ေခတ္သစ္ဒီဇိုင္းမ်ား ႏွင့္ထူးျခားေသာဗိသုကာလက္ရာ မ်ားျဖင့္ တည္ထားေသာေတာင္ထိပ္ေပၚ ဘုရားေက်ာင္းေဆာင္ေလးဟာ ဗုဒၶဘာသာတို႔ သာမန္ထက္ပိုၿပီး တရားအားထုတ္ ဖို႔အတြက္ ေနရာေလးတစ္ခုျဖစ္ပါတယ္။
ထိုင္းႏိုင္ငံေျမာက္ဘက္ Tambon Khaem Son ေဒသ အလယ္ပိုင္းတြင္ရွိေသာ Wat Pha Sorn Kaewဗိမာန္ သည္ဘုန္းေတာ္ႀကီးမ်ား ႏွင့္ ဗုဒၶဘာသာတရားအားထုတ္သူမ်ား အတြက္ဓမၼ ဆိတ္ၿငိမ္ရာေနရာတစ္ခုလည္းျဖစ္ပါတယ္။
တရားေဟာေျပာရန္အတြက္ ခန္းမ ၊ ေစတီ ႏွင့္ ပန္းဥယ်ာဥ္မ်ားပတ္ပတ္လည္ ရွိေသာ ေတာင္ထိပ္ဘုရားေက်ာင္း ေစတီသည္ သန္႔ရွင္းသပ္ရပ္ၿပီး အလြန္အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ ဒီဇိုင္းဆင္ေဆာက္လုပ္ထား ၿပီး အသစ္ဆန္း ဗိသုကာလက္ရာမ်ားျဖင့္ ပုံေဖာ္ထားေသာေနရာတစ္ခုလည္း ျဖစ္ပါတယ္။
Khao Kho ေဒသရဲ႕တည္ေနရာကို ေ႐ြး ခ်ယ္လိုက္ျခင္းဟာ သဘာ၀ေတာေတာင္ အလွမ်ားျဖင့္ တရားဘာ၀နာ က်င့္ဖို႔ ေနရာေကာင္းတခုျဖစ္ေသာေၾကာင့္ျဖစ္ပါတယ္။
စိမ္းလန္းေသာေတာေတာင္တန္း၏ ေအးခ်မ္းတိတ္ၿငိမ္ မႈႏွင့္ အညီ ဘုရားတည္ထားျခင္းက အလြန္ထူးျခားတဲ့ပုံစံတခုျဖစ္တယ္ ။
ေရခဲျဖဴေရာင္ဗုဒၶ႐ုပ္ပြားေတာ္ ငါးဆူကို ကိုယ္စားျပဳထားေသာ ဘုရားဟာကမာၻတစ္၀န္းလာကေရာက္လည္ပတ္ၾကေသာ ဘုရားဖူးမ်ားလည္ပတ္မႈအမ်ားဆုံး ဘုရားတစ္ဆူလည္းျဖစ္ပါတယ္။
ဗုဒၶဘာသာလူမ်ိဴးမ်ားသည္ အတူတကြ တရားမ်ားက်င့္ႀကံအားထုတ္ၾကကာ သဘာ၀ေတာေတာင္ခ်ိဴင့္ဝွမ္းမ်ားကိုၾကည့္ရႉၿပီး စိတ္ေအးခ်မ္းသက္သာေစၾကပါတယ္။
႐ုပ္ပြားေတာ္ငါးဆူဟာ တစ္ဆူနဲ႔တစ္ဆူ အ႐ႊယ္အစားအနည္းငယ္ပိုႀကီးသည့္ပုံစံျဖင့္ထုလုပ္ပူေဇာ္ထားၿပီး ေခတ္မွီေသာ ႐ိုးရာထိုင္းဗိသုကာလက္ရာမ်ားျဖင့္ အသစ္ဆန္းျဖစ္ေစေသာဒီဇိုင္းျဖင့္တည္ ေဆာက္ထားပါတယ္။
ဓေလ့ထုံးတမ္းတြင္ မတည္ေဆာက္ဖူးေသာဒီဇိုင္းကို ၾကာပန္းပြင့္ပုံသ႑ာန္အထပ္ထပ္ျဖင့္ အဆင့္ငါးဆင့္သတ္မွတ္ထားကာ ႀကီးမာေသာမွန္မ်ားဖြဲ႕စည္းၿပီး တစ္ထပ္ခ်င္းစီကို အလယ္ဗဟိုတြင္ အဆင့္ဆင့္ခ်ိတ္ဆက္ထားၾကပါတယ္။
ေျမမ်က္ႏွာျပင္ကို ၅ သန္းေက်ာ္ေသာပန္းခ်ီမွန္ အုပ္ႂကြပ္မ်ား၊ ေက်ာက္စရစ္မ်ား၊ အိုးထည္အပိုင္းစမ်ား၊ ႏွင့္တ႐ုတ္ပစၥည္းအစုံလိုက္တို႔ျဖင့္ ဖုံးလႊမ္းမြန္းမံထားပါတယ္။
ဘုရားရဲ႕အတြင္းမွာရွိတဲ့ ဖန္ေက်ာက္စရစ္ အလယ္၌ထိုင္ျခင္းဟာကံဇာတာႏွင့္ ကံေကာင္းျခင္းမ်ားကိုယူေဆာင္ႏိုင္တယ္ဟုဆိုလိုပါတယ္။
Wat Pha Sorn Kaew (Wat Pra Tat Pha Kaew သို႔ Watpratarpharsornkaew ဟုလည္းလူသိမ်ားေသာဘုရား) သည္ ၂၀၀၄ ခုႏွစ္တြင္အၿပီးသတ္တည္ခဲ့ၿပီး ၂၀၁၀ ခုႏွစ္တြင္ဘုရားေက်ာင္း၏႐ုပ္ထု လက္ရာမ်ားကို အဆင့္ျမႇင့္တင္ခဲ့ပါတယ္။
သမိုင္းတိုေလးတစ္ေလ်ာက္တြင္းမွာပဲ ထိုေဝးလံတဲ့တည္ေနရာက ဘုရားေက်ာင္းဟာ ဗုဒၶတရားက်င့္စဥ္ေတြ အတြက္ အဓိကေနရာတစ္ခုျဖစ္လာခဲ့ပါတယ္။
Wat Pha Sorn Kaew သည္ထိုင္းႏိုင္ငံေျမာက္ပိုင္းရွိေဝးလံေခါင္သီေသာေတာင္ကုန္းမ်ားႏွင့္မသက္ဆိုင္ ေလာက္ေအာင္ ခံစားေစရသည့္ အႀကံျဖင့္ Catalan ဗိသုကာပညာရွင္ Antoni Gaudi ၏ လက္ရာပုံစံသည္တျခားဘယ္သူနဲ႔မွမတူပဲ ၾကည့္ရႉရသည္မွာ ရင္သပ္ ႐ူေမာဖြယ္ေကာင္းၿပီးရႉခင္းမွာအလြန္သာယာလွပပါတယ္။
သိုေပမဲ့ ေတာင္ေပၚကဘုရား ဟာ ေရွးေဟာင္း႐ိုးရာဗုဒၶ ႐ုပ္ပြားေတာ္မ်ားႏွင့္အတူညီပင္ျဖစ္ပါတယ္။
Wat Pha Sorn Kaew သည္ ၂၀၀၄ ခုႏွစ္တြင္ၿပီးစီးခဲ့ေသာလည္ပတ္လို႔ ေကာင္းသည့္ ေနရာအသစ္တစ္ခုျဖစ္ၿပီး ကမာၻလွည့္ခရီးသြားမ်ားကိုဆြဲေဆာင္ႏိုင္ေသာေနရာလည္း ျဖစ္ ပါတယ္။
သို႔ေပမဲ့ သြားေရာက္လည္ပတ္ရန္ အလြန္ခက္ခဲပါတယ္။ Bangkokၿမိဳ႕ ေျမာက္ဘက္ ၅ နာရီခန္႔သြားၿပီးလွ်င္ Phetchabun ေဒသရွိ Lom Sak ႏွင့္ Phitsanulok ၿမိဳ႕ၾကားတြင္တည္ရွိပါတယ္။
ယခုလက္ရွိကာလ တြင္ဗိမာန္ေတာ္သို႔ေရာက္ရွိရန္တစ္ခုတည္းေသာနည္းမွာ ကိုယ္ပိုင္ယာဥ္မ်ားျဖင့္ေသာ္လည္းေကာင္း ခရီးပို႔ေဆာင္ေရးျဖင့္ေသာ္လည္းေကာင္း သြားေရာက္လည္ပတ္ႏိုင္ပါသည္။
Unicode
ခေတ်သစ်ဒီဇိုင်းများ နှင့်ထူးခြားသောဗိသုကာလက်ရာ များဖြင့် တည်ထားသောတောင်ထိပ်ပေါ် ဘုရားကျောင်းဆောင်လေးဟာ ဗုဒ္ဓဘာသာတို့ သာမန်ထက်ပိုပြီး တရားအားထုတ် ဖို့အတွက် နေရာလေးတစ်ခုဖြစ်ပါတယ်။
ထိုင်းနိုင်ငံမြောက်ဘက် Tambon Khaem Son ဒေသ အလယ်ပိုင်းတွင်ရှိသော Wat Pha Sorn Kaewဗိမာန် သည်ဘုန်းတော်ကြီးများ နှင့် ဗုဒ္ဓဘာသာတရားအားထုတ်သူများ အတွက်ဓမ္မ ဆိတ်ငြိမ်ရာနေရာတစ်ခုလည်းဖြစ်ပါတယ်။
တရားဟောပြောရန်အတွက် ခန်းမ ၊ စေတီ နှင့် ပန်းဥယျာဉ်များပတ်ပတ်လည် ရှိသော တောင်ထိပ်ဘုရားကျောင်း စေတီသည် သန့်ရှင်းသပ်ရပ်ပြီး အလွန်အံ့သြဖွယ်ကောင်းလောက်အောင် ဒီဇိုင်းဆင်ဆောက်လုပ်ထား ပြီး အသစ်ဆန်း ဗိသုကာလက်ရာများဖြင့် ပုံဖော်ထားသောနေရာတစ်ခုလည်း ဖြစ်ပါတယ်။
Khao Kho ဒေသရဲ့တည်နေရာကို ရွေး ချယ်လိုက်ခြင်းဟာ သဘာ၀တောတောင် အလှများဖြင့် တရားဘာ၀နာ ကျင့်ဖို့ နေရာကောင်းတခုဖြစ်သောကြောင့်ဖြစ်ပါတယ်။
စိမ်းလန်းသောတောတောင်တန်း၏ အေးချမ်းတိတ်ငြိမ် မှုနှင့် အညီ ဘုရားတည်ထားခြင်းက အလွန်ထူးခြားတဲ့ပုံစံတခုဖြစ်တယ် ။
ရေခဲဖြူရောင်ဗုဒ္ဓရုပ်ပွားတော် ငါးဆူကို ကိုယ်စားပြုထားသော ဘုရားဟာကမ္ဘာတစ်၀န်းလာကရောက်လည်ပတ်ကြသော ဘုရားဖူးများလည်ပတ်မှုအများဆုံး ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။
ဗုဒ္ဓဘာသာလူမျိူးများသည် အတူတကွ တရားများကျင့်ကြံအားထုတ်ကြကာ သဘာ၀တောတောင်ချိူင့်ဝှမ်းများကိုကြည့်ရှူပြီး စိတ်အေးချမ်းသက်သာစေကြပါတယ်။
ရုပ်ပွားတော်ငါးဆူဟာ တစ်ဆူနဲ့တစ်ဆူ အရွှယ်အစားအနည်းငယ်ပိုကြီးသည့်ပုံစံဖြင့်ထုလုပ်ပူဇော်ထားပြီး ခေတ်မှီသော ရိုးရာထိုင်းဗိသုကာလက်ရာများဖြင့် အသစ်ဆန်းဖြစ်စေသောဒီဇိုင်းဖြင့်တည် ဆောက်ထားပါတယ်။
ဓလေ့ထုံးတမ်းတွင် မတည်ဆောက်ဖူးသောဒီဇိုင်းကို ကြာပန်းပွင့်ပုံသဏ္ဍာန်အထပ်ထပ်ဖြင့် အဆင့်ငါးဆင့်သတ်မှတ်ထားကာ ကြီးမာသောမှန်များဖွဲ့စည်းပြီး တစ်ထပ်ချင်းစီကို အလယ်ဗဟိုတွင် အဆင့်ဆင့်ချိတ်ဆက်ထားကြပါတယ်။
မြေမျက်နှာပြင်ကို ၅ သန်းကျော်သောပန်းချီမှန် အုပ်ကြွပ်များ၊ ကျောက်စရစ်များ၊ အိုးထည်အပိုင်းစများ၊ နှင့်တရုတ်ပစ္စည်းအစုံလိုက်တို့ဖြင့် ဖုံးလွှမ်းမွန်းမံထားပါတယ်။
ဘုရားရဲ့အတွင်းမှာရှိတဲ့ ဖန်ကျောက်စရစ် အလယ်၌ထိုင်ခြင်းဟာကံဇာတာနှင့် ကံကောင်းခြင်းများကိုယူဆောင်နိုင်တယ်ဟုဆိုလိုပါတယ်။
Wat Pha Sorn Kaew (Wat Pra Tat Pha Kaew သို့ Watpratarpharsornkaew ဟုလည်းလူသိများသောဘုရား) သည် ၂၀၀၄ ခုနှစ်တွင်အပြီးသတ်တည်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင်ဘုရားကျောင်း၏ရုပ်ထု လက်ရာများကို အဆင့်မြှင့်တင်ခဲ့ပါတယ်။
သမိုင်းတိုလေးတစ်လျောက်တွင်းမှာပဲ ထိုဝေးလံတဲ့တည်နေရာက ဘုရားကျောင်းဟာ ဗုဒ္ဓတရားကျင့်စဉ်တွေ အတွက် အဓိကနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။
Wat Pha Sorn Kaew သည်ထိုင်းနိုင်ငံမြောက်ပိုင်းရှိဝေးလံခေါင်သီသောတောင်ကုန်းများနှင့်မသက်ဆိုင် လောက်အောင် ခံစားစေရသည့် အကြံဖြင့် Catalan ဗိသုကာပညာရှင် Antoni Gaudi ၏ လက်ရာပုံစံသည်တခြားဘယ်သူနဲ့မှမတူပဲ ကြည့်ရှူရသည်မှာ ရင်သပ် ရူမောဖွယ်ကောင်းပြီးရှူခင်းမှာအလွန်သာယာလှပပါတယ်။
သိုပေမဲ့ တောင်ပေါ်ကဘုရား ဟာ ရှေးဟောင်းရိုးရာဗုဒ္ဓ ရုပ်ပွားတော်များနှင့်အတူညီပင်ဖြစ်ပါတယ်။
Wat Pha Sorn Kaew သည် ၂၀၀၄ ခုနှစ်တွင်ပြီးစီးခဲ့သောလည်ပတ်လို့ ကောင်းသည့် နေရာအသစ်တစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်နိုင်သောနေရာလည်း ဖြစ် ပါတယ်။
သို့ပေမဲ့ သွားရောက်လည်ပတ်ရန် အလွန်ခက်ခဲပါတယ်။ Bangkokမြို့ မြောက်ဘက် ၅ နာရီခန့်သွားပြီးလျှင် Phetchabun ဒေသရှိ Lom Sak နှင့် Phitsanulok မြို့ကြားတွင်တည်ရှိပါတယ်။
ယခုလက်ရှိကာလ တွင်ဗိမာန်တော်သို့ရောက်ရှိရန်တစ်ခုတည်းသောနည်းမှာ ကိုယ်ပိုင်ယာဉ်များဖြင့်သော်လည်းကောင်း ခရီးပို့ဆောင်ရေးဖြင့်သော်လည်းကောင်း သွားရောက်လည်ပတ်နိုင်ပါသည်။
Credit : နေ့စဥ်သတင်းနှင့်သုတရသအဖြာဖြာ