ရေကြီးပြီး မိကျောင်းကြီး အိမ်ခေါင်မိုးပေါ်အထိ တက်လာတဲ့ဗွီယိုဖိုင် အွန်လိုင်းမှာ ပျံ့နှံ့
ရေဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံ Karnaraka ပြည်နယ်မှာ ဒုက္ခတွေကြားထဲကပဲ
ထူးထူးခြားခြားဖြစ်စဉ်တစ်ခု ရှိခဲ့ပါတယ်။ ပြည်နယ်မှာ ရေလွှမ်းမိုးမှုကြောင့် နေအိမ်တွေဟာ
ရေထဲစုန်းစုန်မြုပ်ကုန်ပြီး အိမ်ခေါင်မိုေးတွကိုသာ မြင်ရတော့တဲ့ အခြေအနေပါ…၏
နစ်မြုပ်သွားတဲ့ နေအိမ်တစ်လုံးရဲ့ခေါင်မိုးပေါ်မှာတော့ မိကျောင်းကြီးတစ်ကောင် တက်လာတာကို အံ့အားသင့်ဖွယ်
တွေ့မြင်ခဲ့ရပီး ဒီမြင်ကွင်းကို အစအဆုံးမှတ်တမ်း ယူရိုက်ကူနိုင်ခဲ့ပါတယ်။ ဒီဗွီယိုဖိုင်ကိုတော့ လူအများအပြားဝင်ရောက်ကြည့်ရှု့ပြီး
ပြန်လည်မျှဝေတာကြောင့် အချိန်တိုအတွင်း အွန်လိုင်းမှာပြန့်နှံ့သွားခဲ့ပါတယ်…
ရေစကြီးလို့ ရပ်ကွက်တေ လမ်းတွေထဲမှာ ရေတေစတင်ဝင်ရောက်တဲ့ နေ့တွေကတည်းက မိကျောင်းကြီးဟာ
လူနေအိမ်ကြားတွေထဲကို ရေစီးနဲ့အတူရောက်ရှိလာ ခဲ့တာဖြစ်ပီး ခွေးတေကို ဖမ်းယူသတ်ဖြတ်စားသောက်ဖို့
ကြိုစားနေတာကို ဗွီယိုဖိုင်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်….။
ကံကောင်းတာကတော့ အကိုက်ခံရတဲ့ခွေးလေးဟာ ခုန်ထွက်ပြေးခဲ့လို့ အသက်ဘေးက လွတ်မြောက်ခဲ့ရပါတယ်။
နောက်ရက်တွေ ရေတွေတရိပ်ရိပ်ကြီးမြင့်လာ တဲ့အခါမှာတော့ လူနေအိမ်တွေခေါင်မိုးပေါ်ရုံအထိ ရေလွှမ်းမိုးသွားခဲ့ပီး
မိကျောင်းကြီးဟာလည်း လူနေအိမ်ခေါင်မိုးပေါ် တက်နေတာကို တုန်လှုပ်ခြောက်ခြားဖွယ် မြင်တွေ့ကြရမှာဖြစ်ပါတယ်။
တစ်ကယ်လို့များ ရေဘေးသင့်လူတွေဟာ ခေါင်မိုးတွေပေါ်တက်နေကြတယ်ဆိုရင်တော့ ဒီမိကျောင်းကြီး ရဲ့
ရန်မူတိုက်ခိုက်ခြင်းကို ခံရနိုင်ပါတယ်။ ဒီ ဗွီဒီယိုကို Hindustan Times သတင်းမီဒီယာဌာနကနေ တင်ဆက်ပေးသွားခဲ့တာဖြစ်ပြီး
တုန်လှုပ်ဖွယ်ရာ မိချောင်းကြီးရဲ့ဗွီဒီယို အတော် လေးရေပန်းစားသွားခဲ့တာပဲ ဖြစ်ပါတယ်။
မြွေပူရာကင်းမှောင့်ဆိုသလိုပဲ ရေဘေးဒဏ်ရင်ဆိုင်နေရတဲ့ ပြည်နယ်တွင်း ဒေသခံပြည်သူတွေဟာ မိချောင်းကြီးရဲ့
အန္တရာယ်ပြုခြင်းခံခဲ့ရသေးသလား ဆိုတာတော့ အတိအကျ မသိရှိရသေးပါဘူး…။ ။
ဗွီယိုဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ်နော်….Credit
Zawgyi