာေရးနဲ႔ သက္ဆိုင္တဲ့အယူ မ်ိဳးေတြမဟုတ္ဘဲ နိုင္ငံတကာက ယုံၾကည္မႈ ဓေလ့ထုံးတမ္းေတြသာျဖစ္တယ္ဆိုတာကို ေတာ့ႀကိဳတင္ၿပီး အသိေပးပါရေစေနာ္ ။

၁။ အိမ္တံခါးအေရာင္

ကံေကာင္းေစတဲ့ အိမ္ေလးတစ္လုံးျဖစ္ဖို႔အတြက္ ပထမဆုံးအေနနဲ႔ ျပင္ဆင္သင့္တာကေတာ့ အိမ္ရဲ့တံခါးမႀကီးပဲျဖစ္ပါတယ္။ နာမည္ေက်ာ္ တ႐ုတ္ေဗဒင္ဆရာႀကီး ဖုန္းရႊဲ႕ (Feng Shui) ရဲ့ အဆိုအရေတာ့ အိမ္တံခါးရဲ့ အေရာင္ကို အိမ္မ်က္ႏွာမူတဲ့ဘက္ေပၚမူတည္ၿပီး အေရာင္ခ်ယ္သျခင္းက သင့္အိမ္ကို ကံေကာင္းျခင္းေတြေဆာင္က်ဥ္းေပးနိုင္ပါသတဲ့။

အကယ္၍သင့္အိမ္က ေတာင္အရပ္ကိုမ်က္ႏွာမူထားတယ္ ဆိုရင္ တံခါးကို အနီေရာင္ (သို႔) လိေမၼာ္ေရာင္၊ ေျမာက္အရပ္ကိုမ်က္ႏွာမူရင္ေတာ့ အျပာေရာင္ (သို႔) အနက္ေရာင္၊ အေရွ႕ဘက္ဆိုရင္ အညိဳေရာင္ (သို႔) အစိမ္းေရာင္၊ အေနာက္ဘက္ဆိုရင္ေတာ့ အျဖဴေရာင္ (သို႔) မီးခိုးေရာင္ ျခယ္မႈန္းထားသင့္တယ္လို႔ ၎ကဆိုထားပါတယ္။

၂။ ဆင္႐ုပ္

ဆင္ဆိုတာကေတာ့ သတၱဝါေတြထဲမွာ အရြယ္အစားႀကီးမားၿပီး သိမ္ေမြ႕တဲ့သတၱဝါေတြျဖစ္ပါတယ္။ ကမၻာေပၚမွာရွိတဲ့ ဘာသာဝင္ေတာ္ေတာ္မ်ားမ်ားကလည္း ဆင္ဟာ သစၥာေစာင့္သိမႈနဲ႔ တည္ၾကည္ခန႔္ညားမႈရဲ့ သေကၤတလို႔ယူဆထားၾကပါတယ္။

ဒီပုံေလးမွာပါတဲ့ဆင္႐ုပ္ေလးကေတာ့ သူ႔ရဲ့ႏွာေမာင္းကို အေပၚေျမႇာက္ထားတာက လာဘ္လာဘေတြကို ေခၚတဲ့ သေဘာေဆာင္ၿပီး သူ႔ရဲ့ အစြယ္ေတြကေတာ့ သင့္အိမ္ကို က်ေရာက္လာနိုင္တဲ့ ေဘးအႏၲရာယ္ရန္စြယ္ေတြကို ကာကြယ္တိုက္ထုတ္ ေပးမွာျဖစ္တယ္လို႔ အဓိပၸါယ္ရပါတယ္။ ဒါေၾကာင့္ ဒီလို ဆင္႐ုပ္ကေလးတစ္႐ုပ္ေလာက္ကို သင့္အိမ္မွာထားရွိသင့္ပါတယ္။

၃။ ျမင္းခြာမ်ား

အိုင္းရစ္လူမ်ိဳးေတြရဲ့အယူအဆမွာေတာ့ ျမင္းခြာေတြကို ကံေကာင္းျခင္းသေကၤတလို႔ သတ္မွတ္ထားၾကပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ျမင္းခြာေတြဟာ မေကာင္းဆိုးဝါးရန္ကေန ကာကြယ္မႈေပးတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ျမင္းခြာေတြကို အိမ္တံခါးမွာ ခ်ိတ္ဆြဲထားျခင္းက ကံေကာင္းေစသလို မေကာင္းဆိုးဝါးေတြ ရန္ကလည္း ကာကြယ္ၿပီးသားျဖစ္ေစနိုင္မွာပါ။

၄။ လတ္ဆက္ၿပီးေတာက္ပတဲ့ ပန္းမ်ား

လတ္ဆက္တဲ့ပန္းမ်ားကို အိမ္အတြင္းအလွဆင္ထားရွိျခင္းက သင့္ထံကို စိတ္ေပ်ာ္ရႊင္ၾကည္ႏူးမႈနဲ႔ ေကာင္းမြန္လွပတဲ့ အနာဂတ္ေတြ ေဆာင္က်ဥ္းေပးနိုင္တယ္လို႔ ဖုန္းရႊဲ႕ (Feng Shui) ကဆိုထားပါတယ္။ အထူးသျဖင့္ေတာက္ပတဲ့ အေရာင္အေသြးရွိတဲ့ ပန္းေတြကို အိမ္ရဲ့ဧည့္ခန္းလိုေနရာမ်ိဳးမွာ အလွဆင္ထားရွိျခင္းက ေရႊေငြ မ်ား သင့္အိမ္ကို စီးဆင္းဝင္ေရာက္လာေစနိုင္ပါသတဲ့။

၅။ ဝါးပင္မ်ား

အေရွ႕တိုင္းအယူအဆမွာေတာ့ ကံဆိုးမိုးေမွာင္က်မႈအတြက္ အေကာင္းဆုံးကုထုံးတစ္ခုက ဝါးပင္ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဝါးပင္ေတြဟာ စိတ္ကိုၿငိမ္းခ်မ္းမႈေပးစြမ္းနိုင္ၿပီး စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစနိုင္စြမ္း လည္း ရွိပါသတဲ့။ တ႐ုတ္လူမ်ိဳးေတြကေတာ့ ဝါးပင္ေတြဟာ အိမ္ရဲ့စီးပြားကို တိုးတက္ေစတဲ့ ေရႊပင္ ေငြပင္ေတြလို႔ေတာင္ ယုံၾကည္ထားၾကတယ္လို႔ သိရပါတယ္။

၆။ ဝက္႐ုပ္

ဥေရာပမွာ ဘာသာေရးနဲ႔ မသက္ဆိုင္တဲ့ သမိုင္းေၾကာင္းအယူအဆတစ္ခုရွိပါတယ္။ လြန္ခဲ့တဲ့ အလယ္ေခတ္ေလာက္က ဥေရာပနိုင္ငံေတြက ေမြးျမဴေရးလုပ္ငန္းေတြမွာ ကၽြဲ၊ ႏြား၊ ၾကက္ စတဲ့ တိရိစၧာန္ေတြကို စီးပြားျဖစ္ေမြးျမဴၾကေပမယ့္ထင္သလိုျဖစ္မလာခဲ့ပါဘူး။ ဒါေပမယ့္ ဝက္ကိုေမြးျမဴၾကတဲ့ အခါမွာေတာ့ အေတာ္ေလးကို အဆင္ေျပၿပီး စီးပြားျဖစ္ထြန္းခဲ့တယ္လို႔ မွတ္တမ္းေတြအရသိရပါတယ္။

ဒါေၾကာင့္ ဥေရာပနိုင္ငံေတြမွာ ဝက္သေကၤတဟာ ခ်မ္းသာႂကြယ္ဝျခင္းနဲ႔ ကံေကာင္းျခင္းရဲ့ အတိတ္နိမိတ္လို႔ ယေန႔တိုင္ ယုံၾကည္ထားၾကပါတယ္။ အထူးသျဖင့္ ဂ်ာမနီနိုင္ငံျဖစ္ပါတယ္။ ဒါေၾကာင့္ ဝက္႐ုပ္ကေလးေတြ ဟာလည္း အိမ္တြင္းအလွဆင္ဖို႔သင့္ေတာ္တဲ့ ပစၥည္းတစ္ခုျဖစ္လာခဲ့ပါတယ္။

၇။ ေရႊငါးမ်ား

ေရႊငါးေလးေတြက သင့္အိမ္ကိုက်ေရာက္လာနိုင္တဲ့ အပ်က္စြမ္းအားေတြကို စုပ္ယူထားနိုင္စြမ္းရွိတယ္လို႔ ဖုန္းရႊဲ႕ (Feng Shui) နိယာမမွာေဖာ္ျပထားပါတယ္။ ဒါတင္မေကေသးဘဲ သူတို႔က သင့္အိမ္မသားစုကို က်န္းမာေပ်ာ္ရႊင္ျခင္း နဲ႔ ႂကြယ္ဝမႈေတြကို ေပးစြမ္းနိုင္ပါသတဲ့။ ဒါေပမယ့္ ေရႊငါးေလးေတြရဲ့ အေကာင္အေရအတြက္ ကေတာ့အေရးႀကီးပါတယ္။ အေကာင္းဆုံးကေတာ့ (၉) ေကာင္ေမြးျမဴထားျခင္းပဲ ျဖစ္ပါတယ္။ ေရႊငါး (၉) ေကာင္ လာဘ္ကိုေဆာင္ဆိုတာ ဒါကိုဆိုလိုတာ ထင္ပါရဲ့ေနာ္ ။

ဟုတ္ကဲ့ အခုေဖာ္ျပေပးခဲ့တာကေတာ့ ကံၾကမၼာနဲ႔သက္ဆိုင္တဲ့ အစီအရင္ ေတြေၾကာင့္နာမည္ေက်ာ္ခဲ့တဲ့ တ႐ုတ္ေဗဒင္ ပညာရွင္ႀကီး ဖုန္းရႊဲ႕ (Feng Shui) ရဲ့ နည္းနာမေတြ နဲ႔ အျခားပညာရွင္ေတြရဲ့ အဆိုေတြ၊ ကမၻာ့နိုင္ငံအသီးသီးက ယုံၾကည္မႈေတြကို တစ္ဆင့္ျပန္လည္ ကိုးကားၿပီး ေဝမၽွေပးျခင္းပဲျဖစ္ပါတယ္။ ေရႊခတ္ပရိသတ္ေတြအားလုံးလဲ က်န္းမာေပ်ာ္ရႊင္ၿပီး ကံေကာင္းျခင္းေတြနဲ႔ ျပည့္စုံတဲ့ မိသားစုဘဝေလးေတြကို ပိုင္ဆိုင္နိုင္ၾကပါေစေနာ္။

ယခုေဆာင္းပါးကို Shwe Khit Online TV မွ ေရးသားတင္ဆက္ပါသည္။

About the author

Aung Lay

Leave a Comment